နေ့စဥ်သတင်း

Google Map တွင် တမူးတုံဘုရားကျောင်း ကမ္ဘောဒီးယားပိုင်အဖြစ် ပြောင်းလဲမှု တရားဝင်ခြင်းမရှိဟု ထိုင်းတပ်မတော် ထုတ်ပြန်

မဲခေါင် 4 Jul - 2025
မဲခေါင်၊ ဇူလိုင် ၄ ဇူလိုင် ၁ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့ အပြောင်းအလဲဖြစ်မည့်အရေး ကမ္ဘောဒီးယားခေါင်းဆောင်များက ကြိုတင်ပြောဆိုဝေဖန်ခဲ့သလို ဇူလိုင် ၂ ရက်နေ့တွင်လည်း ယခင် ထိုင်းအပိုင်နယ်မြေအဖြစ် မြေပုံပြ ထားသည့် Google Map ထဲမှ တမူးတုံ (Ta Muen Thom) ဘုရားကျောင်းနယ်မြေအား ကမ္ဘောဒီးယား ပိုင်နယ်မြေအဖြစ် ပြောင်းလဲသွားသည့်အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းတပ်မတော် ပြောရေးဆိုခွင့် ရှိသူတို့က အာဆီယံချာတာ၊ နိုင်ငံတကာ စံနှုန်းများနှင့် စည်းမျဉ်းဥပဒေများဖြင့် မညီသော လုပ်ရပ်ဖြစ် ကြောင်း တုံ့ပြန်သတိပေးခဲ့ကြသည်။ Google Map တည်နေရာပြ ပြောင်းလဲသွားမှုအပေါ် ထိုင်းဘက်မှ ယနေထိ မိမိတို့ပိုင်နက်အဖြစ် သတ်မှတ်တာဝန်ယူထားသည့် နေရာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအချုပ်အခြာအာဏာအား

မဲခေါင်၊ ဇူလိုင် ၄

ဇူလိုင် ၁ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့ အပြောင်းအလဲဖြစ်မည့်အရေး ကမ္ဘောဒီးယားခေါင်းဆောင်များက ကြိုတင်ပြောဆိုဝေဖန်ခဲ့သလို ဇူလိုင် ၂ ရက်နေ့တွင်လည်း ယခင် ထိုင်းအပိုင်နယ်မြေအဖြစ် မြေပုံပြ ထားသည့် Google Map ထဲမှ တမူးတုံ (Ta Muen Thom) ဘုရားကျောင်းနယ်မြေအား ကမ္ဘောဒီးယား ပိုင်နယ်မြေအဖြစ် ပြောင်းလဲသွားသည့်အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းတပ်မတော် ပြောရေးဆိုခွင့် ရှိသူတို့က အာဆီယံချာတာ၊ နိုင်ငံတကာ စံနှုန်းများနှင့် စည်းမျဉ်းဥပဒေများဖြင့် မညီသော လုပ်ရပ်ဖြစ် ကြောင်း တုံ့ပြန်သတိပေးခဲ့ကြသည်။

Google Map တည်နေရာပြ ပြောင်းလဲသွားမှုအပေါ် ထိုင်းဘက်မှ ယနေထိ မိမိတို့ပိုင်နက်အဖြစ် သတ်မှတ်တာဝန်ယူထားသည့် နေရာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအချုပ်အခြာအာဏာအား ဝင်စွက်ဖက် နေခြင်းသည် အာဆီယံ၊ ကုလ ချာတာနှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ သံတမန် လုပ်ထုံးလုပ်နည်းများကိုလည်း ပြင်းထန်ဆိုးရွားစွာ ချိုးဖောက်မှုဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဘလန်ကူရာက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ထိုင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဆူဝါရီကလည်း Google Map သည် ယခင် ကတည်းက တည်နေရာပြဆိုမှုနှင့် နယ်စပ်ဒေသများတွင် မည်သည့်နိုင်ငံ ပိုင်နက်ဖြစ်သည်ကို ပြသမှု များ၌ မှားယွင်းမှုများစွာ ရှိနေသော အများပြည်သူသုံး ခရီးသွားဝန်ဆောင်မှုပေးသည့် ပုဂ္ဂလိက ကဏ္ဍ အချက်အလက်ထောက်ပံ့ပေးသည့် အပလီကေးရှင်းသာဖြစ်ကြောင်းပြောသည်။

ထို့ကြောင့် ၎င်းတို့ ပြောင်းလဲ သတ်မှတ်သွားခြင်းအား မီဒီယာများ၊ လူမှုကွန်ရက်များတွင် ဖြန့်နေခြင်းမှာ မည်သို့မျှ တရားဝင်ခြင်း မရှိကြောင်း၊ ပြည်သူများအနေဖြင့် ကုမ္ပဏီထံသို့ မှားယွင်းသော သတ်မှတ်ချက်ဖြစ်သည်ကို တင်ပြ ကန့်ကွက်ကာ ယခုထိ ထိုင်းအစောင့်အရှောက် ထိန်းချုပ်မှုအောက်တွင်သာ ရှိသည့် ထိုင်းပိုင်နယ်မြေ ဖြစ်သည်ကို ပြသရမည်ဖြစ်ကာ နိုင်ငံအချုပ်အခြာ အာဏာပိုင်မှုအား ထိပါးစော်ကားခြင်းဖြင့် နှစ်နိုင်ငံ တင်းမာမှုပိုမိုမြင့်တက်စေရန် မလုပ်ဆောင်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရမည်ဟု ကမ္ဘောဒီးယားကို ရည်ညွှန်း ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်ဒေသ
#တမူးတုံဘုရားကျောင်း
#အာဆီယံချာတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now