နေ့စဥ်သတင်း

ကျားဖြန့်မူလပထမ ဗဟိုချက်သည် ထိုင်းသာဖြစ်ပြီး ယင်းလတ်ထွက်ပြေးနိုင်ရန်လည်း ကမ္ဘောဒီးယားပတ်စ်ပို့ လုပ်ပေးခဲ့ဟု ဟွမ်ဆန် ဖွင့်ဟ

မဲခေါင် 1 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁ ကမ္ဘောဒီးယားနိုင်ငံ အဓိကခေါင်းဆောင် ဟွမ်ဆန်က မိမိနိုင်ငံကို အကြီးဆုံးကျားဖြန့် ဗဟိုချက်အဖြစ် ပုတ်ခတ်နေကြသော်လည်း ဓားစာခံအသေးစားမျှသာ ဖြစ်ကြောင်းနှင့် ကျားဖြန့်မူလ ပထမဗဟိုချက်သည် ထိုင်းသာလျှင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ခမာတိုင်းမ် သတင်းက ဖော်ပြသွားခဲ့သည်။ ယခုရက်ပိုင်းအတွင် ဟွမ်ဆန်သည် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်နှင့် သီးသန့် ဖုန်းဆက်ပြောဆိုမှုအား လူသိရှင်ကြား ထုတ်ပြန်လိုက်ခြင်းကြောင့် ပေထောင်တန် ထွက်ပေးရန် ထိုင်းအမျိုးသားရေးဝါဒီများ ဘန်ကောက်တွင် ထောင်သောင်းချီ ဆန္ဒပြမှုများ တည်ရှိလာကာ ရာထူးမှ ထွက်ပေးရန် တောင်းဆိုလာကြသည်။ ဟွမ်ဆန်က နောက် ၃ လအတွင်း ထိုင်းဝန်ကြီးချုပ် အပြောင်းအလဲဖြစ်မည်ဟု ပြောခဲ့သလို ပေထောင်တန်နေရာတွင် ယခင် စစ်ဘက်ဆိုင်ရာမှ အဓိက အားထားသူဖြစ်ခဲ့သော

မဲခေါင်၊ ဇူလိုင် ၁

ကမ္ဘောဒီးယားနိုင်ငံ အဓိကခေါင်းဆောင် ဟွမ်ဆန်က မိမိနိုင်ငံကို အကြီးဆုံးကျားဖြန့် ဗဟိုချက်အဖြစ် ပုတ်ခတ်နေကြသော်လည်း ဓားစာခံအသေးစားမျှသာ ဖြစ်ကြောင်းနှင့် ကျားဖြန့်မူလ ပထမဗဟိုချက်သည် ထိုင်းသာလျှင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ခမာတိုင်းမ် သတင်းက ဖော်ပြသွားခဲ့သည်။

ယခုရက်ပိုင်းအတွင် ဟွမ်ဆန်သည် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်နှင့် သီးသန့် ဖုန်းဆက်ပြောဆိုမှုအား လူသိရှင်ကြား ထုတ်ပြန်လိုက်ခြင်းကြောင့် ပေထောင်တန် ထွက်ပေးရန် ထိုင်းအမျိုးသားရေးဝါဒီများ ဘန်ကောက်တွင် ထောင်သောင်းချီ ဆန္ဒပြမှုများ တည်ရှိလာကာ ရာထူးမှ ထွက်ပေးရန် တောင်းဆိုလာကြသည်။

ဟွမ်ဆန်က နောက် ၃ လအတွင်း ထိုင်းဝန်ကြီးချုပ် အပြောင်းအလဲဖြစ်မည်ဟု ပြောခဲ့သလို ပေထောင်တန်နေရာတွင် ယခင် စစ်ဘက်ဆိုင်ရာမှ အဓိက အားထားသူဖြစ်ခဲ့သော အနူတင်ကို အစားထိုးမည်ဟုပင် နာမည်တပ်ပြောဆိုခဲ့သည်။

ထို့အပြင် ပေထောင်တန်သည် ကိုယ့်နိုင်ငံ တပ်မတော်ကို ပြန်လည်သစ္စာဖောက်ခဲ့သူဖြစ်ခြင်းကြောင့် ဆက်လက်တွေ့ဆုံဆွေးနွေးရန် မရှိတော့ကြောင်းနှင့် ထိုင်းတွင် ဗိုလ်ချုပ်ပရာယွတ် စစ်အာဏာသိမ်းပြီးချိန်များ မိမိနှင့် ဆက်ဆံရေးမှာ အကောင်းဆုံးဖြစ်ခဲ့သည်ဟုဆိုကာ စစ်အာဏာသိမ်းရန်ပင် တိုက်တွန်းသည့်သဘော ပြောဆိုနေသည်။

ဇွန် ၂၇ ရက်ကလည်း ထိုင်းတွင် စစ်အာဏာသိမ်းစဉ် သက်ဆင်၏ ညီမ ယင်းလတ် ထွက်ပြေးလွတ်မြောက်စေရန် မိမိကသာ ကမ္ဘောဒီးယားပတ်စ်ပို့တ် ထုတ်ပေးခြင်းဖြင့် ပြည်ပတွင် ပြန်လည်နေထိုင်နိုင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပွိုင်ပတ်မှ စင်ကာပူသို့ ပို့ဆောင်ပေးခဲ့မှုတွင် ထိုင်းကို ဆန့်ကျင်လိုခြင်းမဟုတ်ဘဲ လူသားချင်းစာနာမှုဖြင့် ကူညီခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယားအရေးသည် တင်မာမှုများအပြင် ရှုပ်ထွေးမှုများပါ ပိုဆိုးသထက်ဆိုးလာခဲ့သည်။

ယခင် မာဆက်သူဌေးအဖြစ် နာမည်ကြီးသလို ထိုင်းနိုင်ငံရေးအတွင်းရေးများအား အလွန်သိသူဟု လူသိများခဲ့သော ချူဝစ်ကာမိုဝီဆစ်ကလည်း နိုင်ငံရေးအကြောင်း ဝင်မပြောတော့သည်မှာ ကြာခဲ့ရာမှာ ယခု ၎င်း၏ ဖေ့စ်ဘုတ်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းပြဿနာသည် အငြင်းပွားနယ်စပ်ပိုင်နက်ကြောင့် လုံး၀မဟုတ်ဘဲ အမှန်မှာ သက်ဆင်နှင့် သမီးဖြစ်သူသည် ဝင်ငွေ ဘီလီယံများစွာ ရရှိနိုင်ရေး ထိုင်းတွင် ကာစီနိုနှင့်ဖျော်ဖြေရေးလုပ်ငန်းများ တရားဝင်ဖွင့်လှစ်ရန် ဥပဒေရေးဆွဲ အကောင်အထည်ဖော်နေခြင်းကို ဟွမ်ဆန်ဘက်မှ အလွန်ဒေါသထွက်ပြီး ကမ္ဘောဒီးယား အစိုးရ၏ အဓိက ဝင်ငွေရင်းမြစ်ကို လုယူမည်စိုးသောကြောင့် ရင်းနှီးလွန်းခဲ့သည့် သက်ဆင်မိသားစုနှင့် ရန်သူများပြန်ဖြစ်သွားခြင်းကြောင့်သာဖြစ်သည်ဟု ရေးသားသွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီယား
#ကျားဖြန့်
#ကာစီနို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now