ကမ္ဘာ့သတင်း

စစ်ပွဲ ၃ နှစ်တာအတွင်း ယူကရိန်းကို အပြင်းထန်ဆုံးတိုက်ခိုက်မှုအဖြစ် ဒုံးကျည် ၅၀၀ ကျော်ဖြင့် ရုရှားပစ်ခတ်တိုက်ခိုက်

မဲခေါင် 30 Jun - 2025
မဲခေါင်၊ ဇွန် ၃၀ ဇွန် ၂၈ ရက်ညက ရုရှားသည် ယူကရိန်းနှင့် ၃ နှစ်တာစစ်ပွဲကာလအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု အဖြစ် ယူကရိန်းမြို့ကြီးများဆီသို့ ဒုံးကျည်နှင့် ဒရုန်းပေါင်း ၅၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ခရုစ်ဒုံးကျည်များ၊ အသံထက်မြန်သော ဒုံးကျည်များ၊ အီရန် ဒီဇိုင်း Shahed တိုက်ခိုက်ရေးဒရုန်းများ ဖြင့် ပစ်ခတ်ရုံသာမက Kinzhal ဒုံးကျည် ၄ လုံး၊ Iskander-M/KN-23 ပဲ့ထိန်းဒုံး ၇ လုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်းနှင့် ပူတင်သည် ၎င်းတိုက်ခိုက်မှုတွင် Tu-95 မဟာဗျူဟာ ဗုံးကျဲလေယာဉ်၊ MiG တိုက်လေယာဉ်များပါ အသုံးပြုပြီး အပြင်းထန်ဆုံးတိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ စတင်ပြီး

မဲခေါင်၊ ဇွန် ၃၀

ဇွန် ၂၈ ရက်ညက ရုရှားသည် ယူကရိန်းနှင့် ၃ နှစ်တာစစ်ပွဲကာလအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု အဖြစ် ယူကရိန်းမြို့ကြီးများဆီသို့ ဒုံးကျည်နှင့် ဒရုန်းပေါင်း ၅၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ခရုစ်ဒုံးကျည်များ၊ အသံထက်မြန်သော ဒုံးကျည်များ၊ အီရန် ဒီဇိုင်း Shahed တိုက်ခိုက်ရေးဒရုန်းများ ဖြင့် ပစ်ခတ်ရုံသာမက Kinzhal ဒုံးကျည် ၄ လုံး၊ Iskander-M/KN-23 ပဲ့ထိန်းဒုံး ၇ လုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်းနှင့် ပူတင်သည် ၎င်းတိုက်ခိုက်မှုတွင် Tu-95 မဟာဗျူဟာ ဗုံးကျဲလေယာဉ်၊ MiG တိုက်လေယာဉ်များပါ အသုံးပြုပြီး အပြင်းထန်ဆုံးတိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်မှ စတင်ပြီး ရုရှား ကျူးကျော်တိုက်ခိုက်သည့် ၃ နှစ်တာကာလအတွင်း ရုရှား၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုဟု ယူကရိန်းလေတပ် အကြီးအကဲ ယူရီအစ်နတ်က ထုတ်ပြန်ပြောဆိုပြီး ဒုံးကျည်နှင့် ဒရုန်းပေါင်း ၅၃၇ လုံးအနက် ၄၇၅ လုံးကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် ဒုံးကျည်တစ်လုံးမှာ ဇာပေါ်ရစ်ဇီဟီယာရှိ စက်ရုံတစ်ရုံကို ထိမှန်ပေါက်ကွဲသလို ယူကရိန်း အနောက်ပိုင်း မိုင်ကိုလိဗ်နှင့် ဒိုးနက်စ်ဒေသများတွင်လည်း ပျက်စီးမှုများရှိကြောင်း၊ ခါဆွန်မြို့တွင် ကလေးတစ်ဦး အပါ လူ ၆ ယောက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးကြောင်း၊ ရေနံချက်စက်ရုံတစ်ရုံလည်း ထိမှန်ပေါက်ကွဲသည့်အတွက် ကောင်းကင်ပြင်တစ်ခုလုံး နီရဲနေခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ပစ်ခတ်မှုကြောင့် နေတိုးတပ်ဖွဲ့ဝင် ဖိုက်တာဂျက်လေယာဉ်များ ပျံသန်းစောင့်ကြည့်ခြင်းနှင့် နေတိုးပိုင်နယ်မြေများအတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အဆင့်အမြင့်ဆုံး အသင့် ပြင်ဆင်ထားရှိခြင်းများလည်း လုပ်ဆောင်ခဲ့ရသည်။

ယခုတိုက်ခိုက်မှုမတိုင်ခင် ဇွန် ၂၆၊ ၂၇ ရက်နေ့များတွင် ယူကရိန်းဘက်မှ တားဝေးပစ်ဒရုန်းများဖြင့် ရုရှားနိုင်ငံထဲ မိုင် ၂၀၀ ကျော် ပျံသန်းဝင်ရောက်ပြီး ကရင်မလင်နန်းတော်၊ ဗိုလ်ဂိုရော့ဗ် ရုရှားလေတပ် စခန်းများအား တိုက်ခိုက်ခဲ့ရာ မာရီနော့ဗ်ကာ လေတပ်စခန်းရှိ တစ်စီးပေါင် ၃၇ သန်းတန် Su-34 ဖိုက်တာဂျက်လေယာဉ် ၂ စီး ပျက်စီးခဲ့သည်ဟု ရုရှားဘက်မှ အတည်ပြု ထုတ်ပြန်ခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ယူကရိန်း
#ရုရှား
#ဒရုန်း
#ဒုံးကျည်
#အပြင်းထန်ဆုံးတိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now