နေ့စဥ်သတင်း

ဟွမ်ဆန်နှင့် ဆွေးနွေးသည့်အသံဖိုင် ပေါက်ကြားမှု အမျိုးသားလုံခြုံရေးအား အကြီးအကျယ်ခြိမ်းခြောက်ခြင်းဟု ထိုင်းဝန်ကြီးချုပ် ထုတ်ပြန်

မဲခေါင် 19 Jun - 2025
မဲခေါင်၊ ဇွန် ၁၉ ဇွန် ၁၈ ရက်တွင် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဌ ဟွမ်ဆန်နှင့် နယ်စပ်အငြင်းပွားနယ်မြေ ပဋိပက္ခ အရေး ဆွေးနွေးပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားသွားမှုသည် အမျိုးသားလုံခြုံရေးအား ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ဇွန် ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး သားဖြစ်သူကို ဝန်ကြီးချုပ် ရာထူးလွှဲပေးခဲ့သော ဟွမ်ဆန်သည် ပေထောင်တန်နှင့် ဆွေးနွေးမှုကို အသံဖမ်းထားကာ ကနဦး ၁၇ မိနစ် ၆ စက္ကန့်ကြာ အသံဖိုင်၊ ဆက်လက်ပြီး ၉မိနစ် ၅ စက္ကန်စာ အသံဖိုင်ကို လူမှုကွန်ရက်တွင် တင်ခဲ့ရာ ဟွမ်ဆန်ကို အန်ကယ် ဟုခေါ်ဆိုခြင်း၊

မဲခေါင်၊ ဇွန် ၁၉

ဇွန် ၁၈ ရက်တွင် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဌ ဟွမ်ဆန်နှင့် နယ်စပ်အငြင်းပွားနယ်မြေ ပဋိပက္ခ အရေး ဆွေးနွေးပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားသွားမှုသည် အမျိုးသားလုံခြုံရေးအား ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ဇွန် ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး သားဖြစ်သူကို ဝန်ကြီးချုပ် ရာထူးလွှဲပေးခဲ့သော ဟွမ်ဆန်သည် ပေထောင်တန်နှင့် ဆွေးနွေးမှုကို အသံဖမ်းထားကာ ကနဦး ၁၇ မိနစ် ၆ စက္ကန့်ကြာ အသံဖိုင်၊ ဆက်လက်ပြီး ၉မိနစ် ၅ စက္ကန်စာ အသံဖိုင်ကို လူမှုကွန်ရက်တွင် တင်ခဲ့ရာ ဟွမ်ဆန်ကို အန်ကယ် ဟုခေါ်ဆိုခြင်း၊ ထိုင်းဒုတိယစစ်တိုင်းမှူးစကား နားမထောင်ရန် ဟွမ်ဆန်မှ အကြံပေးခြင်း၊ ဟွမ်ဆန်အနေဖြင့် တစ်စုံတစ်ရာ တောင်းဆိုမှုရှိလာတိုင်း ဖြေရှင်းနိုင်စေရန် သူမအား ဦးစွာ အသိပေးပါရန် ပြောဆိုခြင်း၊ သူမကို ထိုင်းတွင် ကြီးမားသောတိုက်ခိုက်မှုများ လုပ်နေကြရာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟုပင် စွပ်စွဲနေကြသဖြင့် သနားသက်ညှာရန် ပြောဆိုခြင်းများ ပါဝင်ခဲ့သည်။

ယင်းအသံဖိုင်အား ကမ္ဘောဒီးယားမီဒီယာနှင့် လူမှုကွန်ရက်များပေါ်တွင် တင်ခဲ့မှုသည် မည်သည့် နိုင်ငံ ခေါင်းဆောင်းများမှ မလုပ်သော လုပ်ရပ်ဖြစ်ကြောင်း၊ ဖုန်းဖြင့် အသံဖမ်းထားသည်ကို မသိခဲ့သည့်အတွက် ပြည်သူအားလုံးသို့တောင်းပန်ကြောင်း၊ ဟွမ်ဆန်၏ လုပ်ရပ်မှာ အမျိုးသားလုံခြုံရေးအား ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ အစိုးရအဖွဲ့ နှင့် ထိုင်းစစ်တပ်ကြားတွင်လည်း ယခု ကိစ္စနှင့်ပတ်သက်ကာ ပြဿနာမရှိဘဲ ငြိမ်းချမ်းစွာ နယ်စပ်ပြဿနာဖြေရှင်းနိုင်ရေးသာ ဦးတည် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယစစ်တိုင်းမှူးနှင့်ပတ်သက်ပြီး ပြောဆိုခဲ့မှုမှာ ဆက်သွယ်မှု နည်းပညာသဘော ပြောဆိုမှုဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သို့သော် သက်ဆင်ဆန့်ကျင့်ရေးသမားများက ပေထောင်တန်ကို ရာထူးမှ ဖယ်ရှားရန် ဆန္ဒပြတောင်းဆို မှုများရှိလာသလို အထက်လွှတ်တော် နိုင်ငံရေးကျင့်ဝတ်ကော်မတီကလည်း ဇွန် ၁၉ ရက်တွင် ပေထောင်တန်အား ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားနိုင်ရေး ကွန်ဆာဗေးတစ် တရားရုံးနှင့် အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တင်သွင်းခဲ့ကြောင်း အတည်ပြုကြေညာသွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းဝန်ကြီးချုပ်
#ကမ္ဘောဒီယား
#ဟွန်ဆန်
#အမျိုးသားလုံခြုံရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now