နေ့စဥ်သတင်း

ငလျင်ဘေးသင့် မြန်မာကို ADB ဒေါ်လာ သန်း ၁၀၀ ကူညီရန်ကတိပြု

မဲခေါင် 19 Jun - 2025
မဲခေါင်၊ ဇွန် ၁၉ အာရှဖွံဖြိုးတိုးတက်ရေးဘဏ်(ADB) သည် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံစားရသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ပေးအပ်မည် ဖြစ်ကြောင်း ဇွန်လ ၁၇ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်နေ့က ကြုံတွေ့ခဲ့ရသည့် ၇ ဒသမ ၇ စကေးရှိ ငလျှင်ကြောင့် မြန်မာပြည်သူများ ရေရှည်နေထိုင်ရန် နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန်အတွက် အာရှဖွံဖြိုးတိုးတက်ရေးဘဏ်အနေနှင့် ယခုကဲ့သို့ အကူအညီပေးအပ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ADB Bank က ပေးအပ်သည့် အကြီးမားဆုံး အခမဲ့အကူအညီ ဖြစ်ပြီး စားသောက်ရန်

မဲခေါင်၊ ဇွန် ၁၉

အာရှဖွံဖြိုးတိုးတက်ရေးဘဏ်(ADB) သည် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံစားရသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ပေးအပ်မည် ဖြစ်ကြောင်း ဇွန်လ ၁၇ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်နေ့က ကြုံတွေ့ခဲ့ရသည့် ၇ ဒသမ ၇ စကေးရှိ ငလျှင်ကြောင့် မြန်မာပြည်သူများ ရေရှည်နေထိုင်ရန် နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန်အတွက် အာရှဖွံဖြိုးတိုးတက်ရေးဘဏ်အနေနှင့် ယခုကဲ့သို့ အကူအညီပေးအပ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ADB Bank က ပေးအပ်သည့် အကြီးမားဆုံး အခမဲ့အကူအညီ ဖြစ်ပြီး စားသောက်ရန် အစားအစာ၊ ရေ၊ အိမ်ခန်းနှင့် ဆေးကုသမှုတို့ကို အရေးပေါ်လိုအပ်သည့် မိသားစုများထံ ပေးအပ်သွားပါမယ် ဟု ADB bank အကြီးအကဲဖြစ်သူ မာဆာတို ကန်ဒါက ပြောကြားသည်။

၂၀၂၅ ခုနှစ် ငလျင်ကပ်ဘေး မတိုင်ခင်က မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီနှင့် လူမှုရေး အကူအညီအနေနှင့် လူဦးရေ ၄ ဒသမ ၃ သန်းခန့် က အရေးပေါ် အကူအညီ လိုအပ်နေခဲ့ပြီး ငလျင် ဖြစ်ပွားပြီးနောက် အရည်အတွက်မှာ ၆ ဒသမ ၃ သန်းအထိ တိုးလာခဲ့သည် ဟု ထုတ်ပြန်ချက်များအရ သိရသည်။

အာရှဖွံဖြိုးတိုးတက်ရေးဘဏ် (ADB) အနေနှင့် မြန်မာနိုင်ငံကို ပေးအပ်သည့် အမေရိကန်ဒေါ်လာသန်း ၁၀၀ အကူအညီသည် အရေးပေါ်နေထိုင်ရန် နေအိမ်များ၊ သန့်ရှင်းရေး ၏နှင့် ရေသုံးဝန်ဆောင်မှုများ၊ အစားအစာ၊ အမျိုးသမီးများအတွက် အရေးကြီးသော ကျန်းမာရေးထောက်ပံပစ္စည်းများနှင့် စိတ်ဒါဏ်ရာ ကုသမှုအတွက် အကြံဉာဏ်ပေးခြင်းတို့ကို ထောက်ပံပေးသွားမည်ဟု ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာသန်း ၁၀၀ အကူအညီကို ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် (UNDP)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့ စားနှပ်ရိက္ခာ အစီအစဉ် (WFP) တို့နှင့် ပူးပေါင်းကာ ပံပိုးကူညီမည် ဖြစ်ကာ မြန်မာနိုင်ငံအတွင်းရှိ ADB ရုံးကလည်း ပါဝင်ဆောင်ရွက်မည် ဟု ဖော်ပြထားသည်။

ADB Bank သည် ယင်းငွေကြေးအထောက်အပံကို မြန်မာပြည်သူများထံ ဖြန့်ဝေကူညီရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းမည်ဟု မပြောထားသော်လည်း ငလျင်ကြောင့် ထိခိုက်စာနာမှုလုပ်ငန်းစဉ် အများစုသည် စစ်ကောင်စီ၏ ခွင့်ပြုချက် လိုအပ်နေသည်။

မြန်မာနိုင်ငံသည် ငလျင်ကြောင့် နိုင်ငံစီးပွားရေးသည် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည် ဖြစ်ပြီး အခြေခံအဆောက်အဦ ပျက်စီးဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်နေ့တွင် လှုပ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှု တန်ဖိုးမှာ ငွေကျပ် ၃၆၂၉ ဘီလီယံကျော် ရှိကြောင်း စစ်ကောင်စီက မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

Photo – MFP
ဖေသန်း
#MeKongNews
#စစ်ကိုင်းငလျင်
#အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်
#အကူအညီ
#ကုလသမဂ္ဂ
#ငွေကြေးအထောက်အပံ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now