ကမ္ဘာ့သတင်း

ဇွန် ၁၇ ရက်မနက်ပိုင်း အီရန် ဒုံးကျည်များ ပစ်ခတ်မှု အစ္စရေးသို့ ကျရောက်မှုရှိ

မဲခေါင် 17 Jun - 2025
မဲခေါင်၊ ဇွန် ၁၇ ဇွန် ၁၇ ရက်မနက်ပိုင်းတွင် အီရန်ဘက်မှ အစ္စရေးနိုင်ငံ ဗဟိုချက်နေရာများသို့ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြေပြင်သို့ ကျရောက်ပေါက်ကွဲပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းသတင်းနှင့်ပတ်သက်ပြီး ၂နိုင်ငံလုံးဘက်မှ ဖော်ပြနေမှုများသည် မတူညီသော အချက်အလက်များသာဖြစ်နေပြီး အစ္စရေးဘက်က ဒုံးကျည် ၂၀၊ ၃၀ ဝန်းကျင်၌ ၂ လုံးသည် တဲလ်အဗစ်မြို့ မြောက်ပိုင်း မည်သူမျှ မရှိသည့် ဘတ်စ်ကားဂိတ်သို့သာ ကျရောက်ပြီး ဘတ်စ်ကား မီးလောင်ပေါက်ကွဲသော်လည်း သေဆုံးမှု တစ်ဦးမျှမရှိဟု ထုတ်ပြန်ခဲ့သည်။ ဂိုလန်ကုန်းမြင့်သို့ ဦးတည်လာသော အီရန်ဒရုန်းများကိုလည်း ဖျက်ချနိုင်ခဲ့သည်ဟု အစ္စရေးဘက်မှ ထုတ်ပြန်ပြီး ကယ်ဆယ်ရေးဆေးမှူးတစ်ဦးကမူ ၁၀ ဦး ခန့် အသေးစားဒဏ်ရာများရရှိခဲ့သည်ဟုသာ

မဲခေါင်၊ ဇွန် ၁၇

ဇွန် ၁၇ ရက်မနက်ပိုင်းတွင် အီရန်ဘက်မှ အစ္စရေးနိုင်ငံ ဗဟိုချက်နေရာများသို့ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြေပြင်သို့ ကျရောက်ပေါက်ကွဲပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်းသတင်းနှင့်ပတ်သက်ပြီး ၂နိုင်ငံလုံးဘက်မှ ဖော်ပြနေမှုများသည် မတူညီသော အချက်အလက်များသာဖြစ်နေပြီး အစ္စရေးဘက်က ဒုံးကျည် ၂၀၊ ၃၀ ဝန်းကျင်၌ ၂ လုံးသည် တဲလ်အဗစ်မြို့ မြောက်ပိုင်း မည်သူမျှ မရှိသည့် ဘတ်စ်ကားဂိတ်သို့သာ ကျရောက်ပြီး ဘတ်စ်ကား မီးလောင်ပေါက်ကွဲသော်လည်း သေဆုံးမှု တစ်ဦးမျှမရှိဟု ထုတ်ပြန်ခဲ့သည်။

ဂိုလန်ကုန်းမြင့်သို့ ဦးတည်လာသော အီရန်ဒရုန်းများကိုလည်း ဖျက်ချနိုင်ခဲ့သည်ဟု အစ္စရေးဘက်မှ ထုတ်ပြန်ပြီး ကယ်ဆယ်ရေးဆေးမှူးတစ်ဦးကမူ ၁၀ ဦး ခန့် အသေးစားဒဏ်ရာများရရှိခဲ့သည်ဟုသာ ဆိုခဲ့သည်။

သို့သော် အီရန် သတင်းဌာနများတွင်မူ အစ္စရေးသည် အစောပိုင်း လူမှုကွန်ရက်များပေါ်တွင် ထွက်ပေါ် လာသော ထိခိုက်မှုများအား ပြန်လည်ဖျက်ချခဲ့ပြီး သေဆုံးမှုမရှိ၊ ထိခိုက်မှုမများဟု ထုတ်ပြန်သော် လည်း တဲလ်အဗစ်မြို့ ဗဟိုချက်များသို့ ဒုံးကျည် ၅ လုံးကျရောက် ထိမှန်ကြောင်း၊ ၈ထပ်တိုက်တစ်လုံး ပြိုကျကြောင်း၊ ဟာဇလီယာအရပ်သို့ ဒုံးကျည်များစွာ ကျရောက်ကြောင်း၊ ပါလက်စတိုင်းထံမှ သိမ်းပိုက်ထားပြီး အစ္စရေးတပ်စွဲထားသည့် West Bank သို့လည်း ဒုံးကျည်များကျရောက်သဖြင့် ထိခိုက် သေဆုံးမှုများပြားနိုင်သည်ဟု ဖော်ပြနေကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ၎င်း၏ လူမှုကွန်ရက်တွင် အီရန်အနေဖြင့် ချက်ချင်း နျူကလီးယားလက်နက် မပိုင်ဆိုင်ရဆိုသော သဘောတူညီချက်တွင် လက်မှတ်ထိုးလိုက်ပါက ချက်ချင်း ပဋိပက္ခ အဆုံးသတ်သွားမည်ဖြစ်ကာ လက်ရှိတွင်မူ တီဟီရန်မြို့တော်မှ အားလုံး ချက်ချင်း တိမ်းရှောင် ကြသင့်သည်ဟု ရေးတင်ထားသည်ကို တွေ့ရသည်။

ကိုကလင်း
Ref: jpost & mehrnews
#MeKongNews
#အီရန်
#အစ္စရေး
#ဒုံးကျည်ကျရောက်
#တဲလ်အဗစ်မြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now