မဲခေါင်၊ ဇွန် ၁၅
နောက်ဆုံးရသတင်းအရ ဇွန် ၁၄ ရက်ညတွင် အီရန်မှ အစ္စရေးနိုင်ငံ ဗဟိုချက်မြို့များကို ဒုံးကျည် ၁၀၀ ဖြင့်တစ်ကြိမ်၊ နောက်ထပ် ဒုံးကျည် ၅၀ နှင့်ဒရုန်းများသုံးပြီး တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
အီရန်၏ ဒုံးကျည်များထဲမှ မြေပြင်ပေါ်ကျရောက်သော ဒုံးကျည်တချို့ရှိခဲ့ရာ ဟိုင်ဖာနှင့်တဲလ်အဗစ် မြို့ များတွင် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေရကာ သေဆုံးသူ ၁၀ ဦးထဲတွင် ၁၀ နှစ်သား ယောက်ျားလေး တစ်ဦးပါဝင်သည်ဟု ဆိုသည်။
အီရန်ဘက်မှ အစ္စရေးကို ကူညီကာကွယ်နေလျှင် အရှေ့အလယ်ပိုင်းဒေသတွင် အခြေစိုက်ထားသည့် အမေရိကန်၊ ပြင်သစ်၊ ယူကေ မဟာမိတ်များ၏ စစ်စခန်းများ၊ လေယာဉ်တင်သင်္ဘေားများကိုလည်း ပစ်ခတ်ရမည်ဟု သတိပေးပြီးနောက် ဒေါ်နယ်ထရမ့်က ဘယ်လိုနည်းလမ်း၊ ဘယ်လိုပုံသဏ္ဍန်ဖြင့် မိမိတို့ စခန်းများကို တိုက်ခိုက်လျှင် အီရန်ကို မည်သည့်အခါမှ မကြုံဖူး၊ မမြင်ဖူးသော အလုံးစုံသော စစ်အင်အားဖြင့် တိုက်ခိုက်မှု ချက်ချင်းကျရောက်လာစေမည်ဟု ပြင်းထန်စွာ သတိပေးထုတ်ပြန်ခဲ့ သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#အီရန်
#ဟိုင်ဖာ
#တဲလ်အဗစ်
#နျူကလီးယား








