ကမ္ဘာ့သတင်း

Rising Lion စစ်ဆင်ရေးအဖြစ် အီရန်ကို ဒုံးကျည်ဒါဇင်ချီဖြင့် အစ္စရေးတိုက်ခိုက်၊ အီရန် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် နျူကလီးယားသိပ္ပံပညာရှင်များသေဆုံး

မဲခေါင် 13 Jun - 2025
မဲခေါင်၊ ဇွန် ၁၃ ဇွန် ၁၃ ရက်မနက်မိုးမသောက်မီ အစ္စရေးသည် အီရန်နိုင်ငံ တီဟီရန်မြို့အပါ နေရာများကို ဒါဇင်နှင့်ချီသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အီရန်တော်လှန်ရေးအစောင့်တပ်အကြီးအကဲ ဟော့ဆိန်း ဆလာမီအပါ စစ်တပ်အကြီးအကဲများ၊ နျူကလီးယားဆိုက်မှ သိပ္ပံပညာရှင်များအပါ သေဆုံးမှုများစွာ ရှိခဲ့ကြောင်း သတင်းများက ဖော်ပြနေသည်။ အီရန်သည် အစ္စရေးနိုင်ငံဖြစ်တည်မှုကို ခြိမ်းခြောက်ဆုံးသောနိုင်ငံဖြစ်နေသည့်အတွက် နျူကလီးယား ဆိုက်များကို ပစ်မှတ်ထားကာ Rising Lion စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်ခိုက်ရခြင်းဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ထုတ်ပြန်ပြောဆိုခဲ့ရာ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမီနီက အစ္စရေးသည် ခါးသီးသောကြမ္မာဆိုးကို ပြန်လည် ရင်ဆိုင်ရရန် အလွန်သေချာသွားခဲ့ပြီဟု ထုတ်ပြန်ကာ လက်တုံ့ပြန်တော့မည်ဟုလည်း ဆိုသည်။ ဒုံးကျည်များစွာ၊ ဗုံးများစွာသည်

မဲခေါင်၊ ဇွန် ၁၃

ဇွန် ၁၃ ရက်မနက်မိုးမသောက်မီ အစ္စရေးသည် အီရန်နိုင်ငံ တီဟီရန်မြို့အပါ နေရာများကို ဒါဇင်နှင့်ချီသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အီရန်တော်လှန်ရေးအစောင့်တပ်အကြီးအကဲ ဟော့ဆိန်း ဆလာမီအပါ စစ်တပ်အကြီးအကဲများ၊ နျူကလီးယားဆိုက်မှ သိပ္ပံပညာရှင်များအပါ သေဆုံးမှုများစွာ ရှိခဲ့ကြောင်း သတင်းများက ဖော်ပြနေသည်။

အီရန်သည် အစ္စရေးနိုင်ငံဖြစ်တည်မှုကို ခြိမ်းခြောက်ဆုံးသောနိုင်ငံဖြစ်နေသည့်အတွက် နျူကလီးယား ဆိုက်များကို ပစ်မှတ်ထားကာ Rising Lion စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်ခိုက်ရခြင်းဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ထုတ်ပြန်ပြောဆိုခဲ့ရာ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမီနီက အစ္စရေးသည် ခါးသီးသောကြမ္မာဆိုးကို ပြန်လည် ရင်ဆိုင်ရရန် အလွန်သေချာသွားခဲ့ပြီဟု ထုတ်ပြန်ကာ လက်တုံ့ပြန်တော့မည်ဟုလည်း ဆိုသည်။

ဒုံးကျည်များစွာ၊ ဗုံးများစွာသည် တီဟီရန်မြို့ လူနေတိုက်တာအဆောင်အအုံများကို ထိမှန်ပေါက်ကွဲပြီး ၁၉၈၀ ပြည့်လွန်နှစ်များက အီရန်-အီရတ်စစ်ပွဲနောက်ပိုင်း စစ်အနိဌာရုံများကို မမြင်တွေ့ရတော့သည့် တီဟီရန်ပြည်သူများ လမ်းပေါ်ပြေးထွက်ခြင်း၊ အကာအကွယ်များရှိရာနေရာများသို့ ပြေးလွှားခြင်းဖြင့် ၀ရုန်းသုန်းကာ ဖြစ်နေရသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူ ရှီကာချီက ယခုတိုက်ခိုက်မှုတွင် အဓိက တရားခံ အစ္စရေးနှင့်အမေရိ ကန်တို့ ကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဟု ထုတ်ပြန်ခဲ့ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုတိုက်ခိုက်မှုတွင် အမေရိကန်နှင့် လုံး၀မသက်ဆိုင်သလို မည်သည့်ထောက်ပံ့မှုမှလည်း မလုပ်ခဲ့ဟု ငြင်းဆိုသွားခဲ့သည်။

ကမ္ဘာတစ်ဝန်း နိုင်ငံရေးလေ့လာသူများက အရှေ့အလယ်ပိုင်းဒေသတွင်း ကျယ်ပြန့်သည့် အလုံးစုံစစ်ပွဲ ဖြစ်ပွားရန် အတင်းမာဆုံးသော အခြေအနေသို့ ရောက်ရှိစေသည့်တိုက်ခိုက်မှုဖြစ်ကြောင်း သုံးသပ်ကြသလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း အစ္စရေးတိုက်ခိုက်မှုအပေါ် ရှုတ်ချပြီး အမြင့်မားဆုံးသော စိတ်ရှည်သီးခံမှုဖြင့် ပြဿနာကို ဖြေရှင်းကြရန် ထုတ်ပြန်သွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလက အီရန်သည် အစ္စရေးကို ဒုံးကျည် ၃၀၀ နှင့်ဒရုန်းများစွာ အသုံးပြု တိုက်ခိုက်ခဲ့ရာ အစ္စရေးဘက်မှ ဒေသတွင်းရှိ အီရန် proxy အုပ်စုမှ ခေါင်းဆောင်များစွာကို လုပ်ကြံရှင်းလင်းခဲ့ရာ ဟားမက်စ်နှင့် ဟစ်ဇ်ဘိုလာအကြီးအကဲများ သေဆုံးခဲ့ရသည်။

အီရန်သည် အောက်တိုဘာလကတည်း ပဲ့ထိန်းဒုံးကျည် အလုံး ၁၈၀ အသုံးပြုပြီး အစ္စရေးကို တိုက်ခိုက်ခဲ့သေးပြန်ရာ အစ္စရေး၏ လေကြောင်း ရန်ကာကွယ်ရေးစနစ်ကြောင့် ဆိုးရွားလွန်းသော ထိခိုက်ပျက်စီးမှုများ မရှိခဲ့ပေ။

ကိုကလင်း
Ref: BBC
#MeKongNews
#အီရန်
#အစ္စရေး
#နျူကလီးယားပညာရှင်
#တီဟီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now