နေ့စဥ်သတင်း

လိုင်စင်မဲ့ယာဥ်ဖမ်းဆီးမှုကြောင့် ရှမ်းတောင် စိုက်တောင်သူများ ထိခိုက်

မဲခေါင် 8 Jun - 2025
မဲခေါင်၊ ဇွန် ၈ ကုန်စိမ်းများပို့ဆောင်ရာတွင် အဓိကအားထားအသုံးပြုနေရသည့် လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးမှုကြောင့် ရှမ်းပြည်တောင်ပိုင်းထွက်ကုန်စည်များ အထူးသဖြင့် ကုန်စိမ်းပို့ဆောင်မှု အခက်ကြုံရပြီး စိုက်တောင်သူများ ထိခိုက်ကြရကြောင်း သိရသည်။ လိုင်စင်မဲ့ကားများ ပြေးဆွဲနိုင်ခြင်းမရှိသည့်အတွက် ရာသီပေါ်သီးနှံများကို တင်ပို့ရောင်းချနိုင်ခြင်း မရှိတော့သည့်အတွက် စိုက်တောင်သူများ အခက်အခဲကြုံရကြောင်း၊ ထို့ပြင် ကုန်များ အချိန်မီရောင်းချနိုင်မှု မရှိနိုင်ခြင်း၊ ဝယ်သူနည်းပါးသွားခြင်း၊ သယ်ယူရောင်းချသူ လျော့နည်းသွားခြင်းတို့ကြောင့် စျေးကွက်အတွင်း၌လည်း ကုန်စည် ၃ပုံ ၂ပုံခန့် လျော့နည်းသွားသည်ဟု အောင်ပန်းကုန်စည်စျေးကွက်မှ သိရသည်။ “အရင်က စျေးနေ့မှမဟုတ်ဘူး ကုန်လာရောင်းသူတွေနဲ့စည်နေတာ၊ အခုက ရှင်းလင်းနေတာပဲ။ ကုန်မဝင်တော့သလို လာဝယ်သူလည်း မရှိသလောက်ကို ဖြစ်နေတာ။ ဝစ်သောက် (လိုင်စင်မဲ့ကား) ဖမ်းတော့ အများက ဒါပဲအသုံးပြုတာလေ။ စိုက်ခင်းတွေဆို

မဲခေါင်၊ ဇွန် ၈

ကုန်စိမ်းများပို့ဆောင်ရာတွင် အဓိကအားထားအသုံးပြုနေရသည့် လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးမှုကြောင့် ရှမ်းပြည်တောင်ပိုင်းထွက်ကုန်စည်များ အထူးသဖြင့် ကုန်စိမ်းပို့ဆောင်မှု အခက်ကြုံရပြီး စိုက်တောင်သူများ ထိခိုက်ကြရကြောင်း သိရသည်။

လိုင်စင်မဲ့ကားများ ပြေးဆွဲနိုင်ခြင်းမရှိသည့်အတွက် ရာသီပေါ်သီးနှံများကို တင်ပို့ရောင်းချနိုင်ခြင်း မရှိတော့သည့်အတွက် စိုက်တောင်သူများ အခက်အခဲကြုံရကြောင်း၊ ထို့ပြင် ကုန်များ အချိန်မီရောင်းချနိုင်မှု မရှိနိုင်ခြင်း၊ ဝယ်သူနည်းပါးသွားခြင်း၊ သယ်ယူရောင်းချသူ လျော့နည်းသွားခြင်းတို့ကြောင့် စျေးကွက်အတွင်း၌လည်း ကုန်စည် ၃ပုံ ၂ပုံခန့် လျော့နည်းသွားသည်ဟု အောင်ပန်းကုန်စည်စျေးကွက်မှ သိရသည်။

“အရင်က စျေးနေ့မှမဟုတ်ဘူး ကုန်လာရောင်းသူတွေနဲ့စည်နေတာ၊ အခုက ရှင်းလင်းနေတာပဲ။ ကုန်မဝင်တော့သလို လာဝယ်သူလည်း မရှိသလောက်ကို ဖြစ်နေတာ။ ဝစ်သောက် (လိုင်စင်မဲ့ကား) ဖမ်းတော့ အများက ဒါပဲအသုံးပြုတာလေ။ စိုက်ခင်းတွေဆို ဒါတွေပဲအသုံးပြုတာ”ဟု အောင်ပန်းကုန်စည်ဒိုင်တစ်ခုက မဲခေါင်သို့ ပြောသည်။

လိုင်စင်မဲ့ကားများ အပြင်မထွက်နိုင်သည့်အတွက် ​ပင်လောင်း၊ နောင်တရား၊ တီကျစ်ဘက်မှလည်း ကုန်စည်များလည် လာရောက်ရောင်းချနိုင်ခြင်း မရှိကြောင်း၊ ရှမ်းပြည်တောင်ပိုင်းတွင် လိုင်စင်မဲ့ကားများကိုဖမ်းဆီးမှု တင်းကြပ်နေသလို ဖမ်းဆီးခံရပါကလည်း ကျပ်ငွေ ၁၇သိန်းမှ သိန်း၃၀အထိ ပေးရွေးရကြောင်း နောင်တရား စိုက်တောင်သူတစ်ဦးက ပြောသည်။

“အဖွဲ့စုံဗျ။ ငွေမပေးရင် သိမ်းမယ်ဆိုတော့ ကားက ရာကျော်ပေးဝယ်ထားရတာ၊ ပေးတာတောင် ရှေ့ဆက်သွားခွင့်မရဘူး” ဟု ၎င်းက ပြောသည်။

ကလောဘက်တွင်လည်း ကုန်တင်လာသည့် Hijet ကား ၃စီးကို ကုန်ချပြီး ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက​ပြောသည်။

လက်ရှိ ရှမ်းပြည်တောင်ပိုင်းမြို့များတွင် လိုင်စင်မဲ့ယာဥ်များ အထူးသဖြင့် လုပ်ငန်းသုံးကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးခံရသဖြင့် အလုပ်အကိုင်များ ခက်ခဲမှုများစွာ ဖြစ်ပေါ်နေကြရကြောင်း သိရသည်။

Photo – Aungban Trading
မဟာ
#MeKongNews
#လိုင်စင်မဲ့ယာဉ်
#ရှမ်းတောင်
#ကုန်စည်စီးဆင်းမှု
#စိုက်တောင်သူ
#ကုန်စိမ်း
#ထိခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now