နေ့စဥ်သတင်း

ရှမ်းအရှေ့မှ ရွှေနှင့်မြေရှား တရုတ်မိုင်းတွင်းများ ပိတ်သိမ်းရန် ထိုင်းတွင်ဆန္ဒပြ၊ ချင်းရိုင်တွင် ထိုင်းဘက်မှ ပတ်ဝန်းကျင် စောင့်ကြည့်ရေးစင်တာ ၄ ခု ဖွင့်လှစ်

မဲခေါင် 8 Jun - 2025
မဲခေါင်၊ ဇွန် ၈ UWSA ထိန်းချုပ်နယ်မြေအတွင်း တရုတ်ပိုင် ရွှေနှင့်မြေရှား သတ္တုမိုင်းတွင်းများကြောင့် နမ့်ခုတ်မြစ်နှင့် မယ်ဆိုင်မြစ်များအတွင်း အာဆင်းနစ် ဓာတ်များနှင့်အခြားသော အန္တရာယ်ရှိသတ္တုများ ပျော်ဝင်ညစ်ညမ်းနေမှုအတွက် ချင်းရိုင်ဒေသခံများ ဇွန် ၅ ရက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် စုရုံးဆန္ဒပြခဲ့ကြသည်။ မယ့်ဖလောင် ပြည်သူ့ပန်းခြံတွင် ချင်းရိုင်ပြည်သူများစုဝေးပြီး ထိုင်းဝန်ကြီးချုပ်ထံ ရည်ညွှန်းသော တောင်းဆိုစာတန်းများကိုင်ဆောင်ခြင်း၊ သီချင်းများသီဆိုခြင်း၊ ရိုးရာဓလေ့ပုံရိပ်များ ပုံဖော်ခြင်းနှင့်အတူ ထိုင်း၊ မြန်မာ၊ ၀ (UWSA) နှင့် တရုတ်အစိုးရတို့မှ အဆိုပါ ရွှေနှင့် မြေရှား မိုင်းတွင်းများကို ပိတ် သိမ်းပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဘူရက်စ်ပက်က ချင်းရိုင်နှင့်ချင်းမိုင်ရှိ နမ့်ခုတ်မြစ်နှင့်မယ်ဆိုင်မြစ်များတွင်

မဲခေါင်၊ ဇွန် ၈

UWSA ထိန်းချုပ်နယ်မြေအတွင်း တရုတ်ပိုင် ရွှေနှင့်မြေရှား သတ္တုမိုင်းတွင်းများကြောင့် နမ့်ခုတ်မြစ်နှင့် မယ်ဆိုင်မြစ်များအတွင်း အာဆင်းနစ် ဓာတ်များနှင့်အခြားသော အန္တရာယ်ရှိသတ္တုများ ပျော်ဝင်ညစ်ညမ်းနေမှုအတွက် ချင်းရိုင်ဒေသခံများ ဇွန် ၅ ရက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် စုရုံးဆန္ဒပြခဲ့ကြသည်။

မယ့်ဖလောင် ပြည်သူ့ပန်းခြံတွင် ချင်းရိုင်ပြည်သူများစုဝေးပြီး ထိုင်းဝန်ကြီးချုပ်ထံ ရည်ညွှန်းသော တောင်းဆိုစာတန်းများကိုင်ဆောင်ခြင်း၊ သီချင်းများသီဆိုခြင်း၊ ရိုးရာဓလေ့ပုံရိပ်များ ပုံဖော်ခြင်းနှင့်အတူ ထိုင်း၊ မြန်မာ၊ ၀ (UWSA) နှင့် တရုတ်အစိုးရတို့မှ အဆိုပါ ရွှေနှင့် မြေရှား မိုင်းတွင်းများကို ပိတ် သိမ်းပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဘူရက်စ်ပက်က ချင်းရိုင်နှင့်ချင်းမိုင်ရှိ နမ့်ခုတ်မြစ်နှင့်မယ်ဆိုင်မြစ်များတွင် သဘာ၀ပတ်ဝန်းကျင် စောင့်ကြည့်ရေး စင်တာ ၄ ခု ထားရှိပြီး မြစ်အားမှီခိုသူဒေသခံများ ဘေးကင်းမကင်း ပွင့်လင်းမြင်သာ အချက်အလက်များသိရှိစေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ကာလတိုနှင့် ကာလရှည် မြစ်များအား တည်တံသန့်ရှင်းရေး “၀” တပ်မတော်နှင့်အတူ တာဝန်ရှိသူများ စုပေါင်းအဖြေရှာသွားရမည်ဟုပါ အာမခံပြောကြားသွားခဲ့သည်။

ဇွန် ၇ ရက်တွင် ထိုင်းအစိုးရက ချင်းရိုင်ရှိ နမ့်ခုတ်နှင့်မယ်ဆိုင်မြစ်အတွင်း ပတ်ဝန်းကျင် စောင့်ကြည့်ရေးစင်တာ ၄ ခု ဖွင့်လှစ်သလို အနည်ဖမ်းစနစ်များကို အန္တရာယ်အရှိဆုံးနေရာများတွင် တပ်ဆင်ကာ ပြည်သူကို ရေထုညစ်ညမ်းခြင်းအဆင့်အား အတိအကျ သတိပေးနေခြင်းနှင့် ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ် ချမှတ်လုပ်ဆောင်နေပြီဟု ထိုင်းပြည်ထဲရေး ဒုဝန်ကြီး သီရာရတ်က ထပ်မံရှင်းလင်းပြောဆိုသွားခဲ့သည်။

ထိုအစီအစဉ်တွင် ရေထုညစ်ညမ်းမှု တိုင်းတာစောင့်ကြည့်စနစ် ၄ ခုအား ချင်းရိုင်ခရိုင် မယ့်အိုင်ခရိုင်ခွဲရှိ သာတွန်းတံတား၊ ချင်းရိုင်ခရိုင်ခန်းမနောက်ဘက် နမ့်ခုတ်မြစ်ပြည်သူ့ပန်းခြံ၊ မယ်ဆိုင် နယ်စပ်ဂိတ်၊ ချင်းဆန်းရှိရွှေတြိဂံဇုန် ၄ နေရာတွင် ထားရှိကာ မြစ်ရေ ညစ်ညမ်းမှုအတိုင်းအတာကို ဒေသခံများနှင့် ပူး ပေါင်းပြီး အချိန်နှင့်အမျှ ထုတ်ပြန်ပေးခြင်းဖြင့် ပြည်သူများ စိုးရိမ်မှုကို လျောကျစေပြီး ယုံကြည်မှုမြင့် တက်လာစေမည်ဟု သီရာရတ်က ရှင်းလင်းပြောကြားခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ရှမ်းအရှေ့
#သတ္တုတူးဖော်မှု
#UWSA
#နမ့်ခုတ်မြစ်
#မယ်ဆိုင်မြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now