မဲခေါင်၊ ဇွန် ၁၃
ထိုင်းရောဂါထိန်းချုပ်ရေးဌာန DDC ၏ ဇွန် ၁၁ ရက် ထုတ်ပြန်ကြေညာချက်အရ ထိုင်းနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်အတွင်း ကိုဗစ်ကူးစက်ခံ လူနာ ၄၃၉၅၂၇ ယောက်အထိ စံချိန်တင်ရှိခဲ့ပြီး သေဆုံးသူ အသစ် ၆ ယောက်ရှိသောကြောင့် ယခုနှစ်အတွင်း သေဆုံးသူပေါင်း ၁၃၀ ရှိခဲ့သည်ဟု ဖော်ပြပါရှိခဲ့သည်။
ဇွန် ၁၁ ရက် မှတ်တမ်းတစ်ခုတည်းအရ ကိုဗစ်လူနာသစ် ၇၅၂၇ ဦးရှိကာ ၃၆၃ ဦးမှာ ဆေးရုံတင်ရကြောင်း၊ တစ်ရက်အတွင်း ကူးစက်မှုအများဆုံးမှာ ဘန်ကောက်တွင်ဖြစ်ပြီး ၄၄၇ ဦး ကူးစက်မှုခံရသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် DDC က ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာရေယိုသူများ မက်စ်တပ်ပြီး တစ်ဦးတည်း သီးခြားနေထိုင်ကာ ဆေးဝါးကုသမှု ခံယူကြရန်၊ ကိုဗစ်ဒဏ်မခံနိုင်ဆုံးသော ကလေးငယ်များ၊ အသက် ၆၀ အထက်လူကြီးများ၊ နာတာရှည်ရောဂါ ၇ မျိုးခံစားနေရသူများ၊ ၁၂ ပတ်အထက် ကိုယ်ဝန်ဆောင်ထားသည့် မိခင်လောင်းများ မိမိကျန်းမာရေးကို အထူးဂရုစိုက်ပြီး ကိုဗစ်မကူးစက်စေရန် နေထိုင်ကြရေး သတိပေးတိုက်တွန်းချက် ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ကိုဗစ်၁၉
#ထိုင်းနိုင်ငံ
#စံချိန်တင်
#နှာခေါင်းစည်း








