နေ့စဥ်သတင်း

အသက် ၆ နှစ် အရွယ် ကလေးငယ်၏ ပုံနှင့် ကိုယ်ရေးအချက်အလက်များကို တရားခံဟုစွပ်စွဲစာရင်းတွင် စစ်ကောင်စီထည့်သွင်း ထုတ်ပြန်

မဲခေါင် 7 Jun - 2025
မဲခေါင်၊ ဇွန် ၇ စစ်ကောင်စီသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီမှု စာချုပ် နှင့် မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတို့ကို ချိုးဖောက်ကာ အသက် ၆ နှစ်သာ ရှိသေးသည့် ကလေးသူငယ်ကို တရားခံသဖွယ် ပုံ၊ ကိုယ်ရေးအချက်အလက်များ နှင့် တကွ ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် သံအမတ်ကြီး ဟောင်း ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသည့် အဖွဲ့ဝင်များကို ဖမ်းမိထားကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် အသက် ၆ နှစ်အရွယ် ကလေးသူငယ် တစ်ဦးကို လုပ်ကြံသတ်ဖြတ်သူများစာရင်းဆိုကာ ပုံနှင့်တကွ ဖော်ပြထားသည်။ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို

မဲခေါင်၊ ဇွန် ၇

စစ်ကောင်စီသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီမှု စာချုပ် နှင့် မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတို့ကို ချိုးဖောက်ကာ အသက် ၆ နှစ်သာ ရှိသေးသည့် ကလေးသူငယ်ကို တရားခံသဖွယ် ပုံ၊ ကိုယ်ရေးအချက်အလက်များ နှင့် တကွ ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် သံအမတ်ကြီး ဟောင်း ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသည့် အဖွဲ့ဝင်များကို ဖမ်းမိထားကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် အသက် ၆ နှစ်အရွယ် ကလေးသူငယ် တစ်ဦးကို လုပ်ကြံသတ်ဖြတ်သူများစာရင်းဆိုကာ ပုံနှင့်တကွ ဖော်ပြထားသည်။

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသည့် အဖွဲ့ဝင်များကို ဖမ်းမိထားသည် ဆိုသည့် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် မသက်‌ဆိုင်သည့် ပြည်သူများကို မတရား ဖမ်းဆီးထားခြင်းသာ ဖြစ်ကြောင်း Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ပြောကြားထားသည်။

Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့သည် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အေဝမ်းလမ်းပေါ်ရှိ နေအိမ်အရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ယင်းဖြစ်ရပ်နှင့် ပါက်သက်၍ စစ်ကောင်စီသည် အဖွဲ့ဝင် ၁၆ ဦး ကို ဖမ်းဆီးထားသည် ဟု ထုတ်ပြန်ထားပြီး အသက် ၆နှစ်အရွယ် ခလေးတစ်ဦး နှင့် အသက် ၁၈ နှစ်အောက် လူငယ်တစ်ဦးတို့ကို ဖမ်းဆီးထားသည်ကို ကျင့်ဝတ်သိက္ခာမဲ့စွာ ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ထူးထူးခြားခြား ဖြေဆိုစရာမရှိပါဘူး။ အပြစ်မဲ့ပြည်သူတွေကိုပဲ စာနာ သနားမိပါတယ် ။ ရဲဘော်တွေ အားလုံး လုံခြုံဘေးကင်းကြောင်း ကျွန်တော်တို့ပြောထားပြီး ဖြစ်ပါတယ်” GVW တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုထားသည်။

အသက် ၆နှစ်အရွယ် ခလေးသူငယ်တစ်ဦး၏ ပုံရိပ်ကို စစ်ကောင်စီက ထုတ်ပြန်ထားခြင်းသည် ခလေးသူငယ် အခွင့်အရေးကို လျစ်လှူရှုခြင်း ဖြစ်ပြီး နိုင်ငံတကာကလည်း ကလေးများကို မတော်မတရားပြုခြင်း၊လျစ်လှူရှုခြင်း၊အသုံးချ အမြတ်ထုက်ခြင်း နှင့် ခွဲခြားဆက်ဆံတို့မှ ကာကွယ်ရန် အခွင့်အရေး ရှိသည် ဟု ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်က ပြဌန်းခဲ့သည့် မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးရေးဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၃ (ဖ)၂ အရ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း တွင် အရွယ်ရောက်ပြီးသူက ဖြစ်စေ လူမဆန်သော သို့ ဂုဏ်သိက္ခာ ကျဆင်းစေသော နှိမ့်ချပြုမှုဆက်ဆံမှု၊ ပုဒ်မ ၃ (‌ဗ)၁ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွင် ကလေးသူငယ်ကို အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသော ပြုလုပ်မှု၊ပုဒ်မ ၃ (ဗ) ၂ အရ ကလေးသူငယ်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေရန် ကြောက်လန့်စေခြင်း၊ထိတ်လန့်စေခြင်း၊ခြိမ်းခြောက်ခြင်း နှင့် အထီးကျန် ဖြစ်အောင် ပြုလုပ်ခြင်း၊ ဂရုမစိုက်ခြင်း နှင့် ဆိုင်သည့် ပြုလုပ်မှု နှင့် ပုဒ်မ ၃ (ဗ)၄ အရ ကလေးသူငယ်၏ လူ့ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သည့် ပုံစံဖြင့် ထိန်းသိမ်းထားရှိခြင်း တို့နှင့် ညိစွန်းနေသည်။

စစ်ကောင်စီက ထိုသို့ ပြုမူခြင်းမှာ အကြမ်းဖက်လိုစိတ်ကို အခြေခံကာ လူ့ရပိုင်ခွင်ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း)က ဝေဖန်ပြောကြားသည်။

“ကလေးသူငယ်တွေနဲ့ ပတ်သက်ရင် လိုက်နာရမယ့် အချက်အလက်တွေ ရှိတာကို မသိကျိုးကျွံပြုပြီး တရားရုံးမရောက်ခင် တရားခံလို့ သဘောသက်ရောက်အောင် ဖော်ပြမှုဟာ အကြမ်းဖက်လိုစိတ်ကို အခြေခံပါတယ်။ တခြားသူတွေပါ အကြောက်တရား ဖြစ်ပေါ်အောင် လှုံ့ဆော်သလို အဲဒီကလေးအပေါ်မှာ မတရားပြုကျင့်လိုက်ရာ ကျပါတယ်။ ဘာအပြစ်မှ မကျူးလွန်ထားတဲ့ ကလေးတစ်ယောက်အတွက် လက်ရှိမှာရော အနာဂတ်မှာပါ လူသားသိက္ခာကို ထိခိုက်နစ်နာစေတဲ့ လူ့ရပိုင်ခွင့် ချိုးဖောက်မှုပါ” ဟု ၎င်းက ပြောသည်။

ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွက်လပ်ခွင့်နှင့် လုံခြုံမှုတို့ကို အကြောင်းမဲ့ထိပါးခြင်း မခံရစေရန် ဥပဒေနှင့် အညီ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ရှိသည်ဟု ဥပဒေက ပြဌာန်းထားသည်။

မည်သူမျှ ကလေးသူငယ်အပေါ် တနည်းနည်းဖြင့် နစ်နာဆုံးရှုံးစေသည့် သို့ ထိခိုက်ဒါဏ်ရာ ရစေသည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖြစ်စေ မပြုလုပ်ရ ဟု သတ်မှတ်ထားသော်လည်း စစ်ကောင်စီသည် ကလေးသူငယ် အခွင့်အရေးရေးဆိုင်ရာ ဥပဒေကို ချိုးဖောက် လုပ်ဆောင်နေခြင်းဖြစ်သည်။

ကလေးသူငယ် အခွင့်အရေးရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၇၈ (က)အရ အသက် ၁၀ နှစ် မပြည့်သေးသည့် ကလေးသူငယ်၏ ပြုလုပ်မှုသည် ပြစ်မှုပင် မမြောက် ဟု သတ်မှတ်ထားသော်လည်း အသက်၆ နှစ်အရွယ် ကလေးသူငယ်ကို ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ကို လုပ်ကြံသည့် မိသားစုဝင် ဟု၍ပင် စစ်ကောင်စီက အမည်တပ်ကာ ပုံ၊ ကိုယ်‌ရေးအချက်အလက် နှင့် တကွ ဖော်ပြထားသည်။

ကလေးသူငယ် အခွင့်အရေးရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၈၅ (ခ) အရ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားကို ဖြစ်ထွန်းနိုင်သည့် ကိစ္စတွင် သတင်းအချက်အလတ် ရယူခွင့် ပေးခြင်းမှ အပ ကလေးသူငယ် မှုခင်း သတင်းအချက်အလက်များကို သတင်းစာများ၊မဂ္ဂဇင်းများ၊ဂျာနယ်များ၊စာစောင်များ၊အီလက်ထရောနစ် နည်းပညာကို အသုံးပြု၍ အင်တာနက် စာမျက်နှာ နှင့် လူမှုကွန်ယက်များတွင် ကလေးသူငယ် ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား တခုခုတွင် ဖြန့်ချီခြင်း၊ထုတ်လွှင့်ခြင်း မပြုနိုင်ရန် နှင့် သတင်းမီဒီယာသမားအား တရားခွင်အတွင်း ဝင်ရောက်ခွင့် မပြုရ ဟု ပင် သတ်မှတ်ထားသည်။

ပုဒ်မ ၉၆ (ဃ) အရ မည်သူမျှ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့ မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ်သည် မည်သူ မည်ဝါ ဖြစ်ကြောင်း နှင့် မှုခင်းသတင်းအချက်အလက်များ ရယူခြင်း၊ထည့်သွင်းခြင်း နှင့် ကြော်ညာခြင်း၊ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊သတင်းစာ၊မဂ္ဂဇင်း၊ဂျာနယ် နှင့် စာအုပ် စာတမ်းများတွင် ထည့်သွင်းခြင်း၊ဖြန့်ချီခြင်း၊အသုံးပြုခြင်း မပြုရ သို့မဟုတ် ရေဒီယို၊ရုပ်မြင်သံကြားနှင့် လူမှု ဆက်သွယ်ရေးနည်းလမ်းများတွင် ထုတ်လွှင့်ခြင်း မပြုရ ဟု အတိအကျ ဖော်ပြထားသည်။

မည်သူမဆို ကလေးသူငယ်အား အထက်ပါ ပြစ်မှုတခုခု ကျူးလွန်လျှင် အနည်းဆုံး ရှစ်လ မှ အများဆုံး (၅)နှစ် အထိ ထောင်ဒါဏ်ချမှတ်နိုင်ပြီး အနည်းဆုံး (၈)သိန်းမှ အများဆုံး (၁၆)သိန်းအထိ ငွေဒါဏ်လည်း ချမှတ်နိုင်သည်။

ကလေးအခွင့်အရေး သဘောတူစာချုပ် နံပါတ် (၁၆) အရ ကလေးသူငယ်တိုင်းတွင် ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးရှိပြီး၊ ကလေးသူငယ်၏ ကိုယ်ရေးအချက်အလက်၊ မိသားစု၊ အိမ်၊ အဆက်အသွယ်နှင့် ဂုဏ်သတင်းကျော်စောမှုတွေကို တိုက်ခိုက်မခံရစေရန် ဥပဒေနှင့် ကာကွယ်ပေးရမည် ဖော်ပြထားသည်။

ဖေသန်း
#MeKongNews
#စစ်ကောင်စီ
#ကလေးသူငယ်
#အခွင့်အရေးချိုးဖောက်
#ကုလသမဂ္ဂ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now