နေ့စဥ်သတင်း

ဆင်းရဲသားဘဝမှ ကြီးပြင်းလာသူ လီဂျေမြောင် တောင်ကိုရီးယား သမ္မတ ဖြစ်လာ

မဲခေါင် 4 Jun - 2025
မဲခေါင်၊ ဇွန် ၄ တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးအရှုပ်ထွေးဆုံးကာလ ကြုံခဲ့ရပြီးနောက် နောက်ဆုံးတွင် ဆင်းရဲသားဘ၀မှ ဆင်းသက်ကြီးပြင်းလာသူ လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် လီဂျေမြောင်သည် သမ္မတရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိကာ တောင်ကိုရီးယား သမ္မတသစ်ဖြစ်လာခဲ့ပြီဖြစ်သည်။ အသက် ၆၀ ရှိပြီဖြစ်သော လီဂျေမြောင်သည် မာရှယ်လော ဥပဒေထုတ်ကာ လွှတ်တော်ကို စစ်တပ်ဝင်စီးရန် ယခင် သမ္မတ ယွန်းဆက်ယိုး အမိန့်ပေးစဉ်တွင် လွှတ်တော်တွင်းမှ တံခါးပိတ်ပြီး မာရှယ်လော စစ်အုပ်ချုပ်ရေးအမိန့်ကို နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်နိုင်စေရန် ဦးဆောင်ခဲ့သူလည်းဖြစ်သလို ယွန်းဆက်ယိုနေရာတွင် ယာယီသမ္မတအဖြစ်လည်း လပိုင်းကြာ တာဝန်ယူခဲ့သူဖြစ်သည်။ လီဂျေမြောင်သည် ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ယွန်းဆက်ယိုကို မဲအနည်းငယ်မျှ ကွာခြားပြီး ရှုံးနိမ့်ခဲ့ကာ ရွေးကောက်ပွဲ

မဲခေါင်၊ ဇွန် ၄

တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးအရှုပ်ထွေးဆုံးကာလ ကြုံခဲ့ရပြီးနောက် နောက်ဆုံးတွင် ဆင်းရဲသားဘ၀မှ ဆင်းသက်ကြီးပြင်းလာသူ လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် လီဂျေမြောင်သည် သမ္မတရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိကာ တောင်ကိုရီးယား သမ္မတသစ်ဖြစ်လာခဲ့ပြီဖြစ်သည်။

အသက် ၆၀ ရှိပြီဖြစ်သော လီဂျေမြောင်သည် မာရှယ်လော ဥပဒေထုတ်ကာ လွှတ်တော်ကို စစ်တပ်ဝင်စီးရန် ယခင် သမ္မတ ယွန်းဆက်ယိုး အမိန့်ပေးစဉ်တွင် လွှတ်တော်တွင်းမှ တံခါးပိတ်ပြီး မာရှယ်လော စစ်အုပ်ချုပ်ရေးအမိန့်ကို နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်နိုင်စေရန် ဦးဆောင်ခဲ့သူလည်းဖြစ်သလို ယွန်းဆက်ယိုနေရာတွင် ယာယီသမ္မတအဖြစ်လည်း လပိုင်းကြာ တာဝန်ယူခဲ့သူဖြစ်သည်။

လီဂျေမြောင်သည် ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ယွန်းဆက်ယိုကို မဲအနည်းငယ်မျှ ကွာခြားပြီး ရှုံးနိမ့်ခဲ့ကာ ရွေးကောက်ပွဲ မသမာမှု၊ အိမ်ခြံမြေလုပ်ငန်းနှင့်ပတ်သက်သည့် အကျင့်ပျက်ခြစားမှု ဆိုသော စွဲချက်များ တင်ခံခဲ့ရသူလည်းဖြစ်သည်။

မေလဆန်းပိုင်းက ဆိုးလ်တရားရုံးချုပ်သည် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းချိုးဖောက်သည်ဆိုသော စွဲချက်အတွက် ပလှပ်ပေးလိုက်ပြီး ယခု ငွေကြေးဆိုင်ရာ‌ အကျင့်ပျက်ခြစားမှုစွဲချက်မှာ သမ္မတ ဖြစ်လာသောကြောင့် ၂၀၃၀ ပြည့်နှစ် သမ္မတ သက်တမ်း ကုန်မှသာ တစ်ဖန် ပြန်လည် အသက်ဝင်လာနိုင်တော့မည် ဖြစ်သည်။

၂၀၂၄ ခုနှစ်က အမျိုးသားတစ်ဦးက လီဂျေမြောင် လည်ပင်းကို ဓားနဲ့ ထိုးမှု ဖြစ်ပွားခဲ့သေးပြီး သမ္မတ ဖြစ်လာမည်စိုးသောကြောင့် သတ်ရန် ကြံစည်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

လီဂျေမြောင်သည် ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသူဖြစ်ကာ ငယ်စဉ်က ကျောင်းထွက်ပြီး မိသားစု စားဝတ်နေရေးအတွက် အလုပ်စုံ လုပ်ခဲ့ရာမှ စက်ရုံတွင် မတော်တဆမှုကြောင့် တံတောင်ဆစ်လွဲသည့် ဒဏ်ရာလည်း ရဖူးသူဖြစ်သည်။

နောက်ပိုင်းမှ ဥပဒေဘာသာရပ် တက္ကသိုလ်သို့ တက်ရောက်ရန် စကော်လာရရှိပြီး ရှေ့နေတစ်ဦးဖြစ်လာကာ အရေးပါသော မြို့တော်ဝန် ရာထူးအား ၈ နှစ်ကြာ ထမ်းဆောင်ပြီးနောက် နိုင်ငံရေးနယ်ပယ်တွင် မရှိဆင်းရဲသားကျောမွဲများအတွက် ဦးစားပေး အခွင့်အရေးများ တောင်းဆိုခြင်းကြောင့် ပြည်သူအကြိုက်တွေ့လာပြီး ယခုလို မဲအနိုင်ရကာ သမ္မတသစ်ဖြစ်လာခြင်း ဖြစ်သည်။

ကိုကလင်း
Ref:Bangkokpost
#MeKongNews
#တောင်ကိုရီးယား
#သမ္မတလီဂျေမြောင်
#စစ်အုပ်ချုပ်ရေး
#လက်ဝဲယိမ်းဒီမိုကရက်တစ်ပါတီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now