နေ့စဥ်သတင်း

အရက်ဖြန့်ဖြူးရေးအလုပ်အကြောင်းပြပြီး တရုတ်တွင် ယွမ် ၂ . ၅ သန်း လိမ်ခဲ့သည့် ၀ရမ်းပြေးတရုတ် ဘန်ကောက်ကွန်ဒိုတွင် ဖမ်းမိ

မဲခေါင် 3 Jun - 2025
မဲခေါင်၊ ဇွန် ၃ ဘန်ကောက်မြို့ သောင်ဂလိုနယ်မြေ ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သည့် တရုတ်နိုင်ငံသား ၂ဦး သွားလာနေထိုင်ပုံ မသင်္ကာဖွယ်ရာအခြေအနေဖြစ်သောကြောင့် သတင်းပေးမှုအရ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၁ မှ စောင့်ကြည့် ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ ပတ်စ်ပို့တ်ရှိသော်လည်း နေထိုင်ခွင့် သက်တမ်းကျော်နေသည်မှာ ၂ လ ရှိသဖြင့် ဖမ်းဆီးခဲ့ပြီးနောက်တစ်ဦးမှာ တရုတ်တွင် ငွေယွမ် ၂ . ၅ သန်း (ဘတ် ၁၂ သန်းကျော်) လိမ်လည်ကာ ဖမ်း၀ရမ်းခံထားရသည့် တရားခံပြေးဖြစ်ကြောင်း သိရှိရသည်။ အသက် ၃၀ အရွယ် ရှောင်ယိုအမည်ရ အမျိုးသားသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် အရေးယူခံရမည်ဖြစ်ကာ ၂၉ နှစ်အရွယ် ဒါလီယူဆိုသည့်

မဲခေါင်၊ ဇွန် ၃

ဘန်ကောက်မြို့ သောင်ဂလိုနယ်မြေ ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သည့် တရုတ်နိုင်ငံသား ၂ဦး သွားလာနေထိုင်ပုံ မသင်္ကာဖွယ်ရာအခြေအနေဖြစ်သောကြောင့် သတင်းပေးမှုအရ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနခွဲ ၁ မှ စောင့်ကြည့် ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ ပတ်စ်ပို့တ်ရှိသော်လည်း နေထိုင်ခွင့် သက်တမ်းကျော်နေသည်မှာ ၂ လ ရှိသဖြင့် ဖမ်းဆီးခဲ့ပြီးနောက်တစ်ဦးမှာ တရုတ်တွင် ငွေယွမ် ၂ . ၅ သန်း (ဘတ် ၁၂ သန်းကျော်) လိမ်လည်ကာ ဖမ်း၀ရမ်းခံထားရသည့် တရားခံပြေးဖြစ်ကြောင်း သိရှိရသည်။

အသက် ၃၀ အရွယ် ရှောင်ယိုအမည်ရ အမျိုးသားသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် အရေးယူခံရမည်ဖြစ်ကာ ၂၉ နှစ်အရွယ် ဒါလီယူဆိုသည့် တရုတ်အမျိုးသားမှာမူ Guizhou ပြည်နယ် သားဖြစ်ကာ ၂၀၂၃ ခုနှစ်က တရုတ်ပြည်တွင်း၌ အရက်ဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းအကြောင်းပြ ကာ အများသူငှာဆီမှ ယွမ် ၂.၅ သန်း လိမ်လည်ပြီး ဖမ်း၀ရမ်းထုတ်ခံခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

ဒါလီယူသည် ယူနန်ပြည်နယ်မှ လာအိုသို့ ရွှေတြိဂံဇုန်မှ ဝင်ရောက်လာခဲ့ပြီး ထိုမှတစ်ဆင့် ထိုင်းသို့ ခိုးဝင်ကာ ဖမ်းဆီးခံရစဉ် ပတ်စ်ပို့တ်ပျောက်ဆုံးနေသည်ဟု ဆင်ခြေပေးသော်လည်း တရားဝင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သည့် မှတ်တမ်းမတွေ့ရသဖြင့် မေ ၃၈ ရက်တွင် ဖမ်းဆီးပြီးနောက် စစ်ဆေးရာမှာ တရုတ်အလိုရှိနေသော လူလိမ်ဖြစ်သည်ကို သိရှိခဲ့ရသည်ဟု လူဝန်မှုကြီးကြပ်ရေး ဌာနက ဇွန် ၁ ရက်တွင်း ရှင်းလင်း ထုတ်ပြန်သည်။

ကွန်ဒိုအနီးနေသူများက အဆိုပါ တရုတ်နိုင်ငံသား ၂ ယောက်သည် မူမမှန်ဘဲ အများသုံး ဓာတ်လှေကား ကို အသုံးပြုခဲပြီး သာမန်လှေကားမှသာ ဆင်သက်ကာ မရှိမဖြစ် အစားအသောက်များ ဆင်းဝယ်ခြင်း လုပ်လေ့ရှိကြောင်း၊ အများအားဖြင့် ဒလီဗာရီနှင့် အစားအသောက်မှာစားနေသည်မှာ ၂ လ ကျော်ရှိနေ ပြီး မရိုးသားသည့်အနေအထားကို ပြည်သူမှ သတင်းပေးသဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ များ ထိုသို့ မသင်္ကာဖွယ်ရာလူများတွေ့ရှိလျှင် အရေးပေါ် တိုင်ကြားဖုန်းနံပါတ်သို့ ဆက်သွယ်တိုင်ကြား ရန် လူဝန်မှုကြီးကြပ်ရေး ဌာနခွဲ (၁) က ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#တရုတ်နိုင်ငံသား
#ဘန်ကောက်
#ရွှေတြိဂံဒေသ
#ယူနန်ပြည်နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now