မဲခေါင်၊ မေ ၃၁
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရုံးအတွင်းပိုင်း ညွှန်ကြားစာကို ရိုက်တာသတင်းဌာနက ရရှိခဲ့ရာ လာမည့်နှစ်အတွက် ဘတ်ဂျက် ၂၀ ရာခိုင်နှုန်း လျော့ချပြီး ဝန်ထမ်းဦးရေကိုလည်း ၆၉၀၀ ထုတ်ပယ် သွားဦးမည်ဟု သိရှိရသည်။
လာမည့် ၂၀၂၆ ခုနှစ်အတွက် တစ်ကမ္ဘာလုံးရောရာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်သည် ဒေါ်လာ ၃ . ၇ ဘီလီယံ ရှိရာ ထိုထဲမှ ၂၀ ရာခိုင်နှုန်းကို လျော့ချသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုလဝန်ထမ်းများထဲမှ မရှိမဖြစ်မဟုတ်သော ဝန်ထမ်း ၆၉၀၀ ကိုပါ အလုပ်မှ ထုတ်ပယ်ပြီး ဘတ်ဂျက်ချွေတာကန့်သတ်မှုလုပ်ရန် ဇွန် ၁၃ ရက်၌ အလုပ်သမားများအတွက် လုပ် ဆောင်မှု အချက်အလက်အသေးစိတ်ကို တင်ပြရေး မှာကြားထားကြောင်းနှင့် ဘတ်ဂျက် ၂၀ ရာခိုင်နှုန်း လျှော့ချမှုကို လာမည့်နှစ် ၂၀၂၆ ကုလ ဘဏ္ဍာရေး နှစ်သစ်အစ ဇန်နဝါရီ ၁ ရက်နေ့တွင် လျှော့ချရန် အစီရင်ခံစားရေးသားသူ ကုလထိန်းချုပ်ရေး အရာရှိ ရမာနာသန် ညွှန်ကြားချက်တွင် တွေ့ရှိရသည်ဟု ရိုက်တာက ဖော်ပြသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကိုယ်တိုင်က မေလဆန်းပိုင်းမှာပင် အဖွဲ့အစည်း၏ ရပ်တည်ချက်နှင့် ဘတ်ဂျက်တတ်နိုင်စွမ်းအရ ကမ္ဘာတစ်ဝန်း အဓိကကျသည့် အေဂျင်စီ အသီးသီး၊ လုပ်ငန်းဆောင်တာအသီးသီးတွင် ဝန်ထမ်းများ လျေချခြင်း၊ လုပ်ငန်းဆောင်တာထပ်နေမှုများကို ဖယ်ရှားခြင်း၊ တချို့သော အေဂျင်စီများကို ပူးပေါင်းခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု ပြောကြားခဲ့ပြီးဖြစ်သည်။
၂၁ ရာစု မတူကွဲပြား ကမ္ဘာ့ နိုင်ငံအသီးသီးမှ ဒုက္ခသုက္ခများစွာအတွက် အတတ်စွမ်းဆုံးဖြေရှင်းရေး ကမ္ဘာ့ အကြီးမားဆုံးအဖွဲ့အစည်းကြီးအဖြစ် ထူထောင်ထားသော ကုလသည် ဘတ်ဂျက်တစ်ခုလုံး၏ ၂၂ ရာခိုင်နှုန်း (ဒေါ်လာ ၁ . ၅ ဘီလီယံ) နီးပါး နှစ်စဉ်ထောက်ပံ့ပေးအပ်နေသော အမေရိကန်၏ ပြည်ပ ထောက်ပံ့ရေးအကူအညီများ ရပ်တန့်လိုက်ခြင်းကြောင့် ငွေကြေးအကြပ်အတည်းများစွာ ရင်ဆိုင်နေရ ကာ ဒုတိယ ငွေကြေးအများဆုံးထောက်ပံနေသည့် တရုတ်သည်လည်း အစဉ်အမြဲ ကတိပြုငွေ ထုတ်ပေးမှု နောက်ကျနေမှုများကြောင့် ဘတ်ဂျက်အကျပ်အတည်းဆိုက်နေရခြင်းဖြစ်သည်။
အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံပေါင်း ကုလကို ထည့်ဝင်သည့် ဘတ်ဂျက်မှာ ဘတ်ဂျက်အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော် ရှိနေသည်။
ကိုကလင်း
Ref:Reuter
#MeKongNews
#ကုလသမ္မဂ
#ရန်ပုံငွေ
#အမေရိကန်
#တရုတ်








