နေ့စဥ်သတင်း

ပြည်ပကျောင်းသားများ ဟားဗတ်တက္ကသိုလ်သင်ကြားခွင့်ပိတ်သော ထရမ့်အမိန့် ဥပဒေနှင့် မညီဟုဆိုကာ ပြည်နယ်တရားသူကြီး ယာယီဆိုင်းငံ့

မဲခေါင် 24 May - 2025
မဲခေါင်၊ မေ ၂၄ မေ ၂၂ ရက်နေ့က ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့မှ ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က ဟားဗတ်တက္ကသိုလ်ကို ပြည်ပကျောင်းသား၊ ကျောင်းသူများ လက်ခံသင်ကြားခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီးနောက် ဟားဗတ်တက္ကသိုလ်ကိုယ်တိုင်က ထရမ့်အစိုးရကို ပြန်လည်တရားစွဲခဲ့ရာ မက်ဆာချူးဆက်ပြည်နယ် တရားသူကြီး အဲလစ်ဆန်ဘာရို့ချ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော ပိတ်ပင်မှုဖြစ်သောကြောင့် အမိန့်ကို ယာယီ ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ နိုဘယ်ဆုရှင်ပေါင်း ၁၆၂ ယောက်ကို မွေးထုတ်ပေးခဲ့သော အမေရိကန်နိုင်ငံ၏ သမိုင်းအစဉ်အလာ အကြီးဆုံး ဟားဗတ်တက္ကသိုလ်ကြီးသည် ဂျူးမုန်းတီးရေးဝါဒဖြန့်မှု၊ လစ်ဘရစ်ဝါဒဖြန့်မှု၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်ရေးလှုံ့ဆော်ပေးနေရာ ကျောင်းကြီးဖြစ်သည် ဟု ဒေါ်နယ်ထရမ့်က စွပ်စွဲထားပြီး တက္ကသိုလ်အတွက် အစိုးရထောက်ပံ့ရန်ပုံငွေ ဒေါ်လာ ၉ ဘီလီယံ ထဲမှ

မဲခေါင်၊ မေ ၂၄

မေ ၂၂ ရက်နေ့က ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့မှ ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က ဟားဗတ်တက္ကသိုလ်ကို ပြည်ပကျောင်းသား၊ ကျောင်းသူများ လက်ခံသင်ကြားခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီးနောက် ဟားဗတ်တက္ကသိုလ်ကိုယ်တိုင်က ထရမ့်အစိုးရကို ပြန်လည်တရားစွဲခဲ့ရာ မက်ဆာချူးဆက်ပြည်နယ် တရားသူကြီး အဲလစ်ဆန်ဘာရို့ချ်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော ပိတ်ပင်မှုဖြစ်သောကြောင့် အမိန့်ကို ယာယီ ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။

နိုဘယ်ဆုရှင်ပေါင်း ၁၆၂ ယောက်ကို မွေးထုတ်ပေးခဲ့သော အမေရိကန်နိုင်ငံ၏ သမိုင်းအစဉ်အလာ အကြီးဆုံး ဟားဗတ်တက္ကသိုလ်ကြီးသည် ဂျူးမုန်းတီးရေးဝါဒဖြန့်မှု၊ လစ်ဘရစ်ဝါဒဖြန့်မှု၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်ရေးလှုံ့ဆော်ပေးနေရာ ကျောင်းကြီးဖြစ်သည် ဟု ဒေါ်နယ်ထရမ့်က စွပ်စွဲထားပြီး တက္ကသိုလ်အတွက် အစိုးရထောက်ပံ့ရန်ပုံငွေ ဒေါ်လာ ၉ ဘီလီယံ ထဲမှ ကနဦး ဒေါ်လာ ၂.၂ ဘီလီယံကို ပြန်လည်သိမ်းဆည်းလိုက်ကာ တရားဝင်စာချုပ်များဖြင့် အေဂျင်စီများမှ ပေးအပ်သည့် ဒေါ်လာသန်း ၆၀ ကို ရုပ်သိမ်းကြောင်း ဆက်တိုက်ကြေညာခဲ့သည်။

ယခုနောက်ဆုံး နိုင်ငံခြားသား ကျောင်းသားဦးရေ၏ ၄ ပုံ ၁ ပုံကျော်မှာ တရုတ်များဖြစ်နေသည်ကို အကြောင်းပြပြီး မည်သည့်နိုင်ငံခြားသားမှ လက်ခံသင်ကြားခွင့်မပြုတော့ကြောင်း ထရမ့်အစိုးရက ထပ်မံကြေညာခဲ့ရာ အမေရိကန်မက်ဆာချူးဆက်တရားရုံးတွင် တက္ကသိုလ်ဘက်မှ ထရမ့်အစိုးရကို ပြန်လည်တရားစွဲခဲ့ပြီး မေ ၂၉ ရက် စတင်ကြားနာစစ်ဆေးမည်ဟု ကြေညာခဲ့သည်။

ထိုကြေညာမှုနှင့်အတူ ထရမ့်အစိုးရ၏ ဟားဗတ်တက္ကသိုလ်အပေါ် ဆက်တိုက် အရေးယူပိတ်ဆို့နေမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း၊ ပြည်ပဧည့်ကျောင်းသားများနှင့် ပူးပေါင်းသင်ကြားမှု ပရိုဂရမ်ကိုလည်း ချိုးဖောက်ရာရောက်သဖြင့် ထိုအမိန့်ကို ဆိုင်းငံ့သည်ဟု တရားသူကြီး အဲလစ်ဆန်ဘာရို့ချ်က မေ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာ သွားခဲ့သည်။

ဟားဗတ်တက္ကသိုလ်ဥက္ကဌ အလန်ဂါဘာကလည်း ထရမ့်အစိုးရသည် ဥပဒေနှင့်မညီ၊ ခိုင်လုံမှုမရှိသော စွပ်စွဲချက်များဖြင့် ကျောင်းအား ဒုက္ခပေး အကြမ်းဖက်နေသည်ဟု ဝေဖန်သွားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းကလည်း ထရမ့်၏ လုပ်ရပ်များသည် ပညာရေးပူးပေါင်းဆောင်ရွက်မှု၌ နိုင်ငံရေးရောယှက်ခြိမ်းခြောက်ခြင်းဖြစ်သောကြောင့် လက်မခံနိုင်ဟု တုံ့ပြန်သွားခဲ့သည်။

ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ဟားဗက်တက္ကသိုလ်
#ဒေါ်နယ်ထရမ့်
#ပြည်ပကျောင်းသား
#မက်ဆာချူးဆက်ပြည်နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now