နေ့စဥ်သတင်း

တပ်တွင်းလောင်စာဆီ လီတာ ၁၀၀၀၀ ပျောက်ဆုံးမှု အငွေ့ပျံဟု ဆင်ခြေပေးမှုအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီး ဒေါသထွက်

မဲခေါင် 24 May - 2025
မဲခေါင်၊ မေ ၂၄ ဘန်ကောက်ရှိ စစ်တပ်တစ်ခုအတွင်း လောင်စာဆီ လီတာ ၁၀၀၀၀ ပျောက်ဆုံးနေကြောင်း သတင်း များကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် ယခင်ပုံစံများအတိုင်း အငွေ့ပျံသွားသည်ဟု မတော်မလျော် ဆင်ခြေပေးခြင်းအား စုံစမ်းစစ်ဆေး ဖော်ထုတ်သွားရမည်ဟု ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖမ်သမ် ဝီချာရာချိုင်က မီဒီယာများနှင့် မေ ၂၃ ရက်တွင် တွေ့ဆုံစဉ် ဒေါသတကြီး‌ ပြောကြားသွားခဲ့သည်။ မည်သည့် တပ်နယ်ဟု မသိရသော ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်သမ်က ယခုစွပ်စွဲချက် မှန်သည်၊ မှားသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ သို့သော် အောက်ခြေအထိ စုံစမ်းဖော်ထုတ်သွားရ မည်ဖြစ်ကြောင်း၊ မကြာခဏဆိုသလို တပ်တွင်း လောင်စာဆီများ ပျောက်ဆုံးမှုကို အငွေ့ပျံခြင်းကြောင့် ဟု ဆင်ခြေများပေးကြခြင်းမှာ ယုတ္တိမတန်လွန်းသော ဆင်ခြေများဖြစ်သောကြောင့်

မဲခေါင်၊ မေ ၂၄

ဘန်ကောက်ရှိ စစ်တပ်တစ်ခုအတွင်း လောင်စာဆီ လီတာ ၁၀၀၀၀ ပျောက်ဆုံးနေကြောင်း သတင်း များကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် ယခင်ပုံစံများအတိုင်း အငွေ့ပျံသွားသည်ဟု မတော်မလျော် ဆင်ခြေပေးခြင်းအား စုံစမ်းစစ်ဆေး ဖော်ထုတ်သွားရမည်ဟု ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖမ်သမ် ဝီချာရာချိုင်က မီဒီယာများနှင့် မေ ၂၃ ရက်တွင် တွေ့ဆုံစဉ် ဒေါသတကြီး‌ ပြောကြားသွားခဲ့သည်။

မည်သည့် တပ်နယ်ဟု မသိရသော ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်သမ်က ယခုစွပ်စွဲချက် မှန်သည်၊ မှားသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ သို့သော် အောက်ခြေအထိ စုံစမ်းဖော်ထုတ်သွားရ မည်ဖြစ်ကြောင်း၊ မကြာခဏဆိုသလို တပ်တွင်း လောင်စာဆီများ ပျောက်ဆုံးမှုကို အငွေ့ပျံခြင်းကြောင့် ဟု ဆင်ခြေများပေးကြခြင်းမှာ ယုတ္တိမတန်လွန်းသော ဆင်ခြေများဖြစ်သောကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဟု ပြောဆိုသွားခြင်းဖြစ်သည်။

“ အငွေ့ပျံသွားသတဲ့လား။ လီတာ သောင်းချီပြီး အငွေ့ပျံသွားသတဲ့လား။ ရှင်းလင်းချက်မှန်သမျှက ကျိုးကြောင်းဆီလျော်ရှိရမယ်။ တင်ပြမှုကို နားထောင်ပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးသွားရမှာပဲ ” ဟု ဖမ်သမ်က ဒေါသတကြီး ပြောသွားခြင်းဖြစ်သည်။

ယခုလို လှောင်ကန်ဖြင့် စနစ်တကျထားသော လောင်စာဆီများ လျော့နည်းခြင်းမျိုးကို အငွေ့ပျံခြင်းဟု ဆင်ခြေပေးခဲ့သည့် ဖြစ်ရပ်မျိုး ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တစ်ကြိမ် ဟိုးလေးတကျော်ဖြစ်ပွားခဲ့သေးသည်။

ထိုစဉ်က ထိုင်းစစ်တပ် လောင်စာဆီဌာနမှ ဗိုလ်မှူးသည် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုထံမှ ဆီ လီတာ ၉၀၀၀ မှာယူခဲ့ကာ အခြားတပ်များအတွက် ပြန်လည်ဖြန့်ဝေပေးရာတွင် 95 ဓာတ်ဆီ လီတာ ၃၀၀၊ 91 ဓာတ်ဆီ လီတာ ၆၀၀၀ မှာ များစွာ လျော့နည်းနေခဲ့သလို စုစုပေါင်း လီတာ ၂၀၀၀၀ ပြန်လည် ဖြန့်ဖြူးရာတွင်လည်း လီတာ သောင်းချီမှာ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး အပူရှိန်ကြောင့် အငွေ့ပျံလျှော့နည်းသွားသည်ဟု ဆင်ခြေပေးခဲ့ဖူးသည်။

လောင်စာဆီ ကျွမ်းကျင်သူများကိုယ်တိုင်က ဓာတ်ဆီသည် ပြန်လည် ဖြည့်တင်းချိန်၊ အပူရှိန်ကြောင့် ဖြစ်စေ အငွေ့ပျံမှုအနည်းငယ် ရှိသော်လည်း စစ်တပ်မှ အလုံပိတ်ဆီသိုလှောင် Tank များနှင့် သိမ်းဆည်း ထားသော ဆီများသည် အငွေ့ပျံလျှင်လည်း အနည်းငယ်သာ လျော့နည်းသဖြင့် လီတာ သောင်းချီ အငွေ့ ပျံစရာမရှိဟု သုံးသပ်ကာ ထိုဆင်ခြေမှာ ပြည်သူများအကြား လှောင်ပြောင်စရာဖြစ်ခဲ့သည်။

ကိုကလင်း
Ref:The Nation
#ထိုင်းစစ်တပ်
#လောင်စာဆီ
#အငွေ့ပျံ
#ဘန်ကောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now