နေ့စဥ်သတင်း

ဝါရှင်တန်ရှိ ဂျူးပြတိုက်အနီး အစ္စရေးသံရုံးဝန်ထမ်း ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံရ

မဲခေါင် 22 May - 2025
မဲခေါင်၊ မေ ၂၂ မေ ၂၁ ရက်ညတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ဂျူးပြတိုက်အနီး အစ္စရေးသံရုံးဝန်ထမ်း ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ ဒေသစံတော်ချိန် ည ၉ နာရီ ၅ မိနစ်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်ကာ ပစ်မှတ်ထားပြီး အကြမ်းဖက်ခြင်းဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောဆိုသလို အခင်းဖြစ်ရာနေရာသည် FBI အပါအဝင် အစိုးရအဆောက်အအုံများစွာ ရုံးစိုက်ရာအနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူမှာ အသက် ၃၀ အရွယ် ချီကာဂိုမြို့မှ အီးလီးယက်စ်ရိုဒရီဂွက်ဇ်နှင့် ချစ်သူတို့ဖြစ်ကာ ပြတိုက်ထဲမှ အထွက် လူ ၄ ဦးပါဝင်သော အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မျက်မြင် သက်သေများ၏အဆိုအရ

မဲခေါင်၊ မေ ၂၂

မေ ၂၁ ရက်ညတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ဂျူးပြတိုက်အနီး အစ္စရေးသံရုံးဝန်ထမ်း ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ ဒေသစံတော်ချိန် ည ၉ နာရီ ၅ မိနစ်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်ကာ ပစ်မှတ်ထားပြီး အကြမ်းဖက်ခြင်းဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောဆိုသလို အခင်းဖြစ်ရာနေရာသည် FBI အပါအဝင် အစိုးရအဆောက်အအုံများစွာ ရုံးစိုက်ရာအနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူမှာ အသက် ၃၀ အရွယ် ချီကာဂိုမြို့မှ အီးလီးယက်စ်ရိုဒရီဂွက်ဇ်နှင့် ချစ်သူတို့ဖြစ်ကာ ပြတိုက်ထဲမှ အထွက် လူ ၄ ဦးပါဝင်သော အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မျက်မြင် သက်သေများ၏အဆိုအရ ပါလက်စတိုင်းလွတ်လပ်ခွင့်ပေးဟု လက်နက်ကိုင်များက အော်ဟစ်ကြုံးဝါးခဲ့သည်ဟု သိရှိရသည်။

အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး ခရစ္စတီနိုအမ်က အကြောင်းမဲ့ အကြမ်းဖက်မှုဟု ဆိုကာ တခြားသော အများပြည်သူဆိုင်ရာ အန္တရာယ်ပေးမှု မရှိခဲ့ကြောင်း ထုတ်ပြန်သွားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း လူမျိုးရေးခွဲခြားအကြမ်းဖက်သော မိုက်မဲသည့်လုပ်ရပ်ဟုဆိုခဲ့ကာ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်နိုင်ငံတွင် ယခုလို အမုန်းတရားနှင့် လူမျိုးခွဲခြားစော်ကား တိုက်ခိုက်မှုမျိုး လုံး၀ မရှိစေရဟု ဒေါသတကြီး ထုတ်ပြန်ပြောဆိုခဲ့သည်။

အမေရိကန်ရှိ အစ္စရေးသံအမတ်ကြီး ယီချီရယ်လိုင်တာက သေဆုံးသွားသော စုံတွဲသည် မကြာသေးမီ ကမှ စေ့စပ်လက်စွပ်ဝယ်ခဲ့ကြသူများဖြစ်ကာ မကြာခင် ဂျေရုဆလင်တွင် မင်္ဂလာပွဲ ဆင်နွှဲရန် စီစဉ်ထား ကြသူများဖြစ်သည်ဟု ဝမ်းနည်းကြောင်း စကားနှင့်အတူ ထုတ်ပြန်ပြောဆိုခဲ့သည်။

ကိုကလင်း
Ref:CNN
#MeKongNews
#အမေရိကန်
#ဂျူးပြတိုက်
#အစ္စရေး
#ချီကာဂို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now