မဲခေါင်၊ မေ ၂၀
အင်ဒိုနီးရှား ရေပိုင်နက်ဖြစ်သော ရီယူကျွန်းအနီး ထိုင်းအလံလွှင့်ထူထားသော သင်္ဘောတစ်စီး အရှိန်မြှင့် မောင်းပြေးရာတွင် အင်ဒိုနီးရှားရေတပ်က လိုက်လံဖမ်းဆီးမိပြီးနောက် သင်္ဘောသည် ထိုင်းမာလိန်မှူးမောင်းနှင်သည့် ထိုင်းအလံလွှင့် သင်္ဘောဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသား ၄ ဦးလည်း ဖမ်းဆီးရမိခဲ့သည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။
ကိုကင်းအများစုပါဝင်ကာ စိတ်ကြွဆေးများနှင့်ပေါင်းလျှင် ၁ . ၉ တန်ရှိပြီး ဒေါ်လာ ၄၂၈ သန်း တန်ကြေးရှိ မူးယစ်ဆေးများဖမ်းမိမှုသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် အများဆုံး ဖမ်းမိခြင်းဖြစ်ခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်ပြီး မေ ၁၉ ရက်၌ ထိုင်းဘက်မှ မိမိတို့နိုင်ငံမှ သင်္ဘောမဟုတ်ကြောင်းနှင့် မာလိန်မှူးသည်လည်း မိမိတို့ နိုင်ငံသား မဟုတ်သည်ကို မှတ်ပုံတင်စာရင်းစစ်ဆေးမှုများအရ သိရသည် ဟု ငြင်းဆိုသွားခဲ့သည်။
ထိုင်းရေကြောင်းထိန်းသိမ်းရေး ကွပ်ကဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsub က ထိုင်းမှတ်ပုံ တင်ထားသည့် ရေယာဉ်များထဲတွင် Aungtoetoe499 ဆိုသည့် သင်္ဘောအမျိုးအစားမရှိသလို မာလိန်မှူးဆိုသည့် ဘာအိုပွန်ကင်ကရူးဆိုသူသည်လည်း ထိုင်းနိုင်ငံသားစာရင်းတွင် ရှိမနေသူဖြစ်ကြောင်း၊ စကားပြန်၏ ပြောဆိုမှုအရ ကင်ကရူး၏ မိဘနှစ်ပါးသည် မြန်မာများဖြစ်ကာ ထိုင်းတောင်ပိုင်း ရနောင်း ခရိုင်တွင် နေထိုင်သူများသာဖြစ်ကြောင်း၊ ထို့ကြောင့် ဂျကာတာရှိ ထိုင်းသံရုံးမှ ယခုအမှုအတွက် ထိုင်းနိုင်ငံနှင့်မပတ်သက်သည်ကို ရှင်းလင်းစွာ စစ်ဆေးထုတ်ပြန်နိုင်ရန် တောင်းဆိုခဲ့သည်ဟု မေ ၁၉ ရက် တွင် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
သတင်းများအရ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကိုကင်း ၁ . ၂ တန်နှင့် စိတ်ကြွဆေး ၇၀၅ ကီလိုဂရမ်ဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#အင်ဒိုနီးရှား
#မူးယစ်ဆေးဝါး
#ထိုင်းနိုင်ငံသား
#မာလိန်မှူး








