မဲခေါင်၊ မေ ၁၇
မေ ၁၅ ရက်က ထိုင်းနိုင်ငံရှိ သက်တော်ဝါတော်ရင် နာမည်ကြီး ဆရာတော် ဓမ္မဗဂျီယာရာနူဗာတာရာ (သက်တော် ၇၀) သည် သီတင်းသုံးရာ နာမည်ကြီး နာခွန်းပသွမ်ခရိုင် ရိုင်ခင်း ဘုန်းတော်ကြီးကျောင်းပိုင် အလှူငွေ ဘတ်သန်း ၃၀၀ ကို အွန်လိုင်းလောင်းကစား ဖဲရိုက်ပစ်ခဲ့မှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် နောက်ထပ် ဆက်စပ်သံသယတရားခံအဖြစ် ကျောင်းသူအရွယ်ကတည်းက ဆရာတော်နှင့်အလွန်ရင်းနှီးခဲ့သည့် ထိုင်းအမျိုးသမီးငယ် တစ်ဦးကိုပါ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုင်းစုံစမ်းစစ်ဆေးရေးမှူးများက ဆရာတော်ကို စစ်ဆေးရာတွင် ယင်းအလွဲသုံးစားမှုနှင့် ဆက်စပ် သံသယတရားခံများထဲ အမျိုးသမီးငယ်တစ်ဦးကိုပါ စုံစမ်းသိရှိရပြီး ပတ္တရားမြို့ ကွန်ဒိုတိုက်ခန်း၌ ထပ်မံဖမ်းဆီးခဲ့သည်။
၂၀၂၁ ခုနှစ်က ဆရာတော်သည် ကျောင်းသူဘ၀ကတည်းက ရင်းနှီးခဲ့သည့် ဒကာမ အမျိုးသမီးငယ် အာရန်ယာဝမ်ကို ဘတ် သန်း ၄၀ ချေးငှားခဲ့ကြောင်းတွေ့ရှိရသလို ဖုန်းမှတ် တမ်းများစစ်ဆေးရာတွင် အာရန်ယာဝမ်နှင့် ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းများ တိုင်ပင်ခြင်း၊ အကြွေး ဘတ် ၅သန်း တောင်ခံမှု ၄ မှုနှင့်ပတ်သက်ပြီး တိုင်ပင်ပြောဆိုကြခြင်းများပါ သက်သေအဖြစ် တွေ့ရှိရသလို ဆရာတော်၏ ဖုန်းထဲ အမျိုးသမီးငယ် ရေချိုးနေသည့် ဗီဒီယိုမှတ်တမ်းများလည်း တွေ့ရှိခဲ့ရသည်ဟု သိရှိရသည်။
ကိုကလင်း
Ref:Khaosodenglish
#MeKongNews
#ထိုင်းဘုန်းတော်ကြီး
#အွန်လိုင်းလောင်းကစား
#ရိုင်ခင်ဘုန်းတော်ကြီးကျောင်း
#ဓမ္မရာချီဝါနူဝပ်








