နေ့စဥ်သတင်း

နောင်ချို၊ သရက်ချိုရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒဏ်ရာရသူ ၇ ဦး ထပ်မံသေဆုံး

မဲခေါင် 11 May - 2025
မဲခေါင်၊ မေ ၁၁ ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် မေလ ၈ရက်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သူ ၇ ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၈ ရက်၊ ညနေပိုင်း ၆ နာရီခန့်တွင် သရက်ချိုရွာ၌ ကျင်းပပြုလုပ်သည့် မင်္ဂလာဆောင်အခမ်းအနားအပေါ် စစ်ကောင်စီ၏ တောင်ခမ်းအခြေစိုက် အမှတ် (၉၀၂) မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ကာ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ ၄ ဦးနေရာတင် ပွဲချင်းပြီးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဒဏ်ရာရရှိထားသူများကို

မဲခေါင်၊ မေ ၁၁

ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် မေလ ၈ရက်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သူ ၇ ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၈ ရက်၊ ညနေပိုင်း ၆ နာရီခန့်တွင် သရက်ချိုရွာ၌ ကျင်းပပြုလုပ်သည့် မင်္ဂလာဆောင်အခမ်းအနားအပေါ် စစ်ကောင်စီ၏ တောင်ခမ်းအခြေစိုက် အမှတ် (၉၀၂) မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ကာ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ ၄ ဦးနေရာတင် ပွဲချင်းပြီးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဒဏ်ရာရရှိထားသူများကို ဆေးရုံသို့ပို့ဆောင်ပြီး ကုသမှုခံယူနေစဥ် မေလ ၁၀ ရက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာခဲ့ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

“ဒဏ်ရာရ ၇ ဦးကို ဆေးရုံပို့ထားရာက ဆုံးသွားကြောင်းပဲ သိထားပါတယ်။ ကျား၊မ အသက် အဲ့လိုမျိုးတော့ မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီသည် မေလ ၆  ရက်နေ့တွင် အပစ်အခတ်ရပ်စဲကာလ တစ်လ ထပ်မံတိုးမြင့်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

သရက်ချိုရွာကိုပင် မေလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကြဲချခဲ့ပြီး လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထပ်မံပစ်ခတ်ခဲ့သလို အနီးပတ်ဝန်းကျင်ရှိ ယာပြင်၊ အုမ္မာတီး၊ နောင်လင်ရွာတို့ကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

မေလ ၁၀ ရက်နေ့တွင်လည်း သရက်ချိုကျေးရွာ၊ ယာပြင်ကျေးရွာ၊ အုမ္မာတီးရွာ၊ အုမ္မာဆယ်ရွာနှင့် မတ်မန်းတောရွာတို့ကို စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့သည်။

ဂနိုက်
#MeKongNews
#သရက်ချိုရွာ
#လက်နက်ကြီး
#စစ်ကောင်စီ
#နောင်ချို
#TNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now