နေ့စဥ်သတင်း

ပါကစ္စတန်ဘက်မှ တုံ့ပြန်တိုက်ခိုက်လာနိုင်သည့်အတွက် အိန္ဒိယပြည်နယ်များစွာတွင် ကာကွယ်ပြင်ဆင်ထားရန် လှုံ့ဆော်

မဲခေါင် 8 May - 2025
မဲခေါင်၊ မေ ၈ ပါကစ္စတန်ဘက်သို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများပြုလုပ်အပြီး နာရီပိုင်းအကြာမှာပင် အိန္ဒိယ အစိုးရသည် နိုင်ငံအနောက်ပိုင်းမှသည် အရှေ့ဖျားအထိ အရေးပါသော ပြည်နယ်များစွာတွင် ပါကစ္စတန် ၏ တုံ့ပြန်တိုက်ခိုက်လာနိုင်မှုအတွက် ကာကွယ်ပြင်ဆင်ထားနိုင်ရေး လှုံဆော်သတိပေးထားသည်။ မေ ၇ ရက်နေ့ မနက်ပိုင်းမှာပင် ဂျမူး၊ ကက်ရှ်မီးယား၊ လာဒက်ရှ် မြို့တော်ဝန်များ၊ အက်တာပရာဒက်ရှ်၊ အက်တာရာခန်း၊ ပန်ဂျပ်၊ ရာဂျက်စ်သန်၊ ဂူဂျာရတ်၊ အနောက်ဘန်ဂေါနှင့်ဆစ်ခင်ပြည်နယ်များမှ အစိုးရ တာဝန်ရှိသူများသည် ဗီဒီယိုကွန်းဖရန့်အစည်းအဝေးလုပ်ပြီးနောက် လုံခြုံရေးအခြေအနေများကို ပြန် လည်သုံးသပ်ရန်၊ ကိုယ့်ပြည်နယ်နှင့်ကိုယ် လမ်းညွှန်ချက်များနှင့်အညီ ပါကစ္စတန်ဘက်မှ တုံ့ပြန်တိုက် ခိုက်လာနိုင်မှုအတွက် ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်ထားကြရန်၊ မရှိမဖြစ် ဝန်ဆောင်မှု လုပ် ငန်းများဖြစ်သော ဆေးရုံများ၊

မဲခေါင်၊ မေ ၈

ပါကစ္စတန်ဘက်သို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများပြုလုပ်အပြီး နာရီပိုင်းအကြာမှာပင် အိန္ဒိယ အစိုးရသည် နိုင်ငံအနောက်ပိုင်းမှသည် အရှေ့ဖျားအထိ အရေးပါသော ပြည်နယ်များစွာတွင် ပါကစ္စတန် ၏ တုံ့ပြန်တိုက်ခိုက်လာနိုင်မှုအတွက် ကာကွယ်ပြင်ဆင်ထားနိုင်ရေး လှုံဆော်သတိပေးထားသည်။

မေ ၇ ရက်နေ့ မနက်ပိုင်းမှာပင် ဂျမူး၊ ကက်ရှ်မီးယား၊ လာဒက်ရှ် မြို့တော်ဝန်များ၊ အက်တာပရာဒက်ရှ်၊ အက်တာရာခန်း၊ ပန်ဂျပ်၊ ရာဂျက်စ်သန်၊ ဂူဂျာရတ်၊ အနောက်ဘန်ဂေါနှင့်ဆစ်ခင်ပြည်နယ်များမှ အစိုးရ တာဝန်ရှိသူများသည် ဗီဒီယိုကွန်းဖရန့်အစည်းအဝေးလုပ်ပြီးနောက် လုံခြုံရေးအခြေအနေများကို ပြန် လည်သုံးသပ်ရန်၊ ကိုယ့်ပြည်နယ်နှင့်ကိုယ် လမ်းညွှန်ချက်များနှင့်အညီ ပါကစ္စတန်ဘက်မှ တုံ့ပြန်တိုက် ခိုက်လာနိုင်မှုအတွက် ကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်ထားကြရန်၊ မရှိမဖြစ် ဝန်ဆောင်မှု လုပ် ငန်းများဖြစ်သော ဆေးရုံများ၊ မီးသတ်ဌာနများ၊ မရှိမဖြစ် ကုန်စည်နှင့်စားသောက်ကုန်များ မပြတ် တောက်စေရေး သေချာစွာ စီစဉ်ထားကြရန် ပြည်ထဲရေးဝန်ကြီး ရှားက လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်မီဒီယာများတွင် မလိုလားအပ်သော အမျိုးသားဆန့်ကျင်ရေးဝါဒများ မပြန့်ပွားရေး တင်းတင်းကြပ်ကြပ် ကြပ်မတ်ဆောင်ရွက်ရန်၊ ပြည်နယ်အစိုးရများနှင့်သက်ဆိုင်ရာ ဗဟိုအေဂျင်စီများ စဉ်ဆက်မပြတ်ဆက်သွယ်မှုပြုလုပ်ရန်၊ လုံခြုံမှုအားနည်းသော နေရာများတွင် ပိုမိုလုံခြုံစေရေး စီစဉ် ဆောင်ရွက်ကြရန်၊ ကပ်ဘေးကာကွယ်မှုဆိုင်ရာ တုံ့ပြန်မှုများ၊ ပြည်သူ့ကာကွယ်ရေးစနစ်၊ အိမ်စောင့်တပ်နှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူ့လုံခြုံရေးကို အထူးဂရုပြုကြစေရန် ဝန်ကြီးရှားက လမ်းညွှန်းခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၂ ရက်နေ့က ပါကစ္စတန်ဘက်မှ အစ္စလာမ် စစ်သွေးကြွများသည် ကက်ရှ်မီးယားဒေသ အိန္ဒိယ ထန်းချုပ်နယ်မြေ ပဟယ်လ်ဂမ်တွင် ခရီးသွား အိန္ဒိယအရပ်သား အမျိုးသား ၂၅ ယောက်နှင့် နီပေါသား ၁ ဦးကို ဟိန္ဒူဘာသာဝင်လားဟု မေးပြီး အနီးကပ်ပစ်သတ်ခဲ့မှုကြောင့် မေ ၆ ရက်ည သန်းခေါင်းကျော် တွင် အိန္ဒိယဘက်မှ နယ်စပ်ဒေသ ပါကစ္စတန်ပိုင်နက်အတွင်း စစ်သွေးကြွများ အခြေစိုက်သည်ဆိုသော ပစ်မှတ် ၉ ခုကို ဒုံးကျည်များ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၃၁ ယောက် သေဆုံးခဲ့ရသည်။

နျူကလီးယားပိုင်ဆိုင်ထားသော နှစ်နိုင်ငံ ယခုလိုဆက်လက်တင်းမာနေလျှင် နျူကလီးယားစစ်ပွဲ စတင် ဖြစ်ပွားမည်ကို ကမ္ဘာ့နိုင်ငံကြီးအသီးသီးမှလည်း စိုးရိမ်နေပြီး ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးကိုယ် တိုင်က အိန္ဒိယဘက်မှ ဆက်တင်းမာနေလျှင် တူညီသော တုံ့ပြန်မှု ပြုလုပ်မည်ဖြစ်ကာ နျူကလီးယား စစ်ပွဲဖြစ်သွားနိုင်ကြောင်းပါ ပြောဆိုထားသောကြောင့်လည်း အိန္ဒိယဘက်မှ ပြည်နယ်များစွာတွင် တိုက်ခိုက်ခံရနိုင်မှုများအတွက် လုံခြုံရေးစီမံဆောင်ရွက်ရေး တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်သည်။

ကိုကလင်း
Ref: dawn
#MeKongNews
#အိန္ဒိယ
#ပါကစ္စတန်
#ကက်ရှ်မီးယား
#နျူကလီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now