နေ့စဥ်သတင်း

ဘီလူးချောင်းအရှေ့ဖက်ရွာများကို စစ်ကောင်စီ လက်နက်ကြီးနှင့် ပစ်ခတ်၊ နေအိမ်နှင့် ရွာခန်းမ ပျက်စီး

မဲခေါင် 4 May - 2025
မဲခေါင်၊ မေ ၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အင်းလေးဒေသ၊ ဘီလူးချောင်းအရှေ့ဖက်ရှိ နန်းတုတ်ကျေးရွာနှင့် ကုန်းသာ (ခ) မစွန့်ခွမ်‌ကျေးရွာများကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်တစ်လုံးနှင့် ကျေးရွာခန်းမဆောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်သည်။ မေလ ၂ ရက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA ပြည်သူ့စစ် တို့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး နေ့လယ် မွန်းတည့်ချိန် ၁၂ နာရီဝန်းကျင်မှ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်အထိ  ဘီလူးချောင်းအရှေ့ဖက်ခြမ်းရှိ နန်းတုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး နှင့်

မဲခေါင်၊ မေ ၄

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အင်းလေးဒေသ၊ ဘီလူးချောင်းအရှေ့ဖက်ရှိ နန်းတုတ်ကျေးရွာနှင့် ကုန်းသာ (ခ) မစွန့်ခွမ်‌ကျေးရွာများကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်တစ်လုံးနှင့် ကျေးရွာခန်းမဆောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်သည်။

မေလ ၂ ရက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA ပြည်သူ့စစ် တို့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး နေ့လယ် မွန်းတည့်ချိန် ၁၂ နာရီဝန်းကျင်မှ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်အထိ  ဘီလူးချောင်းအရှေ့ဖက်ခြမ်းရှိ နန်းတုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး နှင့် ကုန်းသာ (ခ) မစွန့်ခွမ်‌ ကျေးရွာကို လက်နက်ကြီး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ကုန်းသာရွာမှ ပြည်သူလူထုနေ အိမ်တစ်လုံးနှင့် နန်းတုတ်ကျေးရွာခန်းမဆောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကုန်းသာမှာက ရွာသားတွေလည်း ရှိနေကြတော့ ၉ လုံးတောင်ကျတာဆိုတော့ လန့်သွားကြတာပေါ့။ သူတို့ဗုံးခိုကျင်းတွေတော့ လုပ်ထားကြတယ်။ လက်နက်ကြီးက မကျတာကြာပြီ။ အဲဒီဘက်က မနေ့ကမှ တောက်လျှောက်ထုနေတာ။ ဒီနေ့တော့ မရှိသေးဘူးရှင့်” ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့  မှတ်တမ်းပြုစုသူက မဲခေါင်ကို မေလ ၃ ရက်တွင် ပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်၊ ည ၉ နာရီခန့်တွင်လည်း စစ်ကောင်စီနှင့်လက်အောက်ခံ PNA ပြည်သူ့စစ် တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်စုံရွာဘက်မှ မီးလောင်ဗုံး ၄ လုံးကို နန်းတုတ်ရွာသို့ ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

နန်းတုတ်ကျေးရွာသည် အင်းလေးဒေသနှင့် ဖယ်ခုံနယ်စပ်တွင်တည်ရှိကာ ပင်လောင်းမြို့နယ်ထဲတွင် ပါဝင်ပြီး အင်းသားလူမျိုးအများစု နေထိုင်သည့်ရွာဖြစ်သည်။

စစ်‌ကောင်စီနှင့် လက်အောက်ခံ PNO/PNA တို့က နိုင်ငံတဝှမ်းတွင် နယ်မြေများလက်လွှတ် ဆုံးရှုံးထားရသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဖယ်ခုံ၊ မိုးဗြဲရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပြည်သူများ ထိခိုက်သေကြေ ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

မဟာ
#MeKongNews
#ဘီလူးချောင်း
#ပင်လောင်း
#PNO
#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now