နေ့စဥ်သတင်း

DSI မှဟု လိမ်လည်ကာ PhD ဘွဲ့ရ ထိုင်းလူငယ်အင်ဂျင်နီယာထံမှ ကျားဖြန့်သမားများ ဘတ် ၈ သန်း ကျော်လိမ်သွား

မဲခေါင် 4 May - 2025
DSI မှဟု လိမ်လည်ကာ PhD ဘွဲ့ရ ထိုင်းလူငယ်အင်ဂျင်နီယာထံမှ ကျားဖြန့်သမားများ ဘတ် ၈ သန်း ကျော်လိမ်သွား မဲခေါင်၊ မေ ၄ အသက် ၃၂ နှစ်သာရှိသေးသော PhD ဘွဲ့ရ ထိုင်းလူငယ်အင်ဂျင်နီယာ ဆီဝပ်ဆိုသူကို ကျားဖြန့် လူလိမ်များက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှဟုဆိုကာ လိမ်လည်ခြိမ်းခြောက်ပြီး ဘတ် ၈ သန်း ကျော်ရယူသွားကြောင်း သိရသည်။ ယင်းပို့စ်ကို ထိုင်းလူမှုကွန်ရက်မီဒီယာပေါ် နာမည်ကြီးတက်ကြွလှုပ်ရှားသူအဖြစ် အောင်မြင်နေသည့် ရှင်သန်ခြင်း အဖွဲ့ထူထောင်သူ Ekkapop Luangprasert က ၎င်း၏ ဖေ့စ်ဘုတ်ပေါ် မျှဝေခြင်းဖြင့် လူသိများသွားခဲ့ခြင်းဖြစ်သည်။ ပြည်ပတွင် ၉ နှစ်ကြာ အလုပ်လုပ်ကိုင်ကာ စုဆောင်းမိပြီး

DSI မှဟု လိမ်လည်ကာ PhD ဘွဲ့ရ ထိုင်းလူငယ်အင်ဂျင်နီယာထံမှ ကျားဖြန့်သမားများ ဘတ် ၈ သန်း ကျော်လိမ်သွား

မဲခေါင်၊ မေ ၄

အသက် ၃၂ နှစ်သာရှိသေးသော PhD ဘွဲ့ရ ထိုင်းလူငယ်အင်ဂျင်နီယာ ဆီဝပ်ဆိုသူကို ကျားဖြန့် လူလိမ်များက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှဟုဆိုကာ လိမ်လည်ခြိမ်းခြောက်ပြီး ဘတ် ၈ သန်း ကျော်ရယူသွားကြောင်း သိရသည်။

ယင်းပို့စ်ကို ထိုင်းလူမှုကွန်ရက်မီဒီယာပေါ် နာမည်ကြီးတက်ကြွလှုပ်ရှားသူအဖြစ် အောင်မြင်နေသည့် ရှင်သန်ခြင်း အဖွဲ့ထူထောင်သူ Ekkapop Luangprasert က ၎င်း၏ ဖေ့စ်ဘုတ်ပေါ် မျှဝေခြင်းဖြင့် လူသိများသွားခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် ၉ နှစ်ကြာ အလုပ်လုပ်ကိုင်ကာ စုဆောင်းမိပြီး ထိုင်းသို့ ပြန်လာသည်မှာ တစ်နှစ်ဝန်းကျင်သာ ရှိသေးသူ ဆူဝပ်က မိမိထံ ကျားဖြန့်လူလိမ်များ၏ ဖုန်းခေါ်ဆိုမှုများ ယခင်ရှိခဲ့သော်လည်း ကြိုသိနေသဖြင့် ပြဿနာမရှိခဲ့ကြောင်း၊ သို့သော် ယခု လိမ်လည်မှုသည် မိမိအား ပူးပေါင်းဆောင်ရွက်စေလိုစိတ်၊ ကြောက်စိတ်၊ ခိုင်းစေသမျှ လိုက်နာစေရန်စိတ်မျိုးများ ပေါ်သည်အထိ အကွက်ချကာ မယုံမရှိဖြစ်ရလေရန် အပိုင်လိမ်လည်ခြင်းမျိုးဖြစ်သဖြင့် အံ့ဩရကြောင်း ဖွင့်ဟခဲ့သည်။

လိမ်လည်ပုံမှာ ဧပြီ ၅ ရက်က ကျားဖြန့်လူလိမ်တစ်ယောက် ဖုန်းခေါ်ဆိုလာပြီး သူသည် DSI မှ အရာရှိ ဖြစ်ကြောင်း၊ မကြာသေးခင်က ဖမ်းဆီးခံရသော နိုင်ငံသိ နိုင်ငံရေးသမားဟောင်းနှင့်ပတ်သက်သည့် ဘဏ်အကောင့်ကို ဆူဝပ်က ဖွင့်လှစ်ထားသဖြင့် အမှုကြီးစွာ ပတ်နေကြောင်း ခြိမ်းခြောက်လာသည်ဟု ဆိုသည်။

ထို့နောက် Line တွင် သူငယ်ချင်းအဖြစ် ထိုသူကို လက်ခံကာ ဗီဒီယိုကောပင်ပြောဆိုပြီးနောက် အမှုတွဲသံသယတရားခံဖြစ်စေသည့် စာရွက်စာတမ်းများကိုပါ အခိုင်အမာသဖွယ် ထုတ်ပြလာကြောင်း၊ ငွေကြေးလမ်းကြောင်း စစ်ဆေးရန်အတွက် ဘဏ်အတွင်းရှိ ငွေများကို စစ်ဆေးခံရန်လွှဲပေးရမည်ဖြစ်ကာ အမှုကြီးသည့်အတွက် အခန်းတစ်ခန်းထဲတွင် ကိုယ်တိုင် အပြင်ထွက်ခွင့်မရဘဲ ပိတ်လှောင်ခံ စုံစမ်းနေရခြင်းဖြစ်သည်ဟု ပြောကြောင်း၊ အခြား DSI ဌာနမှ အရာရှိများဟန်ဆောင်သူ အမျိုးသမီးသံများနှင့်ပင် အမှုကို အဟုတ်ရှိသည့်အတိုင်းဆင်ကာ ဖုန်းဆက်ခဲ့ပြီး ၇ ရက်၊ ၇ ညလုံး ငွေများ ၁၁ ကြိမ် လွှဲပြောင်းပေးအပ်စေခဲ့ရာ စုစုပေါင်း ဘတ် ၈ . ၄၆ သန်း ပါသွားခဲ့ကြောင်း၊ ထိုမျှနှင့် အားမရသေးဘဲ ဘတ် ၇ သန်းတန် ကွန်ဒိုခန်းကို ပေါင်နှံခြင်းပြုလုပ်ကာ ထိုငွေများကိုပါ လွှဲပေးရန် ခိုင်းစေမှုအား ကြောက်ရွံ့စိတ်ဖြင့် လိုက်လုပ်ခဲ့ရာ ပေါင်နှံ့မှုမအောင်မြင်သောကြောင့်သာ ကံကောင်းခဲ့ ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် လက်ရှိတွင် မြန်မာနယ်စပ်ရှိ ကျားဖြန်လုပ်ငန်းများအား စီမံကိန်းချပြီး တရုတ်အပါ အာဆီယံ နိုင်ငံများနှင့် ပူးပေါင်းနှိမ်နင်းနေသည်ဆိုသော်လည်း ထိုင်းနိုင်ငံအတွင်း ယခုလို အစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းများနာမည်ပါ အသုံးချပြီး ဘတ်သန်းပေါင်းများစွာ လိမ်လည်ခံရမှုများ ပပျောက်သွားခြင်းမရှိသေးသည့်အတွက် ဝေဖန်မှုများလည်း ဆက်တိုက် ထွက်ပေါ်နေသည်။

ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#ဘဏ်အကောင့်
#ကွန်ဒို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now