နေ့စဥ်သတင်း

စိန်ကျော့တပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ဟု SSPP ဆို၊ MNDAA အင်အားထပ်ဖြည့်နေ

မဲခေါင် 1 May - 2025
မဲခေါင်၊ မေ၁ ကိုးကန့်တပ်ဖွဲ့ – MNDAA တပ်များ ဝင်ရောက်သိမ်းပိုက်လိုက်သည့် စိန်ကျော့တပ်စခန်းကို SSPP က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း SSPP Info က ဧပြီ ၃၀ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ လက်ရှိတွင် SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊  တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စသည့် နေရာများ၌ ကိုးကန့်တပ် MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေ အနေများ ရှိနေကြောင်းလည်း SSPP ဘက်က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင်ဧပြီလ ၂၉ ရက်နေ့တွင်

မဲခေါင်၊ မေ၁

ကိုးကန့်တပ်ဖွဲ့ – MNDAA တပ်များ ဝင်ရောက်သိမ်းပိုက်လိုက်သည့် စိန်ကျော့တပ်စခန်းကို SSPP က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း SSPP Info က ဧပြီ ၃၀ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊  တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စသည့် နေရာများ၌ ကိုးကန့်တပ် MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေ အနေများ ရှိနေကြောင်းလည်း SSPP ဘက်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင်ဧပြီလ ၂၉ ရက်နေ့တွင် MNDAA တပ်က ရှမ်းတပ်မတော် SSPP/SSA လှုပ်ရှားနယ်မြေအတွင်း ကျုးကျော်ဝင်လာပြီး SSPP/SSA တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရိုက်နှက်မှု၊ တပ်နေရာအတင်း ပြောင်း ရွှေ့ခိုင်းမှုကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။

ယင်းနှစ်ဖက်ထိတွေ့တိုက်ပွဲသည် သီပေါမြို့ နယ် တင်းဟိုင်းကျေးရွာနှင့်ဟူးမီကျေးရွာ အနီး ၂ နာရီနီးပါးအကြာ ပစ်ခတ်ခဲ့ကြပြီး MNDAA ဘက်မှ တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိကြောင်း ပါရှိသည်။

၎င်း၏ စစ်သတင်းအရင်းအမြစ်၏ပြောပြချက်အရ နံနက် ၁၀နာရီမှ ၁၂နာရီအထိနှင့်နေ့လယ် ၂နာရီတွင် မိုင်းကျက်၊ မိုင်းရော်၊ ဟိုဟွေးဘက်က SSPP တပ်စခန်း ထပ်မံတိုက်ခိုက်ခံရပြီး ညနေ ၃နာရီခွဲတွင် MNDAA က စိန်ကျော့တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ကြောင်း၊ SSPP ဘက်က မိုင်းကျက်တပ်စခန်းက တပ်သား ၂ ဦးဒဏ်ရာရရှိပြီး နားနန်းဘက်တွင်လည်း MNDAA ရိုက်နက်မှုကြောင့် တပ်သား ၂ ဦးဒဏ်ရာရခဲ့သည်ဟု ပါရှိသည်။

ယမန်နေ့ရက်စွဲဖြင့် SSPP ၏ ထုတ်ပြန်ချက်တွင် သီပေါမြို့နယ် စစ်ရေးထိတွေ့မှု ၈နေရာဖြစ်ပွားခဲ့ပြီး ရုန်းရင်းဆန်ခတ်ထိတွေ့ရိုက်နှက်ဖမ်းဆီးမှု ၂၄နေရာ၌ရှိခဲ့ကြောင်း  ပါရှိပြီး ယင်းပဋိပက္ခများအတွက် နှစ်ပါတီဗဟိုအဆင့်တွေ့ဆုံဖြေရှင်းသွားမည်ဟု ပါရှိထားသည်။

မဟာ
#MeKongNews
#SSPP
#MNDAA
#စိန်ကျော့
#သီပေါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now