နေ့စဥ်သတင်း

ရှမ်းပြည်တောင်ပိုင်းတွင် ဧည့်စာရင်းစစ်ဆေးမှု စိပ်လာ

မဲခေါင် 30 Apr - 2025
မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့နှင့် ဆက်စပ်မြို့နယ်များအတွင်း PDF များ စိမ့်ဝင်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ယခုရက်ပိုင်းအတွင်း ရပ်ကွက်များအတွင်း ဧည့်စာရင်းစစ် ခပ်စိပ်စိပ်စစ်ဆေးနေကြောင်း ဒေသခံများထံမှ ဧပြီလ ၃၀ ရက်တွင် သိရသည်။ တောင်ကြီးမြို့ ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ကွန်ပြူတာစနစ်အသုံးပြု၍ တက်ဘလက်များဖြင့် စစ်ဆေးခြင်းနှင့် ဒရုန်းဖြင့် ပျံဝဲထောက်လှန်းခြင်းများကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်လာကြောင်း၊ ယခင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင်လည်း ယခုကဲ့သို့ ပြုလုပ်ဖူးကြောင်း၊ စစ်ကောင်စီ၏ အကြောင်းပြချက်များ PDF များစိမ့်ဝင်လာသည်ဟူ၍ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “တက်ဘလက်နဲ့ စစ်တာက Blacklist ကို စစ်တာပါ။ တောင်ကြီးမှ မဟုတ်ဘူး

မဲခေါင်၊ ဧပြီ ၃၀

ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့နှင့် ဆက်စပ်မြို့နယ်များအတွင်း PDF များ စိမ့်ဝင်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ယခုရက်ပိုင်းအတွင်း ရပ်ကွက်များအတွင်း ဧည့်စာရင်းစစ် ခပ်စိပ်စိပ်စစ်ဆေးနေကြောင်း ဒေသခံများထံမှ ဧပြီလ ၃၀ ရက်တွင် သိရသည်။

တောင်ကြီးမြို့ ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ကွန်ပြူတာစနစ်အသုံးပြု၍ တက်ဘလက်များဖြင့် စစ်ဆေးခြင်းနှင့် ဒရုန်းဖြင့် ပျံဝဲထောက်လှန်းခြင်းများကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်လာကြောင်း၊ ယခင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင်လည်း ယခုကဲ့သို့ ပြုလုပ်ဖူးကြောင်း၊ စစ်ကောင်စီ၏ အကြောင်းပြချက်များ PDF များစိမ့်ဝင်လာသည်ဟူ၍ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“တက်ဘလက်နဲ့ စစ်တာက Blacklist ကို စစ်တာပါ။ တောင်ကြီးမှ မဟုတ်ဘူး စစ်ဆေးရေးဂိတ် အတော်များများမှာပါ စစ်နေတာ၊ သတိထားသွားကြဖို့ကတော့ ပြောစရာတောင် လိုမယ်မထင်ဘူး။ အထူးဂရုစိုက်ကြဖို့ပဲ” ဟု တောင်ကြီး သစ်တောရပ်ကွက်နေသူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ ပေါ် ၂၂ ရပ်ကွက် ရှိသည့်အနက် ဧည့်စာရင်းစစ်ဆေးမှု အများဆုံးမှာ ကန်အောက်၊ မြို့မ၊ မင်္ဂလာဦး ရပ်ကွက်များဖြစ်ပြီး လောလောဆယ်တွင် ၄ ရက် ဆက်တိုက် စစ်ဆေးနေကြောင်း သိရသည်။

“ဧည့်စာရင်းလည်း စစ်တယ်။ စစ်မှုထမ်းအကျုံးဝင်သူ အမျိုးသားတွေကို အိမ်ထောင်စုစာရင်းနဲ့ တိုက်စစ်ပြီး မရှိရင် ဘယ်သွားနေလည်း၊ ခေါ်တဲ့အချိန် ရှိအောင်လုပ်ထား၊ မရှိရင် ရှိတဲ့သူ အရေးယူခံမယ် ဘာညာနဲ့ ခြိမ်းခြောက်သေးတာ” ဟု  မင်္ဂလာဦးရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။

အောင်ပန်းနှင့် ပင်လောင်းလမ်းပိုင်း၊ ရှမ်းပြည်နှင့် မန္တလေးနယ်စပ်များတွင်လည်း အထူး တင်းကြပ်စစ်ဆေးမှုများ ရှိနေကြောင်း၊ Drone များဖြင့်လည်း ပျံဝဲစောင့်ကြည့်မှုများပြုလုပ်နေပြီး စစ်ကောင်စီအစုအဖွဲ့ထဲတွင် တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ထွေအုပ်နှင့် လဝကများပါရှိကြောင်း သိရသည်။

မဟာ
#MeKongNews
#တောင်ကြီးမြို့
#ဧည့်စာရင်း
#PDF
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now