နေ့စဥ်သတင်း

ငြိမ်းချမ်းရေးရရန် ခရိုင်းမီးယားပေးအပ်ရေး ဇီလန်းစကီး သဘောတူနိုင်လောက်ပြီဟု ဒေါ်နယ်ထရမ့်ဆို

မဲခေါင် 29 Apr - 2025
မဲခေါင်၊ ဧပြီ ၂၉ ဧပြီ ၂၇ ရက်တွင် ဗာတီကန်၌ ပုပ်ရဟန်းမင်းကြီး ဈာပန၌ ဇီလန်းစကီးနှင့် တစ်ခဏ တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက်တစ်ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်းစကီးသည် ခရိုင်းမီးယားဒေသကို ရုရှားထံ ပေးအပ်ရန် သဘောတူညီလောက်ပြီဟု ထင်မြင်ကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့သည်။ မိမိ သမ္မတပြန်ဖြစ်လျှင် တစ်ရက်တည်းနှင့် ရုရှား-ယူကရိန်းစစ်ပွဲ ရပ်တန့်သွားစေရမည်ဟု ကြုံးဝါးခဲ့ သော ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ရက်များအတွင်း ငြိမ်းချမ်းရေးစာချုပ်ရန် ကြားဝင်အဆိုတင်သွင်း ခဲ့ရာ နှစ်ဖက်စလုံးက လက်မခံနိုင်သေးသောကြောင့် နောက် ၂ ပတ်ကြာလျှင်မှ သဘောမတူလျှင် ကြားဝင်ဆွေးနွေးမှုမှ နုတ်ထွက်သွားနိုင်သည်ဟု ပြောဆိုခဲ့သည်။ ထရမ့်၏ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ၂၀၁၄ ခုနှစ်က ရုရှားသိမ်းပိုက်ခဲ့သော ယူကရိန်း၏

မဲခေါင်၊ ဧပြီ ၂၉

ဧပြီ ၂၇ ရက်တွင် ဗာတီကန်၌ ပုပ်ရဟန်းမင်းကြီး ဈာပန၌ ဇီလန်းစကီးနှင့် တစ်ခဏ တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက်တစ်ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်းစကီးသည် ခရိုင်းမီးယားဒေသကို ရုရှားထံ ပေးအပ်ရန် သဘောတူညီလောက်ပြီဟု ထင်မြင်ကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

မိမိ သမ္မတပြန်ဖြစ်လျှင် တစ်ရက်တည်းနှင့် ရုရှား-ယူကရိန်းစစ်ပွဲ ရပ်တန့်သွားစေရမည်ဟု ကြုံးဝါးခဲ့ သော ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ရက်များအတွင်း ငြိမ်းချမ်းရေးစာချုပ်ရန် ကြားဝင်အဆိုတင်သွင်း ခဲ့ရာ နှစ်ဖက်စလုံးက လက်မခံနိုင်သေးသောကြောင့် နောက် ၂ ပတ်ကြာလျှင်မှ သဘောမတူလျှင် ကြားဝင်ဆွေးနွေးမှုမှ နုတ်ထွက်သွားနိုင်သည်ဟု ပြောဆိုခဲ့သည်။

ထရမ့်၏ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ၂၀၁၄ ခုနှစ်က ရုရှားသိမ်းပိုက်ခဲ့သော ယူကရိန်း၏ ပင်လယ်နက်ထွက်ပေါက် ခရိုင်းမီးယားဒေသကို တရားဝင် ရုရှားထံ လွှဲပေးရန် ပါရှိရာ ဇီလန်းစကီး က မည်သည့်အခါမျှ မပေးနိုင်ဟု ငြင်းဆိုသဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်မရဘဲ ဂျာမနီနှင့်အနောက် မဟာမိတ်များက ထရမ့်၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် ရုရှားသမ္မတ ပူတင်ဘက်သို့ တစ်ဖက်သတ် အသာပေးထားလွန်းသည်ဟုဆိုကာ လက်မခံလိုက်ရန် တိုက်တွန်းနေကြသည်။

သို့သော် ပုပ်ရဟန်းမင်းကြီးဈာပနတွင် ဇီလန်းစကီးနှင့် ခဏတာ တွေ့ဆုံခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးရရန် အရေးအပါဆုံး ရက်သတ္တပတ်အတွင်း ရောက်ရှိနေကြောင်းနှင့် ခရိုင်းမီးယားကို လက်လွှတ်ရန် ဇီလန်းစကီး ဆုံးဖြတ်လိုက်ပြီလားဟု သတင်းသမားများမေးမြန်းရာတွင်လည်း ဟုတ်တယ်၊ ထင်ပါတယ် ဟု ပြန်လည်ဖြေကြားသွားကာ ပူတင်အနေဖြင့်လည်း လူသားများသေဆုံးမှု ကို ရပ်တန့်စေရေး ပစ်ခတ်နေမှုများ လုံး၀ရပ်တန့်ပြီး စာချုပ် လက်မှတ်ရေးထိုးလိုက်ပါဟု တိုက်တွန်း ပြောကြားသွားခြင်းဖြစ်သည်။

ဗာတီကန်တွင် ထရမ့်နှင့်ဇီလန်းစကီးတွေ့ဆုံသည့်ညတွင်ပင် ယူကရိန်း အရှေ့ပိုင်းသို့ ရုရှားဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ၄ ဦးသေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့ကြသည်။ တစ်ဆက်တည် ယူကရိန်းဘက်မှလည်း ရုရှားပိုင်နက် ဘရိုင်းယန့်စ်ကို ဒရုန်များ စွာဖြင့် ပြန်လည်တိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့သည်။

ကိုကလင်း
Ref: france24
#MeKongNews
#ဇီလန်းစကီး
#ဒေါ်နယ်ထရမ့်
#ခရိုင်းမီးယား
#ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now