နေ့စဥ်သတင်း

ပင်လုံတွင် မြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲဟုဆိုကာ လောင်ကြေးသိန်းရာချီရှိသည့် ကြက်ဝိုင်းနှင့် လောင်းကစားဝိုင်းပြုလုပ်ရန် စီစဉ်နေ

မဲခေါင် 28 Apr - 2025
မဲခေါင်၊ ဧပြီ ၂၈ ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် လောင်းကြေးသိန်းရာချီရှိသည့် ကြက်ပွဲများနှင့် လောင်းကစားဝိုင်းများပါ နေ့စဥ်ရက်ဆက် အကြီးအကျယ်ပြုလုပ်နေပြီး “မြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲ” ဟု ခေါင်းစဉ်တပ်ကာ ကြေးကြီးကြက်ပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ဒေသခံများထံက သိရသည်။ ပင်လုံကျောက်တန်းလမ်း၊ ပန်မုန့်တိုက်နယ်၊ ပန်လိုင်းရွာ PNO  ဂိတ်အနီး ကြက်ဝိုင်းတွင် စီစဉ်နေခြင်းဖြစ်ပြီး ကြက်ဒိုင်မှာခွန်လှမောင် ဆိုသူဖြစ်ကြောင်း၊ လာမည့် မေလ ၁ ရက်မှ မေလ ၅ ရက်အထိ မြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲဟု ခေါင်းစဉ်တပ်ပြုလုပ်ရန် စီစဉ်နေပြီး လက်ရှိတွင်လည်း ကြေး ၁၀ သိန်းထိ တိုက်ကြပြီး လပြည့်လကွယ် ဆိုပါက သိန်းရာနှင့်ချီအထိ တိုက်ကြကြောင်း ဒေသခံများက ဆိုသည်။ “ပန်လိုင်းရွာကတော့ အကြီးဆုံးဝိုင်းပဲ။

မဲခေါင်၊ ဧပြီ ၂၈

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် လောင်းကြေးသိန်းရာချီရှိသည့် ကြက်ပွဲများနှင့် လောင်းကစားဝိုင်းများပါ နေ့စဥ်ရက်ဆက် အကြီးအကျယ်ပြုလုပ်နေပြီး “မြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲ” ဟု ခေါင်းစဉ်တပ်ကာ ကြေးကြီးကြက်ပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ဒေသခံများထံက သိရသည်။

ပင်လုံကျောက်တန်းလမ်း၊ ပန်မုန့်တိုက်နယ်၊ ပန်လိုင်းရွာ PNO  ဂိတ်အနီး ကြက်ဝိုင်းတွင် စီစဉ်နေခြင်းဖြစ်ပြီး ကြက်ဒိုင်မှာခွန်လှမောင် ဆိုသူဖြစ်ကြောင်း၊ လာမည့် မေလ ၁ ရက်မှ မေလ ၅ ရက်အထိ မြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲဟု ခေါင်းစဉ်တပ်ပြုလုပ်ရန် စီစဉ်နေပြီး လက်ရှိတွင်လည်း ကြေး ၁၀ သိန်းထိ တိုက်ကြပြီး လပြည့်လကွယ် ဆိုပါက သိန်းရာနှင့်ချီအထိ တိုက်ကြကြောင်း ဒေသခံများက ဆိုသည်။

“ပန်လိုင်းရွာကတော့ အကြီးဆုံးဝိုင်းပဲ။ သိန်းရာချီအထိ ဖြစ်တယ်။ တစ်ပွဲနဲ့ တစ်ပွဲ မတူဘူး။ လိုင်းကြေးပေးပြီးလုပ်တာ၊ တခြားကြိတ်ဝိုင်းတွေလည်း လုပ်တာရှိပေမယ့် လိုင်းကြေးမနိုင်ရင် ဖမ်းခံရမှာစိုးလို့ သိပ်မလုပ်ရဲကြဘူး။ နောင့်လိုင်ဘက်မှာလည်း တခါတလေရှိတယ်။ လာမယ့်လဆန်းမှာတောင် ပင်လုံမြန်မာ့ကြက်တိုက်ပွဲဆိုပြီး ကြေညာထားတာတောင်ရှိတယ်” ဟု ပင်လုံ၊ ရပ်ကွက် ၂ နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။

လိုင်းကြေးမှာ စစ်ကောင်စီ၏ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးများနှင့် စရဖ၊ နယ်ထိန်းများသို့ အဆင့်ဆင့်ပေးကြရပြီး ကြက်ဝိုင်းအပြင် ဖဲဝိုင်းပါရှိကာ ရှမ်းကိုးမီးနှင့် ရှိုးများရိုက်ကြကြောင်း သိရသည်။

“ဖဲဝိုင်းက ကြေးတွေကောင်းတယ်။ တစ်ချို့ကြက်ဝိုင်းလာရင်း ဖဲဝင်ရိုက်တာ ဆိုင်ကယ်ပါရောင်းရတဲ့အထိပဲ။ တစ်ချို့ကတော့ ကားပါပေါင်ပြီး ရိုက်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းလောင်းကစားဝိုင်းများကြောင့် ပင်လုံစေတီတော်ရင်ပြင်အထိ သက်ရောက်လာနေကာ မြို့လူထုကို ထိခိုက်လာနေသည်ဟု ဒေသခံများကဆိုကြသည်။

“လူကြီးတွေက ရှေ့ကပျက်စီးပြတော့ နောက်က တက်လူတွေပါ ပျက်စီးလာကြတယ်။ လောင်းကစားဝိုင်းလာကြရင်း စေတီတော်အတွင်း သောက်စားမူးရစ် ဝိုင်းဖွဲ့နေတာတွေ၊ ဆိုင်ကယ်တွေ အရမ်းမောင်းနေတာတွေ၊ ဘုရားရင်ပြင်တော်ပေါ်မှာ ဖိနပ်စီးနေတာတွေ၊ အမှိုက်တွေ၊ ပုလင်းအခွံတွေ အရမ်းပွနေတာတွေ၊ ဆိုင်ကယ်ပျောက်တာတွေ အများကြီးပဲ။ မြို့ရဲ့စာရိတ္တမဏ္ဍိုင် ပျက်စီးနေသလို သမိုင်းဝင်မြို့အနေနဲ့ လာလည်သူတွေမြင်ရင် မြို့သိက္ခာကျနေပြီ” ဟု ပင်လုံရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပင်လုံမြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲကို လာမည့် မေလ ၁ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြက်များ ကြေးအနည်းဆုံး ကျပ် ၁၀ သိန်းရှိပြီး ပြိုင်ပွဲဝင်ကြေးအများဆုံးသော တိုက်ကြက်များ ပထမဆု ကျပ် သိန်း ၂၀ နှင့် ဒုတိယဆု ကျပ် ၁၀ သိန်းဟု ကြက်တိုက်ပွဲ ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။

ပင်လုံမြို့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပင်လုံစာချုပ်ချုပ်ဆိုရာနေရာအဖြစ်နှင့် ပြည်ထောင်စုနေ့ပေါ်ထွန်းရာ မြို့အဖြစ် ထင်ရှားသည့်မြို့ဖြစ်သည်။

ရပ်နီး၊ ရပ်ဝေးမှ လာရောက်ကြသူ များပြားသည့်အတွက် သမိုင်းကို အိုးမဲသုတ်ရာရောက်နေပြီး ရာဇဝတ်မှု များပြားစေသည့် လောင်းကစားဝိုင်းများ မရှိစေလိုကြကြောင်း ပင်လုံဒေသခံများက တောင်းဆိုနေကြသည်။

မဟာ
#MeKongNews
#ပင်လုံမြို့
#တိုက်ကြက်ဝိုင်း
#လောင်းကစားဝိုင်း
#လိုင်းကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now