နေ့စဥ်သတင်း

ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းအနီးရှိ အငြင်းပွားဖွယ်ကျောက်တန်းကို တရုတ်သိမ်းပိုက်

မဲခေါင် 28 Apr - 2025
မဲခေါင်၊ ဧပြီ ၂၈ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဖွယ် ကျောက်တန်းငယ်လေးတွင် ဧပြီ ၂၆ ရက်နေ့က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် တရုတ်အလံ လွင့်ကာ ၎င်းတို့ပိုင်နက်အဖြစ် သိမ်းပိုက်ကြောင်း သက်သေပြခဲ့သည်။ တရုတ်အစိုးရက စတုယန်းမီတာ ၂၀၀ သာရှိသည့် သဘာ၀ သဲကျောက်တန်းကို Tiexian Jiao ကျောက်တန်းဟု ပြီးခဲ့သည့်လက တရုတ်နာမည်မှည့်ခေါ်ခဲ့ကာ Spratly ကျွန်းဆက် ကျောက်တန်း ဖြစ်သလို ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကလည်း ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု သတ်မှတ်ထား သဖြင့် အငြင်းပွားဖွယ်ရာများစွာ ရှိနေသော ကျောက်တန်းဖြစ်သည်။ နိုင်ငံတကာအခေါ် Sandy Cay ကျောက်တန်းနှင့် ၃ ကီလိုမီတာအကွာ၌ မနီလာတွင် ပက္ကဆာဟုခေါ်သော Thitu ကျွန်းလည်း ရှိနေ

မဲခေါင်၊ ဧပြီ ၂၈

တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဖွယ် ကျောက်တန်းငယ်လေးတွင် ဧပြီ ၂၆ ရက်နေ့က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် တရုတ်အလံ လွင့်ကာ ၎င်းတို့ပိုင်နက်အဖြစ် သိမ်းပိုက်ကြောင်း သက်သေပြခဲ့သည်။

တရုတ်အစိုးရက စတုယန်းမီတာ ၂၀၀ သာရှိသည့် သဘာ၀ သဲကျောက်တန်းကို Tiexian Jiao ကျောက်တန်းဟု ပြီးခဲ့သည့်လက တရုတ်နာမည်မှည့်ခေါ်ခဲ့ကာ Spratly ကျွန်းဆက် ကျောက်တန်း ဖြစ်သလို ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကလည်း ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု သတ်မှတ်ထား သဖြင့် အငြင်းပွားဖွယ်ရာများစွာ ရှိနေသော ကျောက်တန်းဖြစ်သည်။

နိုင်ငံတကာအခေါ် Sandy Cay ကျောက်တန်းနှင့် ၃ ကီလိုမီတာအကွာ၌ မနီလာတွင် ပက္ကဆာဟုခေါ်သော Thitu ကျွန်းလည်း ရှိနေ ကာ ထိုကျွန်းပေါ်တွင် ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းနှင့် စစ်သုံးလေယာဉ်ပြေးလမ်းလည်းရှိပြီး နေထိုင်သူ ၂၅၀ ရှိသည့်အတွက် ပိုင်နက်အငြင်းပွားဖွယ်ရာ ပြဿနာများ ပိုမို ဖြစ်ပွားလာတော့မည် ဖြစ်သည်။

တရုတ်သည် နှစ်စဉ်ဒေါ်လာ ထရီလီယံပေါင်းများစွာ တန်ကြေးရှိသော ရေကြောင်းကုန်သွယ်မှုရှိ သည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး ၎င်းတို့ ပိုင်နက်အဖြစ် ကြွေးကျော်ကာ ၂၀၁၃ မှ ၂၀၁၆ အကြား ပိုင်နက်သိမ်းစုခြင်းလုပ်ငန်းများ လုပ်ဆောင်ကာ ကျွန်းတုများတွင် စစ်အခြေစိုက်စခန်းများ တည်ဆောက်ပြီး ရေပိုင်နက်စိုးမိုးရေး အတင်းအကျပ်လုပ်ဆောင်ခဲ့သည်။

၂၀၂၁ ကမ်းခြေစောင့်တပ် ဥပဒေသစ်ပြဌာန်းမှုတွင်လည်း ၎င်းတို့ ပိုင်နက်ဟုသတ်မှတ်သည့်နေရာများအတွင်း ဝင်ရောက်သူများကို လက်နက်အသုံးပြုတိုက်ခိုက်ခွင့်ပြုကာ ဖိလစ်ပိုင် သင်္ဘောများကို အကြမ်းဖက်မောင်းထုတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်သဖြင့် ဆက်ဆံရေးတင်းမာမှုများ မြင့်တက်ချိန် ယခု ကျောက်တန်းငယ်ကို ပါ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ယင်း Sandy Cay ကျွန်းအနီးရှိ Subi ကျောက်တန်းတွင်လည်း တရုတ်သည် ဒုံးကျည်အခြေစိုက် စခန်းတည်ဆောက်ကာ ပြေးလမ်းမီတာ ၃၀၀၀ ရှိသော လေယာဉ်ကွင်း၊ ရေနက်ဆိပ်ကမ်း တည် ဆောက်ထားပြီးဖြစ်ရာ ဖိလစ်ပိုင်နှင့် မဟာမိတ် အမေရိကန်နှင့်လည်း ထိပ်တိုက်ရင်ဆိုင်လာခြင်း ဖြစ်သည်ဟု သုတေသီများက သုံးသပ်နေကြသည်။

ကိုကလင်း
Ref: japantimes
#MeKongNews
#ဖိလစ်ပိုင်
#တရုတ်
#မနီလာ
#တောင်တရုတ်ပင်လယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now