နေ့စဥ်သတင်း

ခို့ဖငန်ခရိုင်တွင် မီတာ ၂၀ ပတ်လည် အနက် ၅ မီတာရှိ မြေကျွံတွင်းကြီးနှင့် အက်ကြောင်းကြီးငယ်များ ရုတ်တရက်ပေါ်လာ

မဲခေါင် 21 Apr - 2025
မဲခေါင်၊ ဧပြီ ၂၁ ထိုင်းနိုင်ငံ ခို့ဖငန်ခရိုင် ကရာဘီအရပ် Theppitak ကြက်မွေးမြူရေးခြံဝန်းကြီးအတွင်း ဧပြီ ၂၀ ရက်နေ့ က ထူးခြားသော မြေကျွံတွင်းနက်ကြီးနှင့် အက်ကွဲကြောင်းကြီးငယ်များ ပေါ်ထွက်လာပြီး ဧပြီ ၁၄ ရက်က လှုပ်ခတ်သွားသော ငလျင်ဒဏ်နောက်ဆက်တွဲ မြေအောက်ရွေ့လျားပြောင်းလဲမှုကြောင့် ယခု ထပ်မံဖြစ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။ ကြက်မွေးမြူရေးနှင့် ဆီအုန်းစိုက်တောင်သူ လုပ်ငန်းရှင် ဆူဝစ် (၅၂ နှစ်)၏ ခြံအတွင်း ပထမဆုံး မြေကျွံတွင်းဖြစ်ပွားပြီး ကနဦး ထိုမျှလောက်မကျယ်၊ မနက်သော်လည်း တစ်ရက်၊ ၂ ရက် အတွင်း တွင်းအကျယ်မှာ မီတာ ၂၀ ပတ်လည်ကျယ်ပြီး အနက် ၅ မီတာအထိ ကျွံဝင်ကာ ၂

မဲခေါင်၊ ဧပြီ ၂၁

ထိုင်းနိုင်ငံ ခို့ဖငန်ခရိုင် ကရာဘီအရပ် Theppitak ကြက်မွေးမြူရေးခြံဝန်းကြီးအတွင်း ဧပြီ ၂၀ ရက်နေ့ က ထူးခြားသော မြေကျွံတွင်းနက်ကြီးနှင့် အက်ကွဲကြောင်းကြီးငယ်များ ပေါ်ထွက်လာပြီး ဧပြီ ၁၄ ရက်က လှုပ်ခတ်သွားသော ငလျင်ဒဏ်နောက်ဆက်တွဲ မြေအောက်ရွေ့လျားပြောင်းလဲမှုကြောင့် ယခု ထပ်မံဖြစ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

ကြက်မွေးမြူရေးနှင့် ဆီအုန်းစိုက်တောင်သူ လုပ်ငန်းရှင် ဆူဝစ် (၅၂ နှစ်)၏ ခြံအတွင်း ပထမဆုံး မြေကျွံတွင်းဖြစ်ပွားပြီး ကနဦး ထိုမျှလောက်မကျယ်၊ မနက်သော်လည်း တစ်ရက်၊ ၂ ရက် အတွင်း တွင်းအကျယ်မှာ မီတာ ၂၀ ပတ်လည်ကျယ်ပြီး အနက် ၅ မီတာအထိ ကျွံဝင်ကာ ၂ နှစ်၊ ၃ နှစ် သက်တမ်းရှိ ဆီအုန်းပင်များပါ နစ်မြုပ်ပျောက်ကွယ်သွားကြောင်းနှင့် ခြံအတွင်း နေရာ ၂ နေရာ၌ ကြီးမားနက်ရှိုင်းသည့် အက်ကြောင်းကြီးများနှင့် အက်ကြောင်းငယ်များ ဖြစ်ပေါ်ခဲ့ကြောင်း အကြောင်းကြားခဲ့သည်။

ဧပြီ ၁၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၇ မိနစ်တွင် နျူအာကလောင်းနှင့် မူအန်းခရိုင်၌ သက်ရောက်ခဲ့ပြီး လတ္တီကျု ၈.၀၂၂ °N နှင့် လောင်ဂျီကျု ၉၈.၉၇၈ °E အနက် ၂ မီတာမှ ပြင်းအား ၃.၅ ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်း နောက်ဆက်တွဲအဖြစ် ယခုလို မြေအောက်အနေအထား ပြောင်းလဲပြီး တွင်းနက်နှင့် အက်ကြောင်းများပေါ်လာခြင်းဖြစ်ကာ ဒေသဆိုင်ရာအာဏာပိုင်များက ထိုနေရာအနီးတဝိုက် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ကာ ဖြတ်သန်းသွားလာ အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ရသည်။

ထိုင်း မိုးလေဝသဌာနမှ ထုတ်ပြန်မှုအရ ထိုငလျင်သည် ကလောင်မာရိုင်ပြတ်ရွေ့မှ ဖြစ်ပေါ်သော ငလျင်ဟုဆိုပြီး ထိုပြတ်ရွေ့သည် ဘန်တခွန်း၊ ဖာနွန်ခရိုင်မှသည် ဆူရတ်ဌာနီကိုဖြတ်သွားပြီး ဖန်းင မှတစ်ဆင့် အန်ဒမန်ပင်လယ်ထဲသို့ ဆင်းသက်ကာ ထိုမှတစ်ဆင့် ဖူးခက်၊ ကော့ယာအိုကျွန်းတို့ဆီ အထိ ၁၄၈ ကီလိုမီတာ ရှည်လျားစွာတည်ရှိသည်ဟု ဆိုသည်။

ကိုကလင်း
Ref:The Nation Thailand
#MeKongNews
#ငလျင်
#မြေကျွံတွင်း
#ထိုင်းနိုင်ငံ
#ခို့ဖငန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now