နေ့စဥ်သတင်း

မဲခေါင်မြစ်မှ ထိုင်းပယ်လယ်ကွေ့အထိ ချိတ်ဆက်တူးမြောင်းဖောက်ရန် ကမ္ဘောဒီးယားနှင့် တရုတ် စာချုပ်ချုပ်ဆို

မဲခေါင် 20 Apr - 2025
မဲခေါင်၊ ဧပြီ ၂၀ ကမ္ဘောဒီးယားအစိုးရက ဖနောင်ပင်မြို့အနီး မဲခေါင်မြစ်မှသည် ထိုင်းပင်လယ်ကွေ့ ဆိပ်ကမ်းတစ်ခုအထိ တူးမြောင်းဖောက်လုပ်ရန် တရုတ်နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ ဘဏ္ဍာရေးအရ စာချုပ်တန်ကြေး ဒေါ်လာ ၁.၂ ဘီလီယံ တန်ကြေးရှိသည်ဟု ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က တရုတ်သမ္မတရှီကျင်းဖျင် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာစဉ် Funan Techo Canal ဟု အမည်ရသော တူးမြောင်းကို ဖောက်လုပ်ရန် သဘောတူခဲ့ခြင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် အဓိကအသုံးပြုမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်၌ ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်သည်။ တူးမြောင်အရှည်မှာ ၁၅၁.၆ ကီလိုမီတာ (၉၄ မိုင်) ရှည်လျားပြီး တည်ဆောက်ရေးလုပ်ငန်းများကို မနှစ်ကတည်းက

မဲခေါင်၊ ဧပြီ ၂၀

ကမ္ဘောဒီးယားအစိုးရက ဖနောင်ပင်မြို့အနီး မဲခေါင်မြစ်မှသည် ထိုင်းပင်လယ်ကွေ့ ဆိပ်ကမ်းတစ်ခုအထိ တူးမြောင်းဖောက်လုပ်ရန် တရုတ်နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ ဘဏ္ဍာရေးအရ စာချုပ်တန်ကြေး ဒေါ်လာ ၁.၂ ဘီလီယံ တန်ကြေးရှိသည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က တရုတ်သမ္မတရှီကျင်းဖျင် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာစဉ် Funan Techo Canal ဟု အမည်ရသော တူးမြောင်းကို ဖောက်လုပ်ရန် သဘောတူခဲ့ခြင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် အဓိကအသုံးပြုမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်၌ ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်သည်။

တူးမြောင်အရှည်မှာ ၁၅၁.၆ ကီလိုမီတာ (၉၄ မိုင်) ရှည်လျားပြီး တည်ဆောက်ရေးလုပ်ငန်းများကို မနှစ်ကတည်းက စတင်ခဲ့သော်လည်း ဩဂုတ် ၅ ရက်က ပန္နက်ရိုက်အခမ်းအနားကျင်းပပြီးနောက် ပြန်လည် ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင်မှ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က နိုင်ငံအကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကြောင့် မည်မျှကုန်ကျသည်ဖြစ်စေ တည်ဆောက်သွားမည်ဟု ကြေညာခဲ့ပြီး ယခုပြန်လည်တည်ဆောက်သွားရန် တရားဝင်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာသွားခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံသူများဘက်မှ တူးမြောင်းကုန်ကျစရိတ် ၅၁ ရာခိုင်နှုန်းထည့်ဝင်ကာ တရုတ်ရင်းနှီးမြှုပ်နှံသူများဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်သွင်း တည်ဆောက်သွားမည်ဟုလည်း သိရှိရသည်။

ယင်းတူးမြောင်းသည် ကုန်းတွင်းရေလမ်းနှင့် ပင်လယ်ရေကြောင်းလမ်းကို ဆက်သွယ်သည့် မဟာဗျူဟာကျ တူးမြောင်းဖြစ်ကာ သင်္ဘောများ ကုန်တန်ချိန် ၃၀၀၀ အထိ တင်ဆောင် ဖြတ်သန်းနိုင်မည်ဟုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ဆောက်လုပ်ရေးတာဝန်ကို တရုတ်အစိုးရပိုင် China Communications Construction Company က တည်ဆောက်မည်ဖြစ်ကာ ယင်းကုမ္ပဏီသည် ငွေကြေးဆိုင်ရာ မသမာမှုများကြောင့် နာမည်ပျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး တရုတ်စစ်တပ်အတွက် စစ်ရေးဆိုင်ရာ ကျွန်းတု တည်ဆောက်ပေးသဖြင့် အမေရိကန်မှ ပိတ်ဆို့အရေးယူထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#ကမ္ဘောဒီယား
#တရုတ်
#မဲခေါင်မြစ်
#တူးမြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now