မဲခေါင်၊ ဧပြီ ၁၇
ထိုင်းလူမှုကွန်ရက်များပေါ်တွင် သရဲထံမှ ဘတ် ၃၀၀၀ တူးဖော်ခိုးယူမှုဖြစ်သွားသည်ဆိုသောသတင်း ဧပြီ ၁၅ ရက်မှ စတင် ပျံ့နှံ့နေခဲ့သည်။
ဘန်ဆင်ချာရိုအန်ရွာ ဝပ်ဖဖရာနာဟိုင် သုဿာန်တွင် ဧပြီ ၁၄ ရက်က ဆိုင်ကယ်ဖြင့် ကားကိုဝင်တိုက်မိရာမှ ပွဲချင်းပြီးသေဆုံးခဲ့သူ အသက် ၂၀ အရွယ် လူငယ်ကို မြှုပ်နှံအပြီးနောက်ရက်မှာပင် ဆွေမျိုး၊ မိတ်သင်္ဂဟများ အခေါင်းထဲသို့ နောက်ဘ၀၌ နေထိုင်ရန် အိမ်ဝယ်ရေးအတွက် ရည်စူးထည့်ပေးလိုက်သည့် ဘတ် ၃၀၀၀ ကို တူးဖော်ခိုးယူသွားကြောင်း သိရှိရခြင်းဖြစ်သည်။
ယင်းဇာတိတွင် ပွဲချင်းပြီး အစိမ်းသေသူကို ၃ နှစ်တာ အခေါင်းဖုံးဖွင့်ထားသောဓလေ့ရှိသလို သေဆုံးသူ ဘ၀ကူးပြီးချိန် အဆင်ပြေစေရန် ငွေကြေးများ ထည့်ပေးလေ့ရှိသည်။
အသုဘချအပြီးမှာပင် မြေမြှုပ်ရာနေရာကို မျက်နှာစိမ်း တခြားရွာသားတချို့ ဝေ့ဝိုက်အကဲခတ်နေသည်ကို မျက်မြင်များ ရှိခဲ့ပြီး ဆေးသမားများ အသုံးလိုသဖြင့် မိမိမြေး၏ အခေါင်းတွင်းမှ ငွေများတူးဖော်ခိုးယူခြင်းဖြစ်ကြောင်း၊ အယူအဆအရ တစ်ပတ်တိုင်သည်အထိ ဝိဉာဉ်သည် အလောင်းအနီး တွင်သာရှိနေမည်ဖြစ်ခြင်းကြောင့် ထိုငွေများကို ခိုးယူသွားသူများထံ ဝိဉာဉ်က ကိုယ်တိုင်ပြန်သွား တောင်းမည်ဟု ယုံကြည်သဖြင့် ရဲစခန်းတွင် အမှုမဖွင့်ဟုပါ သေဆုံးသူ၏ အဖိုးက ဒေါသတကြီး ပြောသွားခဲ့သည်။
ငွေခိုးယူသွားသူများသည် အားလုံးခိုးယူခြင်းမဟုတ်ဘဲ ဘတ် ၂၀ တန် တစ်ရွက်ကိုမူ ချန်ထားပေးခဲ့သည်ဟုလည်း သိရသည်။
ကိုကလင်း
Ref: amarintv
#MeKongNews
#ထိုင်းနိုင်ငံ
#ငွေခိုးယူ
#အူဒုံဌာနီ
#သေဆုံး








