မဲခေါင်၊ ဧပြီ ၁၆
သင်္ကြန်အတတ်နေ၌ပင် စစ်ကောင်စီသည် ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ လေးတိုင်၊ ကိုးတိုင်၊ နွားခြံကုန်း၊ ရေပူတို့တွင် ပေါင် ၅၀၀ ဗုံးပတ်ကြဲပြီး တိုက်ခိုက်နေခဲ့ကြောင်း သိရသည်။
ဧပြီ လ ၁၆ ရက်မနက်ပိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု့ကြောင့် ကျုံဒိုးမြို့၊ လေးတိုင် ညီညာသာလင်းကျေးရွာအနီး ဝန်းကျင်ရှိ အောင်ချမ်းသာဘုန်းကြီးကျောင်းပျက်စီးသွားခဲ့သည်။ ထို့အပြင် ကမ်းနီးဘုန်ကြီးကျောင်းလည်း လေယာဉ်ဗုံးကြဲသည့် ဒဏ်ခံခဲ့ရကြောင်း သိရှိရသည်။
ထိုင်းနယ်ခြားစောင့်တပ် နယ်စပ်နှင့် ၄၂ ကီလိုမီတာအကွာ၌ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အရပ်သားပြည်သူများနှင့် ဘုန်းကြီး များသေဆုံးသည်ဟု သတင်းရရှိကြောင်းလည်း ထိုင်း Khaosod မီဒီယာက ဖော်ပြသည်။
ကိုကလင်း
Ref: Khaosod English
#MeKongNews
#မြဝတီ
#ကော့ကရိတ်
#စစ်ကောင်စီ
#ဗုံးကြဲ








