မဲခေါင်၊ ဧပြီ ၁၀
ထိုင်းနိုင်ငံ၊ ပတ်ချာဘန်းခရို၊င် ဘန်ကလောင်းခွန်ဝပ်အရပ်၊ ချွန်ဒင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ဒေါသထွက်ရူးသွပ်စိတ်ဆိုးနေသော ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသား ထောင်ထွက်တစ်ဦး အိမ်နီချင်းများ နေအိမ်များကို ပစ်ခတ်ခြင်း၊ အိမ်နီးချင်းများကို လိုက်လံပစ်ခတ်ခြင်းကြောင့် ဧပြီ ၁၀ ရက် နံနက်ပိုင်းကတည်းက ရပ်ကွက်အတွင်း ထိတ်လန့်မှုများစွာ ဖြစ်နေရာ ဒေသစံတော်ချိန် ၁၁ နာရီ ဝန်းကျင်အထိ အန္တရာယ်မကင်းသေးကြောင်း သိရသည်။
မာနော့ပန်ခလမ်မီးဆိုသည့် အမျိုးသားသည် ယခင်ကတည်းက ရပ်ကွက်အတွင်း ဒေါသကြီး ကြမ်းရမ်းပစ်ခတ်တတ်သဖြင့် ထောင်မကြာခဏကျသူဖြစ်ကာ ယခုလည်းယခုလည်း အိမ်ပေါ်မှ သေနတ်ဖြင့် အကတ်လိုက်ဆက်တိုက်ပစ်ခတ်နေရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးအပါ ၄ ဦး ဒဏ်ရာရရှိပြီး ချွန်ဒင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ချန်ဒမ်းဝမ်ချွန်ဖူလမ်းအနီးအနားကို သံစည်းကြိုးများ ကာရန်ပိတ်ဆို့လိုက်ရပြီး ရဲတပ်ဖွဲ့က အဆိုပါ အိမ်ကို အနီးအနားမှ ဝိုင်းထားရာတွင် ဖြောင်းဖျသော်လည်း မရဘဲ ဆက်လက် ပစ်ခတ်နေခဲ့သဖြင့် စနိုက်ပါအသင်းကိုပါ ခေါ်ယူပြီး ဒရုန်းများအသုံးပြုကာ မျက်ရည်ယိုဗုံးများ အိမ်ပေါ်ထပ်သို့ ပစ်သွင်းထားရကြောင်း၊ သို့သော် သတင်းတင်ဆက်ချိန် ထိုင်း စံတော်ချိန် နံနက် ၁၁ နာရီအထိ လုံခြုံစိတ်ချရသည့် အခြေအနေမရောက်သေးဘဲ အိမ်အတွင်းမှ ပစ်ခတ်မှုရှိနေသေးခြင်းကြောင်း အနီးအနားမှ ပြည်သူများ အထိတ်တလန်ဖြစ်နေရသေးသည်ဟု သိရသည်။
ကိုကလင်း
Ref: matichon
#MeKongNews
#ထိုင်းနိုင်ငံ
#စနိုက်ပါ
#ဒရုန်း








