နေ့စဥ်သတင်း

ရင်းမ်ရေတပ်စခန်းသစ်ဖွင့်လှစ်ပြီး တရုတ်အခြေစိုက်စခန်းမဟုတ်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ငြင်းဆို

မဲခေါင် 8 Apr - 2025
မဲခေါင်၊ ဧပြီ ၈ ဧပြီ ၅ ရက်နေ့တွင် ခမ်းနားစွာ ဖွင့်လှစ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း ထိုင်းပင်လယ်ကွေ့တွင် တည်ရှိသည့် ရင်းမ်(Ream) ရေတပ်အခြေစိုက် စခန်းသစ်မှာ တရုတ်အကူအညီဖြင့် တည်ဆောက်တိုးချဲ့ထားခြင်းဖြစ်သော်လည်း တရုတ်ရေတပ်အခြေစိုက်စခန်းသီးသန့်မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က ထပ်မံငြင်းဆိုသွားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံကို အထူးအကူအညီပေးနေသောနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး မကြာသေးမီလပိုင်း အတွင်းကပင် ယင်းဆိပ်ကမ်းသစ်သို့ တရုတ်ဘက်မှ စစ်သင်္ဘော ၂ စီးလက်ဆောင်ပေးခဲ့ကြောင်းနှင့် အမေရိကန်အစိုးရက ယင်းရေတပ်သည် တရုတ်၏ မဟာဗျူဟာအခြေစိုက်စခန်းသာဖြစ်မည်ဟု သုံးသပ်ထားသည်။ နောက် ၂ ပတ်အကြာတွင်လည်း ကမ္ဘောဒီးယားသို့ အလည်အပတ်ရောက်ရှိလာ ဦးမည်ဖြစ်ရာ ကမ္ဘောဒီးယားသည် တရုတ်ကို ဆိပ်ကမ်း အခြေစိုက်ခွင့်ပေးမည့်အရေး အမေရိကန်ဘက်မှ ပိုမို ဂရုတစိုက်စောင့်ကြည့်နေသည်။ သို့သော် ဟွမ်မာနက်က

မဲခေါင်၊ ဧပြီ ၈

ဧပြီ ၅ ရက်နေ့တွင် ခမ်းနားစွာ ဖွင့်လှစ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း ထိုင်းပင်လယ်ကွေ့တွင် တည်ရှိသည့် ရင်းမ်(Ream) ရေတပ်အခြေစိုက် စခန်းသစ်မှာ တရုတ်အကူအညီဖြင့် တည်ဆောက်တိုးချဲ့ထားခြင်းဖြစ်သော်လည်း တရုတ်ရေတပ်အခြေစိုက်စခန်းသီးသန့်မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က ထပ်မံငြင်းဆိုသွားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံကို အထူးအကူအညီပေးနေသောနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး မကြာသေးမီလပိုင်း အတွင်းကပင် ယင်းဆိပ်ကမ်းသစ်သို့ တရုတ်ဘက်မှ စစ်သင်္ဘော ၂ စီးလက်ဆောင်ပေးခဲ့ကြောင်းနှင့် အမေရိကန်အစိုးရက ယင်းရေတပ်သည် တရုတ်၏ မဟာဗျူဟာအခြေစိုက်စခန်းသာဖြစ်မည်ဟု သုံးသပ်ထားသည်။

နောက် ၂ ပတ်အကြာတွင်လည်း ကမ္ဘောဒီးယားသို့ အလည်အပတ်ရောက်ရှိလာ ဦးမည်ဖြစ်ရာ ကမ္ဘောဒီးယားသည် တရုတ်ကို ဆိပ်ကမ်း အခြေစိုက်ခွင့်ပေးမည့်အရေး အမေရိကန်ဘက်မှ ပိုမို ဂရုတစိုက်စောင့်ကြည့်နေသည်။

သို့သော် ဟွမ်မာနက်က မိမိတို့နိုင်ငံနှင့်ရင်းနှီးသည့်မည်သည့်နိုင်ငံမှ သင်္ဘောများမဆို ရင်းမ် ဆိပ်ကမ်းသို့ လည်ပတ်ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ဂျပန်သင်္ဘောတစ်စီး ဆိုက်ကပ်လာဦးမည်ဖြစ်ကာ တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံ ရေတပ်ပူးပေါင်းလေ့ကျင့်ရေး၊ နည်းပညာအဆင့်မြှင့် တင်ရေးလုပ်ငန်းစဉ်များကိုလည်း ထို ဆိပ်ကမ်းတွင် အခြေစိုက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ဆိပ်ကမ်းဖွင့်ပွဲနေ့နှင့်တိုက်ဆိုက်စွာပင် ရင်းမ်ဆိပ်ကမ်း သည် တရုတ်-ကမ္ဘောဒီးယား အခြေစိုက်စခန်း ပူးတွဲထောက်ပံ့ရေးနှင့် လေ့ကျင့်ရေးစင်တာဖွင့်ပွဲဟု ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုတန်ပြန်ရေး၊ ကပ်ဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များပေးရေး နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်ရေး စခန်းဖြစ်ကြောင်းနှင့် ထိုအစီ အစဉ်များလုပ်ဆောင်နိုင်ရေး နှစ်နိုင်ငံစလုံးမှ လိုအပ်သူများ အခြေစိုက်နေထိုင်သွားမည်ဟု ထုတ်ပြန် ခဲ့သည်။

ကိုကလင်း
Ref: khaosodenglish
#MeKongNews
#ကမ္ဘောဒီယား
#ရေတပ်စခန်း
#တရုတ်နိုင်ငံ
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now