နေ့စဥ်သတင်း

အင်းလေးတွင် ယာယီနေအိမ်များဆောက်ရန် ဝါးလိုအပ်ချက်ရှိနေ

မဲခေါင် 7 Apr - 2025
မဲခေါင်၊ ဧပြီ ၇ ငလျင်ဒဏ်သင့် အင်းလေးဒေသတွင် ပျက်စီးသွားသည့် နေအိမ်များအတွက် ယာယီနေအိမ်များဆောက်လုပ်ကာ နေထိုင်ရေးအခက်အခဲကို ဖြေရှင်းကြချိန်တွင် ဝါးလုံးလိုအပ်ချက်ရှိနေကြောင်း ဒေသခံများနှင့် ဒေသတွင်းကူညီနေသူများထံမှ သိရသည်။ အင်းလေးဒေသတွင် မတ်လ ၂၈ရက် ငလျင်ကြောင့် နေအိမ် ၂ထောင်ကျော် ပျက်စီးသွားကြောင်း၊ နေအိမ်ပျက်စီးသွားသည့် မိသားစုများအတွက် အနည်းဆုံးတစ်နှစ်ခန့် ခံနိုင်ရည်ရှိသည့် ယာယီနေအိမ်များ ဆောက်လုပ်ပေးရန် ကြိုးပမ်းနေပြီး ယင်းအတွက် ဝါးလုံးလိုအပ်ချက် မြင့်နေခြင်းဖြစ်ကြောင်း အင်းကြီး (ရွာငံ) ဒေသခံတစ်ဦးက ပြောသည်။ “ဒေသ အိမ်ခြေ ၂၀၀၀ ကျော်ဟာ ပြန်လည်မတည်ဆောက်နိုင်သေးခင်အထိ ယာယီတဲအိမ်ဆောက်ပြီး နေထိုင်ရမှာပါ။ အဲဒီအတွက် အင်းလေး ဝါးလိုအပ်ချက် ဒီကာလမှာ အတော်ကြီးမားနေပါတယ်။ အင်းလေးဝန်းကျင်မှာရှိတဲ့ ဝါးနဲ့ မလုံလောက်နေပါဘူး။

မဲခေါင်၊ ဧပြီ ၇

ငလျင်ဒဏ်သင့် အင်းလေးဒေသတွင် ပျက်စီးသွားသည့် နေအိမ်များအတွက် ယာယီနေအိမ်များဆောက်လုပ်ကာ နေထိုင်ရေးအခက်အခဲကို ဖြေရှင်းကြချိန်တွင် ဝါးလုံးလိုအပ်ချက်ရှိနေကြောင်း ဒေသခံများနှင့် ဒေသတွင်းကူညီနေသူများထံမှ သိရသည်။

အင်းလေးဒေသတွင် မတ်လ ၂၈ရက် ငလျင်ကြောင့် နေအိမ် ၂ထောင်ကျော် ပျက်စီးသွားကြောင်း၊ နေအိမ်ပျက်စီးသွားသည့် မိသားစုများအတွက် အနည်းဆုံးတစ်နှစ်ခန့် ခံနိုင်ရည်ရှိသည့် ယာယီနေအိမ်များ ဆောက်လုပ်ပေးရန် ကြိုးပမ်းနေပြီး ယင်းအတွက် ဝါးလုံးလိုအပ်ချက် မြင့်နေခြင်းဖြစ်ကြောင်း အင်းကြီး (ရွာငံ) ဒေသခံတစ်ဦးက ပြောသည်။

“ဒေသ အိမ်ခြေ ၂၀၀၀ ကျော်ဟာ ပြန်လည်မတည်ဆောက်နိုင်သေးခင်အထိ ယာယီတဲအိမ်ဆောက်ပြီး နေထိုင်ရမှာပါ။ အဲဒီအတွက် အင်းလေး ဝါးလိုအပ်ချက် ဒီကာလမှာ အတော်ကြီးမားနေပါတယ်။ အင်းလေးဝန်းကျင်မှာရှိတဲ့ ဝါးနဲ့ မလုံလောက်နေပါဘူး။ အင်းသား ဖျားနေရင် ဓနုဆေးကူတိုက်ပေးရမှာပေါ့ဗျ” ဟု ၎င်းကပြောသည်။

အင်းလေးဒေသတွင် ယာယီအိမ်များတည်ဆောက်ရာ၌ ဝါးနှင့် သက်ကယ်ကို အဓိက အသုံးပြုကာ တည်ဆောက်ခြင်းဖြစ်ပြီး ယာယီရိုးရိုးတဲအိမ်မှာ ကျပ် ၁၀ သိန်းကျော်ခန့်ကုန်ကျနိုင်ကြောင်း၊ အိမ်ခေါင်တိုင် ၂၂ ပေ ၊ အလျား ၂၂ ပေ၊ အနံ ၁၈ ပေ ရှိ ခိုင်မာသည့် ယာယီနေအိမ်အဆင့် ဝါးအိမ် တစ်လုံးလျင် ကို ကျပ် ၄၅ သိန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း၊ ယင်းကဲ့သို့ အိမ်တစ်လုံးဆောက်နိုင်ရန်အတွက် ဝါးအကြီး ၃၅ လုံး ၊ ဝါးအသေး အလုံး ၇၀ နှင့် အမိုးအောက်ခံဝါး  အလုံး ၂၀ ကုန်မည်ဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသအတွက် လိုအပ်သည့် ဝါးများကို ကလောနှင့် ရွာငံဘက်မှ ဝယ်ယူသယ်ဆောင်ရန် ပြင်ဆင်နေပြီး အလှူရှင်များအနေဖြင့်လည်း ဝါးလှူဒါန်းမှုများ ရှိကြောင်း၊ သို့သော်ယခုရက်ပိုင်းအတွင်း မိုးရွာနေသည့်အတွက် သယ်ယူရန်အခက်အခဲရှိနေကြောင်း အင်းလေးဒေသ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ငလျင်လှုပ်ပြီးကာစက ဒေသတွင်း ဝါးနှင့် သက်ကယ်ဈေးများ ၂ ဆ ကျော်မြင့်တက်လာသော်လည်း ဧပြီလ ၆ ရက်က တွေ့ဆုံညှိနှိုင်းမှုကြောင်း ဝါးနှင့် သက်ကယ် ဈေးပြန်ကျလာကြောင်း၊ သို့သော် ဈေးပြန်ကျလာသည့် ဝါးဈေးပင်လျင် ငလျင်မလှုပ်မီက ဝါးဈေးထက် များနေသေးကြောင်း ၎င်းကပြောသည်။

ဈေးကွက်အတွင်း လက်ရှိတွင် ဝါးတစ်လုံးလျင် ကျပ် ၅ ထောင်မှ ၇ ထောင်အထိရှိနေပြီး သက်ကယ်အချပ်တစ်ရာလျင် ကျပ် ၆ သောင်းခန့်ရှိကြောင်း၊ ငလျင်လှုပ်ပြီးကာစက ဝါးတစ်လုံးလျင် ကျပ်တစ်သောင်းခန့်၊ သက်ကယ်တစ်ရာလျင် ကျပ် ၇ သောင်းမှ ၉ သောင်းအထိနှုန်းဖြင့် ရောင်းချကြောင်း စုံစမ်းသိရသည်။ ငလျင်မလှုပ်မီကမူ ဝါးတစ်လုံးလျင် ကျပ် ၄ ထောင်မှ ၅ ထောင်၊ သက်ကယ်တစ်ရာလျင် ကျပ် ၃ သောင်းခွဲသာ ရှိကြောင်း သိရသည်။

အင်းလေးဒေသတွင် ဝါးလိုအပ်ချက်အပြင် တချို့တဝက်ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ပြုပြင်ရန်အတွက် ကျွမ်းကျင်လက်သမားလိုအပ်ချက်ရှိနေပြီး စက်ယန္တရားနှင့် အိမ်ဆောက်ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

ဧပြီ၄ ရက်တွင် ကွန်းဟိန်းမြို့၊ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ ကနဦးကောက်ယူရရှိသည့် စာရင်းများအရ ငလျင်ဘေးဒဏ်ကြောင့် အင်းလေးဒေသရှိ ကျေးရွာ ၂၈ ရွာတွင် အိမ်ခြေ ၂၃၃၈ လုံးဝပျက်စီးသွားကာ ၁၀၄၅ အိမ်မှာ တဝက်တပျက် ပျက်စီးသွားကြောင်း၊ သေဆုံးသူ ၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၁၁ ဦး ရှိကြောင်း သိရသည်။

မဟာ
#MeKongNews
#အင်းလေးဒေသ
#စစ်ကိုင်းငလျင်
#ဝါးလုံးလိုအပ်ချက်
#သက်ကယ်
#ယာယီနေအိမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now