မဲခေါင်၊ ဧပြီ ၄
ထိုင်းအလုပ်သမားဝန်ကြီး ဖိဖတ် ရတ်ချာကစ်ပရာကန်က ငလျင်ကြောင့် ပြိုကျခဲ့သည့် ဘန်ကောက်ရှိ စာရင်းစစ်ရုံးလုပ်ငန်းခွင့်မှ သေဆုံးသူများအတွက် လျော်ကြေးငွေးကိစ္စကို ၁၅ ရက်အတွင်း အပြီး ဖြေရှင်းပေးသွားမည်ဟု ဧပြီ ၃ ရက်၌ အတည်ပြုပြောဆိုခဲ့သလို ယင်းအထပ် ၃၀ အဆောက်အအုံလုပ်ငန်းခွင်တွင် အသက် ၁၈ နှစ်မပြည့်သေးသည့် လုပ်သားများ ခိုင်းစေထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် တာဝန်ယူထားသည့် ထိုင်း-တရုတ် ဖက်စပ်လုပ်ငန်းကို တရားစွဲ အရေးယူသွား မည်ဟုပါ ထုတ်ဖော်ပြောဆိုခဲ့သည်။
ဘတ် ၂ ဘီလီယံကျော်တန်ကြေးရှိသည့် ဘန်ကောက်စာရင်းစစ်ရုံးတည်ဆောက်မှုတွင် အရည်အသွေးမတူညီသော သံမဏိအမျိုးအစားခွဲ ၄ ခုမက သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိရသလို တရုတ်ဝန်ထမ်းများသည် ကယ်ဆယ်ရေးလုပ်နေစဉ် ရုံးနောက်ဘက်ခြမ်း ကွန်တိန်နာရုံးခန်းအတွင်းမှ စာရွက် စာတမ်း ၃၂ ခုကို လာရောက် ခိုးယူရာတွင် ဖမ်းဆီးနိုင်ခဲ့ပြီးနောက် တစ်နှစ်အတွင်း ဆိုင်းငံ့ထောင်ဒဏ် ၂ လနှင့် ဘတ် ၆၀၀၀ စီ ဒဏ်ရိုက်ခဲ့သေးသည်။
ယခုလို ကယ်ဆယ်ရေးလုပ်ဆောင်မှု ၆ ရက်မြောက်နေ့မှာပင် လျော်ကြေးကိစ္စ၊ တရုတ်ကုမ္ပဏီ၏ သံမဏိအရည်အသွေးခိုမှုများအတွက် အရေးယူမည်ဟု ပြောဆိုနေမှုများသည် စောလွန်းသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#MyanmarEarthquake
#ဘန်ကောက်
#စာရင်းစစ်ရုံး
#အသက်ရှင်








