မဲခေါင်၊ ဧပြီ ၂
ထိုင်းအလုပ်သမားဝန်ကြီး ဖိဖတ် ရတ်ချာကစ်ပရာကန်က ဘန်ကောက်ရှိ ငလျင်ကြောင့် ပြိုကျသွားသည့် အထပ် ၃၀ မြင့် စာရင်းစစ်ချုပ်ရုံးအရေးနှင့်ပတ်သက်ပြီး အလုပ်အကိုင်ဌာန (DEM) ထံမှ တင်ပြလာမှုတွင် ပျောက်ဆုံးနေဆဲ ၈၃ ယောက်ရှိရာ မြန်မာနိုင်ငံသား ၂၄ ယောက် ပါဝင်သည်ဟု ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
စာရင်းများအရ တိုက်ပျက်အတွင်း ၈၃ ယောက်ပျောက်ဆုံးနေသေးရာ ထိုင်းအလုပ်သမား ၅၅ ယောက်၊ မြန်မာ ၂၄ ယောက်၊ ကမ္ဘောဒီးယား ၃ ယောက်၊ လာအို တစ်ယောက်ဖြစ်ကာ ပြည်ပသား အလုပ်သမားများအနေဖြင့် MOU အလုပ်သမားဖြစ်စေ၊ သက်တမ်းကုန်ပြီး ဆက်လက်သက်တမ်တိုးခွင့် လျှောက်ထားသူများဖြစ်စေ အားလုံးကို နစ်နာကြေးနှင့် ရပိုင်ခွင့်အားလုံး ပေးဆောင်သွားမည်ဟု ဖိဖတ်က ကတိပြုသည်။
ပြည်ပအလုပ်သမားများအစည်းအရုံးမှ အချက်အလက်များနှင့်ပေါင်းစပ်ကာ ပြိုကျနေသော တိုက်အောက်ရှိ အလုပ်သမားများစာရင်းကို ပြုစုပြီးနောက် ပြည်ပလုပ်သားများသည် MOU သက်တမ်းကုန်ဆုံးသွားသူများပါသော်လည်း ထိုင်းလွှတ်တော်က ၂၀၂၄ စက်တင်ဘာ ၂၄ ရက်၌ Work Permit သက်တမ်းကုန်သွားသူများကို သက်တမ်းတိုးလျှောက်ထားခွင့်ပြုခဲ့ကြောင်း၊ သက်တမ်းကုန်ပြီး ထိုသို့သက်တမ်းတိုး လျှောက်ထားသူများသည်လည်း ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးအတွင်း ပါဝင်ခဲ့ကြသူများဖြစ်သောကြောင့် အားလုံးကို အပျက်အစီးပုံများထဲမှ အရဖော်ထုတ်မည်ဖြစ်ကာ အားလုံးကို အခွင့်အရေးနှင့် နစ်နာကြေးများ ပေးအပ်သွားမည်ဟု ဖိဖတ်က ကတိပြုသွားခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: matichon
#MeKongNews
#MyanmarEarthquake
#ဘန်ကောက်
#စာရင်းစစ်ရုံး
#မြန်မာလုပ်သား
#နစ်နာကြေး








