မဲခေါင်၊ မတ် ၁၈
ဖေဖော်ဝါရီလလယ်ပိုင်းက ထိုင်းနိုင်ငံသည် ၁၀ နှစ်ကျော်ဖမ်းဆီးထားသည့် ဝီဂါ မျိုးနွယ်စုများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းကြောင့် အမေရိကန်က ထိုင်းနိုင်ငံခြားရေးတာဝန်ရှိသူများကို ပိတ်ဆို့အရေးယူမှုနှင့် ဗီဇာပိတ်ပင်မှုလုပ်ခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟမ်မနင်းက အချုပ်အခြာအာဏာပိုင်သော ထိုင်းနှင့်တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်ဘက်က စွက်ဖက်ပိုင်ခွင့်မရှိဟု ထုတ်ပြန်သွားခဲ့သည်။
ဝီဂါမွတ်ဆလင်များသည် တရုတ်နိုင်ငံတွင် သန်းနှင့်ချီ ပိတ်လှောင် အဓမ္မခိုင်းစေခံရခြင်းဖြင့် လူသား အခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဖြစ်သောကြောင့် ထိုင်းအနေဖြင့် ဝီဂါ အယောက် ၄၀ ကို တရုတ်တောင်းဆိုသည့်အတိုင်း ပြန်မပို့ဘဲ တူရကီအပြင် တခြားခိုလှုံခွင့်ရနိုင်သည့် တတိယနိုင်ငံသို့ ပို့ဆောင်သင့်သည်ဟု တိုက်တွန်းနေသည့်ကြားမှ တရုတ်ထံ အန္တရာယ်ရှိသည့်အနေအထားတွင် ပြန်ပို့ ပေးလိုက်သဖြင့် အမေရိကန်ဘက်က ထိုင်းတာဝန်ရှိသူများကို ပိတ်ဆို့အရေးယူခြင်းအဖြစ် ဗီဇာ ပိတ် သိမ်းခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထိုအရေးနှင့်ပတ်သက်ပြီး မေးမြန်းမှုလုပ်လာမှုကို ဟမ်မနင်းက ထိုင်းနှင့်တရုတ်သည် မိမိနိုင်ငံအတွင်းတရားမဝင် ခိုးဝင်လာသည့် ရွှေ့ပြောင်းလူမှောင်ခို မှုအရေး နှစ်နိုင်ငံ ဥပဒေအတိုင်း၊ နိုင်ငံတကာဥပဒေအတိုင်း မိမိပြည်သူအကျိုးစီးပွားကာကွယ်ခြင်းဖြင့် ထိုင်းဘက်မှ ပြန်ပို့ပေးခြင်းဖြစ်ကာ မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းခွင့်ပေးမည်ဟုဆိုသည်။
ထိုအခြေအနေကို အမေရိကန်ဘက်မှ ဝင်ရောက်စွက်ဖက်ခြင်းပြုနိုင်သည့်အခွင့်အရေးမရှိ ကြောင်း၊ အမေရိကန်သည် ၂၀၂၄ ဘဏ္ဍာရေးနှစ်တစ်နှစ်တည်းအတွင်း ၎င်းတို့နိုင်ငံတွင်းမှ အမေရိကန် နိုင်ငံသားမဟုတ်သူ ၂ . ၇ သန်းကို သက်ဆိုင်ရာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံသို့ ပြန်ပို့ခဲ့သည်ဖြစ်သောကြောင့် ဥပဒေစံနှုန်းကို ကြီးနိုင်ငယ်ညှင်းသဘော ဖြင့် double standards မူများ ကျင့်သုံးနေခြင်းသာဖြစ် သည်ဟု ဆင်ဟွာသတင်းတွင် ထုတ်ပြန်ရှင်းလင်းသွားခဲ့သည်။
Ref:Xinxua
ကိုကလင်း
#MeKongNews
#ဝီဂါ
#တရုတ်
#ထိုင်း
#အမေရိကန်








