နေ့စဥ်သတင်း

ဒူတာတေး ဖမ်းဆီးခံရမှု ဖိလစ်ပိုင်အစိုးရနှင့်မဆိုင်ဟု သမ္မတ ဖာဒီနန်မားကို့စ်ဆို၊ ဖခင်လွတ်မြောက်ရေးအတွက် သမီးဖြစ်သူ ကြိုးစားမည်

မဲခေါင် 12 Mar - 2025
မဲခေါင်၊ မတ် ၁၂ မတ် ၁၁ ရက်မနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာလေဆိပ်သို့ ဟောင်ကောင်မှ ပြန်ဝင် လာသည့် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ICC ဖမ်း၀ရမ်းအရ ထိန်းသိမ်းပြီး ICC တရားရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague သို့ လေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင် လိုက်ပြီးနောက် ဒူတာတေးထောက်ခံသူ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမှု၊ အကြမ်းဖက်လာနိုင်မှု များကြောင့် နိုင်ငံအတိုင်းအတာဖြင့် လုံခြုံရေးတိုးမြှင့်ထားပြီး ထိုဖမ်းဆီးမှုမှာ မိမိတို့ လက်ရှိ ဖိလစ်ပိုင် အစိုးရနှင့် မသက်ဆိုင်ကြောင်း လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက မတ် ၁၂ ရက်တွင် ထုတ်ပြန် သွားခဲ့သည်။ ဒူတာတေးသည် ၂၀၁၆ ဇွန်လမှ

မဲခေါင်၊ မတ် ၁၂

မတ် ၁၁ ရက်မနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာလေဆိပ်သို့ ဟောင်ကောင်မှ ပြန်ဝင် လာသည့် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ICC ဖမ်း၀ရမ်းအရ ထိန်းသိမ်းပြီး ICC တရားရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague သို့ လေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင် လိုက်ပြီးနောက် ဒူတာတေးထောက်ခံသူ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမှု၊ အကြမ်းဖက်လာနိုင်မှု များကြောင့် နိုင်ငံအတိုင်းအတာဖြင့် လုံခြုံရေးတိုးမြှင့်ထားပြီး ထိုဖမ်းဆီးမှုမှာ မိမိတို့ လက်ရှိ ဖိလစ်ပိုင် အစိုးရနှင့် မသက်ဆိုင်ကြောင်း လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက မတ် ၁၂ ရက်တွင် ထုတ်ပြန် သွားခဲ့သည်။

ဒူတာတေးသည် ၂၀၁၆ ဇွန်လမှ ၂၀၂၂ ဇွန်လအထိ ဖိလစ်ပိုင် သမ္မတာတာဝန်ယူခဲ့ကာ ၂၀၁၁ မှ ၂၀၁၉ အထိဒါဗာအိုမြို့တော်ဝန် တာဝန်ယူခဲ့စဉ် ကာလများတစ်လျှောက် မူးယစ်တိုက်ဖျက်ရေး စစ်ပွဲဆင်းနွှဲ ကာ လူပေါင်း ၁၂၀၀၀ မှ ၃၀၀၀၀ ကြား ဥပဒေမျက်ကွယ်တွင် ကွပ်မျက်မှု၊ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ သဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ၂၀၂၁ ခုနှစ်တွင် လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုအဖြစ် လူသတ်မှုများကျူးလွန်သူဟု စုံစမ်းစစ်ဆေးဖော်ထုတ်မှု စတင်ပြီး ဖမ်း၀ရမ်း ထုတ် ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဩဇာအကြီးမားဆုံး မိသားစု ၂ စုအဖြစ် ဒူတာတေးမိသားစုနှင့် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ်တို့ မိသားစုအကြား အာဏာလုမှုကြောင့် ICC အဖွဲ့ဝင်အဖြစ်မှ ၂၀၁၉ တွင် နှုတ်ထွက်ပြီး ဒူတာတေး အား ဖမ်း၀ရမ်းထုတ်ထားမှုကို တာဝန်ယူပေးမည်မဟုတ်ဟုပြောခဲ့ပြီးမှ မားကို့စ်က ယခု ဖမ်းပေးလိုက် ရာတွင် ဒူတာတေးထောက်ခံသူ ရှေ့နေများက တရားရုံးချုပ်သို့ အယူခံတင်ရန် စီစဉ်နေကြသလို ဒူတာ တေးထောက်ခံပြည်သူသန်းပေါင်းများစွာကလည်း ဆန္ဒပြရန် ကြိးပမ်းနေသည့်အတွက် နိုင်ငံ အထူး လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်ကာ မားကို့စ်က မိမိတို့အစိုးရနှင့် မဆိုင်ကြောင်း ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

‘’ ဒူတာတေးကို ခေါ်ဆောင်သွားတဲ့လေယာဉ်က နယ်သာလန်ကို သွားပြီ။ ဖမ်းဆီးပေးခြင်းက မှန်ကန် ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းအားလုံးနဲ့အညီဖြစ်တယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ အစိုးရက ICC ကို ဘယ်နည်းနဲ့မှ ကူညီပေးခဲ့တာမျိုးတော့မဟုတ်ဘူး။ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုရဲ့ အမိန့်ကို လိုက်နာဖမ်းဆီးပေးခဲ့တာပဲဖြစ်တယ်” ဟုသတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောဆိုသွားခဲ့သည်။

ဒူတာတေးသည် အာဆီယံမှ ICC တရားရုံးတင် စစ်ဆေးခံရသည့် ပထမဆုံးသော နိုင်ငံခေါင်းဆောင် ဖြစ်လာခဲ့ပြီဖြစ်ရာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International ) က နိုင်ငံခေါင်း ဆောင်များဖြစ်ပါစေ အဆိုးရွားဆုံးရာဇဝတ်မှုကျူးလွန်သူများ ကမ္ဘာ့မည်သည့်နေရာတွင်ရှိပါစေ ဖမ်းဆီးအရေးယူနိုင်ခြင်းအတွက် မျှော်လင့်ချက်၊ သေဆုံးဖိလစ်ပိုင်သားများအတွက် မျှော်လင့်ချက် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မူးယစ်တိုက်ဖျက်ရေးစစ်ပွဲတွင် အသေသတ် စစ်တပ်ကိုထူထောင်ကာ ၆၀၀၀ ကျော်ကို မူးယစ်ရာဇာ မဟုတ်ဘဲ ဆေးစွဲသူ၊ ဆေးသုံးသူများပါမကျန် ပစ်သတ်ခိုင်းခဲ့သူမှာ ဒူတာတေးဖြစ်ကြောင်းစွဲချက် များရှိနေသလို ရဟတ်ယာဉ်ပေါ် တင်ခေါ်သွားပြီးမှ ပစ်ချသည်ကို ဒူတာတေး ကိုယ်တိုင်ဝန်ခဲ့သလို လမ်းပေါ် ဆေးသမား ၃ ဦးကို ကိုယ်တိုင် ကျည်မည်မျှ ကုန်သည်မသိရသည်အထိ ပစ်သတ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

ဟစ်တလာသည် ဂျူး ၃ သန်းသတ်ဖြတ်ခဲ့ရာ ဖိလစ်ပိုင်တွင် မူးယစ်ဆေးစွဲသူ ၃ သန်းရှိနေသဖြင့် အကုန်ရှင်းပစ်ရမည်ဖြစ်သောကြောင့် မိမိသည် ဖိလစ်ပိုင် ဟစ်တလာဟု ကြုံးဝါးခဲ့ သူဖြစ်ကြောင်း ဒူတာတေး ကျူးလွန်ခဲ့သည့် အမှုများကို ကမ္ဘာ့မီဒီယာအသီးသီးက ပြန်လည်တူးဆွ ဖော်ပြနေကြသည်။

သို့သော် ဒူတာတေးကိုယ်တိုင်က သူသည် ရာဇဝတ်သားမဟုတ်ကြောင်းနှင့် အခိုင်အမာ သက်သေပြ ရန်လိုသည်ဟု ဆိုကာ နယ်သာလန်သို့ ရောက်ရှိပြီးနောက် နှာခေါင်းတွင် ပိုက်တပ်ထားပြီး အလွန် နာမကျန်းဖြစ်နေသည့် ပုံကို သမီးအငယ်ဆုံး ဒုသမ္မတဟောင်း ဆာရာဒူတာတေးကပါ လူမှုကွန်ရက်တွင် တင်ခဲ့ပြီး မိမိဖခင်သည် ဆေးရုံပို့ခြင်းမခံရ၊ ကျန်းမာရေးစောင့်ရှောက်မှုမခံရဟု သမီးဖြစ်သူကဆိုသည်။

အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုခံရခြင်းဖြစ်သောကြောင့် နယ်သာလန်အထိ လိုက်သွားပြီး ဖခင်အပြစ်မရှိကြောင်း လျှောက်လွှဲမည်ဟု မတ် ၁၂ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

Ref:Thesun & independent
ကိုကလင်း
#ဒူတာတေး
#ဖမ်းဆီး
#သမီး
#ဖိလစ်ပိုင်
#သမ္မတ
#မားကို့စ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now