နေ့စဥ်သတင်း

လုံခြုံရေးအဖွဲ့ဝင် ၅ ယောက်သေဆုံးခဲ့သည့် ထိုင်းတောင်ပိုင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတိုးမြှင့်

မဲခေါင် 10 Mar - 2025
မဲခေါင်၊ မတ် ၁၀ ထိုင်းတောင်ပိုင်း ပတာနီခရိုင် ဆိုင်ဘူရီနှင့် နာရာသီဝပ်ခရိုင် ဆန်ဂိုင်းကိုလက် နှစ်နေရာ မတ် ၉ ရက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အရပ်ဘက် လုံခြုံရေးဝန်ထမ်း ၅ ဦး သေဆုံး ၁၃ ယောက် ဒဏ်ရာရမှုကို အမှတ်(၄)တပ်မတော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ပိုင်ဆန်နူဆန် သွားရောက် စစ်ဆေးခဲ့ပြီး လုံခြုံရေးတိုးမြှင့်ရန် မှာကြားခဲ့သည်။ ကားအတွင်း ၁၀၀ ကီလိုဂရမ်ဂတ်စ်အိုးနှင့် ပေါက်ကွဲစေမည့် ယမ်းများ၊ အဝေးထိန်းရေဒီယိုအချက်ပြစနစ် အသုံးပြုထားသော ကားနှင့် တိုက်ခိုက်ဖောက်ခွဲခဲ့ရာ မီတာ ၁၀၀ အချင်းအထိ ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး အစိုးရ အဆောက်အအုံရုံးများ ပျက်ဆီးမှုဖြစ်ခဲ့သလို ဒေသခံ လုံခြုံရေး ၅

မဲခေါင်၊ မတ် ၁၀

ထိုင်းတောင်ပိုင်း ပတာနီခရိုင် ဆိုင်ဘူရီနှင့် နာရာသီဝပ်ခရိုင် ဆန်ဂိုင်းကိုလက် နှစ်နေရာ မတ် ၉ ရက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် အရပ်ဘက် လုံခြုံရေးဝန်ထမ်း ၅ ဦး သေဆုံး ၁၃ ယောက် ဒဏ်ရာရမှုကို အမှတ်(၄)တပ်မတော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ပိုင်ဆန်နူဆန် သွားရောက် စစ်ဆေးခဲ့ပြီး လုံခြုံရေးတိုးမြှင့်ရန် မှာကြားခဲ့သည်။

ကားအတွင်း ၁၀၀ ကီလိုဂရမ်ဂတ်စ်အိုးနှင့် ပေါက်ကွဲစေမည့် ယမ်းများ၊ အဝေးထိန်းရေဒီယိုအချက်ပြစနစ် အသုံးပြုထားသော ကားနှင့် တိုက်ခိုက်ဖောက်ခွဲခဲ့ရာ မီတာ ၁၀၀ အချင်းအထိ ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး အစိုးရ အဆောက်အအုံရုံးများ ပျက်ဆီးမှုဖြစ်ခဲ့သလို ဒေသခံ လုံခြုံရေး ၅ ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

မလေးရှားနယ်စပ် အငြင်းပွားဖွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာရှိနေခြင်းကြောင့် မကြာခဏ အကြမ်းဖက် တိုက်ခိုက်မှုများရှိနေသော အဆိုပါဒေသတွင် ယခင် ရာမာဒန်ဥပုသ်လ နှောင်းပိုင်းများ၌ အကြမ်းဖက် တိုက်ခိုက်လေ့ရှိသော်လည်း ယခုနှစ်တွင် ရာမာဒန်ဥပုသ်လ အစမှာပင် အကြမ်းဖက်တိုက်ခိုက်လာသဖြင့် လုံခြုံရေးအင်အားတိုးမြှင့်ထားရှိပြီး အစိုးရ အဆောက်အအုံနှင့် ရုံးများအတွင်း ပြင်ပယာဉ်များ ဝင်ခွင့်မပြုတော့ဘဲ အနီးအနားသွားလာသော ကားများအားလုံးကိုပါ ၂၄ နာရီ လုံခြုံရေးချထားပြီး စောင့်ကြည့်ရန်နှင့် မသင်္ကာဖွယ်ရာ တွေ့မြင်လျှင် ပြည်သူများ အကြောင်းကြားရန် ပိုင်ဆန်နူဆန်က မှာကြားခဲ့သည်။

မတ် ၉ ရက်တွင် ဂျာမနီမှ ဘန်ကောက်လေဆိပ်သို့ ပြန်ရောက်လာသော ထိုင်းဝန်ကြီးချုပ် ပေထောင်တန် ကလည်း ထိုအဖြစ်ဆိုးအတွက် လေဆိပ်ရောက်သည်နှင့် မိသားစုဝင်များနှင့်အတူ ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်သလို လုံခြုံရေးတိုးမြှင့်ထားရှိရန် ထုတ်ပြန်မှာကြားခဲ့သည်။

Ref:Khaosod
ကိုကလင်း
#MeKongNews
#ထိုင်းတောင်ပိုင်း
#တိုက်ခိုက်
#အကြမ်းဖက်
#လုံခြုံရေး
#တိုးမြှင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now