နေ့စဥ်သတင်း

အမေရိကတွင် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် သေဒဏ်ကို သေနတ်ဖြင့် ပစ်ခတ် စီရင်

မဲခေါင် 9 Mar - 2025
မဲခေါင်၊ မတ် ၉ မတ် ၇ ရက်နေ့၌ အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် အကျဉ်းထောင်တွင် သေဒဏ်ချမှတ်ခံထားရ သူ ထောင်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် ကွပ်မျက်ခဲ့ရာ အမေရိကန်နိုင်ငံ၌ ၁၅ နစ်အတွင်း ပထမဆုံးအကြိမ် သေနတ်ဖြင့် သေဒဏ်စီရင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အကျဉ်းသား ဘရတ်ဆစ်ဂ်မွန် (၆၇ နှစ်) သည် ၂၀၀၁ ခုနှစ်က ချစ်သူဟောင်းကို ပြန်ပေးဆွဲကာ ပျားရည်ဆမ်း ခရီးထွက်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သလို မိမိကိုယ်ကိုယ်လည်း သတ်သေရန် ကြိုးစားခဲ့ပြီး ထိုးအခင်းမဖြစ်မီ ချစ်သူဟောင်း၏ မိဘ နှစ်ပါးအား ဘေ့စ်ဘောတုတ်ဖြင့် ရက်စက်စွာရိုက်သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ် ခံခဲ့ရသူဖြစ်သည်။ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ယခုလို သေနတ်ဖြင့် သေဒဏ်စီရင်ခြင်းမှာ သမိုင်း၌

မဲခေါင်၊ မတ် ၉

မတ် ၇ ရက်နေ့၌ အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် အကျဉ်းထောင်တွင် သေဒဏ်ချမှတ်ခံထားရ သူ ထောင်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ် ကွပ်မျက်ခဲ့ရာ အမေရိကန်နိုင်ငံ၌ ၁၅ နစ်အတွင်း ပထမဆုံးအကြိမ် သေနတ်ဖြင့် သေဒဏ်စီရင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အကျဉ်းသား ဘရတ်ဆစ်ဂ်မွန် (၆၇ နှစ်) သည် ၂၀၀၁ ခုနှစ်က ချစ်သူဟောင်းကို ပြန်ပေးဆွဲကာ ပျားရည်ဆမ်း ခရီးထွက်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သလို မိမိကိုယ်ကိုယ်လည်း သတ်သေရန် ကြိုးစားခဲ့ပြီး ထိုးအခင်းမဖြစ်မီ ချစ်သူဟောင်း၏ မိဘ နှစ်ပါးအား ဘေ့စ်ဘောတုတ်ဖြင့် ရက်စက်စွာရိုက်သတ်ခဲ့သည့်အတွက် သေဒဏ်ချမှတ် ခံခဲ့ရသူဖြစ်သည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ယခုလို သေနတ်ဖြင့် သေဒဏ်စီရင်ခြင်းမှာ သမိုင်း၌ ပထမဆုံးအကြိမ် ဖြစ်ပြီး အမေရိကန်နိုင်ငံသမိုင်းတွင် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ပထမဆုံအးကြိမ် သေနတ်ဖြင့် သေဒဏ် စီရင်ခြင်းလည်း ဖြစ်ခဲ့သည်။

ဆစ်ဂ်မွန်ကို လျှပ်စစ်ထိုင်ခုံ၊ ဆေးထိုးသတ်ခြင်းနှင့် သေနတ်ဖြင့် သေဒဏ်စီရင်ခြင်း ၃ မျိုးအနက် တစ်မျိုး ရွေး ခိုင်းရာ လျှပ်စစ်ထိုင်ခုံဖြင့် စီရင်ခံရခြင်းသည် လူကို ချက်ပြုတ်သလို ခံစားရမည်ဖြစ်ခြင်း၊ ဆေးထိုးသတ်ခြင်း တွင် အဆုပ်အတွင်း သွေးများပွက်ပွက်ထစေမည်ဖြစ်ခြင်းကြောင့် ဆစ်ဂ်မွန်က သေနတ်ဖြင့် စီရင်ခံရန် ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

သေဒဏ်စီရင်မှုတွင် ရင်ဘတ်၌ ပစ်ကွင်းချိန်သားကိုက်ပါ ဝတ်စုံနက်၊ ခေါင်းစွပ်နက်ကို ဝတ်ဆင်ပေးကာ အုတ်တံတိုင်းရှေ့တွင် ထိုင်ခုံဖြင့် ထိုင်စေပြီး လုပ်အားပေး အကျဉ်းသား ၃ ယောက်ကို ပစ်ခတ် ကွပ်မျက်စေခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ၏ အဆိုအရ သိရှိရသည်။

သန့်
Ref:AA
#MeKongNews
#သေဒဏ်
#အမေရိကန်
#စီရင်
#ကယ်ရိုလိုင်းနား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now