မြ၀တီမြို့တွင်း ပုန်းအောင်းနေသော ကျားဖြန်လုပ်ငန်းမှ အင်ဒိုနီးရှားသား ၅၈ ယောက်ကို BGF ထိန်းသိမ်း
မဲခေါင်၊ မတ် ၆
မြ၀တီမြို့အတွင်း ကျားဖြန်လုပ်ငန်းများ အမြစ်ဖြတ်နှိမ်နင်းသွားမည်ဟု ကတိပြုထားသည့် BGF ခေါင်းဆောင် စောချစ်သူ၏ တပ်များသည် မတ် ၃ ရက်က မြ၀တီမြို့တွင်း အဆောက်အအုံတစ်ခု၌ ပုန်းအောင်းနေသော ကျားဖြန်လုပ်ငန်းမှ အင်ဒိုနီးရှားသား ၅၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး အောင်ဇဗ္ဗူလင်းဟိုတယ်အတွင်း ထိန်းသိမ်း ထားကြောင်း သိရသည်။
စကားပြန်နှင့် မေးမြန်းရာ အင်ဒိုနီးရှားသားများသည် မွေးရပ်နိုင်ငံသို့ ပြန်လိုကြသည်ဟု ပြောဆိုကြသဖြင့် သက်ဆိုင်ရာ နိုင်ငံသံရုံးများက မိမိနိုင်ငံသားများကို အမြန်ပြန်လည်ခေါ်ဆောင်ကြရန် လိုအပ်ကြောင်း BGF အကြီးအကဲ တစ်ဦးဖြစ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သေည့် နိုင်မောင်ရွှေက ထိုင်းမီဒီယာထံ ပြောကြားခဲ့သည်။
Ref: The Reporters
ကိုကလင်း
#MeKongNews








