နေ့စဥ်သတင်း

ထရမ့်နှင့် ဇီလန်းစကီးတို့ ဆွေးနွေးပွဲ အချေအတင် စကားများပြီး ပြီးဆုံး၊ ရုရှားနှင့်ဆွေးနွေးစဉ်က ပျူငှာလွန်းနေပြီး မိမိတို့သမ္မတအပေါ် ရိုင်းစိုင်းခဲ့ကြကြောင်း ယူကရိန်းအမတ် ဖွင့်ဟ

မဲခေါင် 1 Mar - 2025
မဲခေါင်၊ မတ် ၁ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း ယနေ့နံနက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတ JD ဗန်စီတို့ တွေ့ဆုံဆွေးနွေးမှုသည် အလွန်တင်းမာသော အခြေအတင်စကားများမှုများရှိခဲ့ကာ ဇီလန်းစကီးကို အခန်းထဲမှပင် မောင်းထုတ်ခဲ့ကြောင်း သိရှိရသည်။ မည်မျှ ပြင်းထန်သော အခြေအတင် စကားများမှုများဖြစ်ခဲ့ကြောင်း အတိအကျမသိရှိရသေးသော်လည်း ဒေါ်နယ်ထရမ့်က ဇီလန်းစကီးသည် တတိယကမ္ဘာစစ်ကြီးဖြစ်ပွားစေရန် လောင်းကစားလုပ်နေသူဖြစ်ကာ ရုရှား နှင့် ငြိမ်းချမ်းရေး စကားမပြောလိုလျှင် မိမိတို့ ထိုပဋိပက္ခအတွင်းမှ ထွက်သွားရမည်ဟု ပြောဆိုခဲ့ကြသည်။ ထိုအခြေအနေတွင် ဇီလန်းစကီးက မည်သည့်အချိန်ကမှ ကတိမတည်ခဲ့သော ရုရှားနှင့် ဆွေးနွေးစရာမရှိဟု တုံ့ ပြန်ပြီးနောက် ရုံးခန်းထဲမှ ထွက်သွားခိုင်းခြင်းပင် ခံခဲ့ရပြီး ထရမ့် အလွန်အလိုရှိနေသော ယူကရိန်းမြေပေါ်

မဲခေါင်၊ မတ် ၁

ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း ယနေ့နံနက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတ JD ဗန်စီတို့ တွေ့ဆုံဆွေးနွေးမှုသည် အလွန်တင်းမာသော အခြေအတင်စကားများမှုများရှိခဲ့ကာ ဇီလန်းစကီးကို အခန်းထဲမှပင် မောင်းထုတ်ခဲ့ကြောင်း သိရှိရသည်။

မည်မျှ ပြင်းထန်သော အခြေအတင် စကားများမှုများဖြစ်ခဲ့ကြောင်း အတိအကျမသိရှိရသေးသော်လည်း ဒေါ်နယ်ထရမ့်က ဇီလန်းစကီးသည် တတိယကမ္ဘာစစ်ကြီးဖြစ်ပွားစေရန် လောင်းကစားလုပ်နေသူဖြစ်ကာ ရုရှား နှင့် ငြိမ်းချမ်းရေး စကားမပြောလိုလျှင် မိမိတို့ ထိုပဋိပက္ခအတွင်းမှ ထွက်သွားရမည်ဟု ပြောဆိုခဲ့ကြသည်။

ထိုအခြေအနေတွင် ဇီလန်းစကီးက မည်သည့်အချိန်ကမှ ကတိမတည်ခဲ့သော ရုရှားနှင့် ဆွေးနွေးစရာမရှိဟု တုံ့ ပြန်ပြီးနောက် ရုံးခန်းထဲမှ ထွက်သွားခိုင်းခြင်းပင် ခံခဲ့ရပြီး ထရမ့် အလွန်အလိုရှိနေသော ယူကရိန်းမြေပေါ် မြေရှားသတ္တုအပါအဝင် ဓာတ်သတ္တု ဒေါ်လာ ဘီလီယံ ၅၀၀ ဖိုး တူးဖော်လိုသည့် ကမ်းလှမ်းမှုအတွက် ဇီလန်း စကီးဘက်မှလည်း လက်ခံ လက်မှတ်ထိုးပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

ဇီလန်းစကီး အိမ်ဖြူတော်ထဲမှ ထွက်ခွာသွားပြီးနောက် Fox News သတင်းဌာနက မေးမြန်းရာ ဇီလန်းစကီး ဘက်က နှစ်ဖက်စလုံးအတွက် ကောင်းသော တွေ့ဆုံမှုမျိုး မဖြစ်ခဲ့ကြောင်း၊ သို့သော် အမေရိကန်နှင့် ဆက်ဆံ ရေး ရှေ့ဆက်လက်တွဲသွားနိုင်ဖွယ်ရှိသေးကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

အခြေအနေမည်မျှ ပြင်းထန်ခဲ့သည်ကို အတိအကျမသိရသော်လည်း ယူကရိန်းလွှတ်တော် အတိုက်အခံ အမတ် အင်နာဆော့ဗ်ဆန်က ဘဲဥပုံရုံးခန်းအတွင်း မည်မျှ ကြမ်းတမ်းခဲ့သနည်း အတိအကျမသိသေးသော်လည်း ထရမ့် နှင့် JD တို့သည် မိမိတို့ ယူကရိန်းသမ္မတအပေါ် လုံး၀ လက်မခံနိုင်စရာ ရိုင်းစိုင်းသော ပြောဆိုမှုများပြုလုပ်ခဲ့ကြသည်။

ဇီလန်းစကီးသည် ယူကရိန်းပြည်သူတစ်ရပ်လုံးကိုယ်စားပြုပြီးပြောဆိုခဲ့ခြင်းသာဖြစ်ကာ ထရမ့်နှင့် ဒုသမ္မတဘက်မှ ယခုစစ်ပွဲသည် ဇီလန်းစကီးကြောင့် ဖြစ်ရသည်ဟု စွပ်စွဲခဲ့ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်က ရုရှားကိုယ်စားလှယ်များနင့် တွေ့ဆုံစဉ် ထရမ့်နင့် JD တို့ ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သလောက် ကျူးကျော် တိုက်ခိုက်ခံနေရသော မိမိတို့နိုင်ငံ သမ္မတ အပေါ် ရိုင်းစိုင်းစွာ စွပ်စွဲနေခြင်းများမှာ လုံးလုံး လက်ခံနိုင်စရာမရှိဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

အဆိုပါ ပြဿနာဖြစ်အပြီး ယူကေ ဝန်ကြီးချုပ် စတာမာသည် ဘဲဥပုံရုံးခန်းအတွင်း ဝင်ကာ ထရမ့်နှင့် တွေ့ဆုံ ပြီးနောက် မိမိကမူ ယူကရိန်းအပေါ် မယိမ်းယိုင်သော ပံ့ပိုးကူညီမှုများ ဆက်လက်ထားရှိသွားမည်ဟု ပြောရေး ဆိုခွင့်ရှိသူမှတစ်ဆင့် မီဒီယာများထံ ထုတ်ပြန်သွားခဲ့သည်။

Ref:BBC
ကိုကလင်း
#MeKongNews
#ဇီလန်းစကီး
#ထရမ့်
#ဒုသမ္မတ
#ဘဲဥပုံ
#အမေရိကန်
#ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now