နေ့စဥ်သတင်း

တောင်ကြီးနှင့် ညောင်ရွှေမြို့၌ အိမ်လခဈေးကြီးလာသဖြင့် စစ်ဘေးရှောင်များ ရပ်တည်ရေးခက်ခဲလာ

မဲခေါင် 12 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့များသို့ စစ်ဘေးရှောင်ရောက်ရှိနေကြသည့် ပြည်သူများ အိမ်ငှားခဈေးနှုန်းမြင့်တက်လာခြင်းနှင့် ဝင်ငွေနည်းပါးခြင်း၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက နေထိုင်ခွင့်တားမြစ်ခြင်းများကြောင့် ရပ်တည်ရေးခက်ခဲလာကြောင်း သိရသည်။ ကရင်နီပြည်၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တစ်လေးလုံး(၁၁၁၁)စစ်ဆင်ရေးနှင့် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ရှမ်းမြောက်လားရှိုးမြို့သိမ်းတိုက်ပွဲစတင်ပြီးနောက် ညောင်ရွှေနှင့် တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူဦးရေ ပိုမိုများပြားလာခဲ့ပြီး ယခင် ၆ သောင်းဝန်းကျင်သာ ပေးရသည့် အခန်းတစ်ခန်း ငှားရမ်းခသည် ယခုတွင် ကျပ်တစ်သိန်းခွဲဝန်းကျင်၊ ယခင်က ကျပ်လေးသိန်းခွဲသာ ရှိသော အိမ်ငှားခသည် ယခု ကျပ်ရှစ်သိန်းဝန်းကျင်အထိ အိမ်ငှားခ နှစ်ဆမြင့်တက်လာသဖြင့် နေထိုင်ရပ်တည်ရေး ခက်ခဲလာကြောင်း တောင်ကြီးမြို့၌ စစ်ရှောင်နေသူတစ်ဦးက မဲခေါင်ကိုပြောသည်။ “လားရှိုးနဲ့ ရှမ်းမြောက်စစ်ရှောင်တွေ လာပြီးကတည်းက အဲ့လိုတက်သွားတာ၊

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့များသို့ စစ်ဘေးရှောင်ရောက်ရှိနေကြသည့် ပြည်သူများ အိမ်ငှားခဈေးနှုန်းမြင့်တက်လာခြင်းနှင့် ဝင်ငွေနည်းပါးခြင်း၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက နေထိုင်ခွင့်တားမြစ်ခြင်းများကြောင့် ရပ်တည်ရေးခက်ခဲလာကြောင်း သိရသည်။

ကရင်နီပြည်၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ တစ်လေးလုံး(၁၁၁၁)စစ်ဆင်ရေးနှင့် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ရှမ်းမြောက်လားရှိုးမြို့သိမ်းတိုက်ပွဲစတင်ပြီးနောက် ညောင်ရွှေနှင့် တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူဦးရေ ပိုမိုများပြားလာခဲ့ပြီး ယခင် ၆ သောင်းဝန်းကျင်သာ ပေးရသည့် အခန်းတစ်ခန်း ငှားရမ်းခသည် ယခုတွင် ကျပ်တစ်သိန်းခွဲဝန်းကျင်၊ ယခင်က ကျပ်လေးသိန်းခွဲသာ ရှိသော အိမ်ငှားခသည် ယခု ကျပ်ရှစ်သိန်းဝန်းကျင်အထိ အိမ်ငှားခ နှစ်ဆမြင့်တက်လာသဖြင့် နေထိုင်ရပ်တည်ရေး ခက်ခဲလာကြောင်း တောင်ကြီးမြို့၌ စစ်ရှောင်နေသူတစ်ဦးက မဲခေါင်ကိုပြောသည်။

“လားရှိုးနဲ့ ရှမ်းမြောက်စစ်ရှောင်တွေ လာပြီးကတည်းက အဲ့လိုတက်သွားတာ၊ တောင်ကြီးမှာ အလကားပေးမနေတော့တာက ကြာပြီလေ၊ စစ်ရှောင်တွေက အိမ်ခန်းလိုက်ငှားနေရတယ်၊ ရတဲ့ လစာကလည်း အိမ်လခ တစ်လစာတောင် မရှိဘူးဆိုတော့ ခက်တာပေါ့” ဟု ပြောသည်။

အလားတူ ညောင်ရွှေမြို့ရှိ ဘုန်းကြီးကျောင်းများအနေဖြင့် စစ်ဘေးရှောင်များကို ဆက်လက် လက်ခံထားခြင်း မပြုရန်နှင့် စစ်ဘေးရှောင်များ မတ်လအကုန်တွင် ပြောင်းရွှေ့ကြရန် ထွေအုပ်မှ ဖိအားပေးနေပြီ ဖြစ်သည်။

သူက “လွိုင်ကော် အိမ်ကလည်း မီးလောင်ထားတော့ တဲလေးထိုးပြီးနေမယ်ပေါ့ စဉ်းစားနေတာ၊ မနေ့ရှေ့တရက်က အိမ်နားမှာ တိုက်ပွဲဖြစ်တယ်တဲ့၊ ဖြစ်တော့ ကျွန်တော်တို့ အိမ်နားက မလောင်ဘဲ ကျန်နေတဲ့ အိမ်နှစ်လုံးလည်း ပါသွားတယ်၊ အဲတော့ ပြန်နေရင်တောင်မှ ဘယ်ချိန်လက်နက်ကြီးကျ သေမလဲမသိဘူး” ဟု ပြောသည်။

ဘုန်းကြီးကျောင်း၌ ဆက်လက်နေထိုင်ခွင့် မရသဖြင့် နေရပ်ပြန်နေထိုင်မည်ဆိုပါကလည်း လုံခြုံမှု မရှိသလို အိမ်ငှါးနေထိုင်ရန်လည်း တစ်လရရှိသည့် လုပ်ခလစာ ကျပ်နှစ်သိန်းဝန်းကျင်သည် အိမ်ငှားတစ်လစာပင် မရှိကြောင်း ၎င်းကပြောသည်။

“အိမ်ငှားမယ်ဆိုတော့လည်း လစာရတာမှ နှစ်သိန်း အိမ်ငှားခဖိုးတောင် မရှိဘူး၊ စားစရိတ်နဲ့ သက်ကြီးရွယ်အိုနဲ့ ဆေးဝါးစရိတ်နဲ့ ပြောစရာတောင် မကျန်တော့ဘူး” ဟု ပြောသည်။

ရှမ်းပြည်၊ ကရင်နီပြည်အတွင်း စစ်ပွဲများကြောင့် ဒေသခံများအနေဖြင့် စစ်မက်ကင်းသော တခြားမြို့ရွာများသို့ တိမ်းရှောင်နေထိုင်သူများရှိသလို တောတောင်အတွင်း ခိုအောင်းနေသူများလည်း ရှိနေကြသည်။

သုဝဏ္ဏခွန်
#MeKongNews
#တောင်ကြီး
#ညောင်ရွှေ
#အိမ်လခဈေးကြီး
#ရပ်တည်ရေးခက်ခဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now