မဲခေါင်၊ ဖေဖေါ်ဝါရီ ၈
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၌ ယနေ့(ဖေဖော်ဝါရီလ ၈) ညနေ ၄ နာရီဝန်းကျင်တွင် တောမီးမှတဆင့် ဓာတ်ဆီဆိုင်နှင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
နေအိမ်၌ ဆန်အိပ်များထားရှိတာကြောင့် ကျပ်သိန်းထောင်ဂဏန်းအထိ ဆုံးရှံးနိုင်သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီဆိုင်တစ်ဆိုင်နှင့် နေအိမ်တလုံး မီးလောင်ပြာကျသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မဲခေါင်က ဆက်လက်စုံစမ်းနေဆဲပါ။
မီးလောင်ကျွမ်းမှု အရှိန်ပြင်းပြီး ပေါက်ကွဲနေသော ဆီပီပါများကြားမှ ရေနှင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီးနောက် မီးငြိမ်းခဲ့သည်။
ကရင်နီပြည်နယ်က ရေရှားပါးသော ဒေသဖြစ်ပြီး ရေအရင်းအမြစ်ရရှိရန်အတွက် ခက်ခဲသောကြောင့် မီးဘေးအန္တာရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပြီး သတိထားဖို့လိုအပ်သည့် ဒေသတခု ဖြစ်သည်။
မြူနှင်း
#MeKongNews
#ကရင်နီပြည်
#ဒီးမောဆို့မြို့နယ်
#မီးလောင်
#ဓါတ်ဆီဆိုင်နှင့်နေအိမ်








