နေ့စဥ်သတင်း

တန့်ယန်းက စစ်ကောင်စီအင်အားတွေနဲ့ အလယ်ပိုင်းမှာ စစ်ကောင်စီ ထိုးစစ်ပိုလာနိုင်

မဲခေါင် 1 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁ လားရှိုးကနေ တန့်ယန်းမြို့နယ်ထဲမှာ သွားရောက်အထိုင်ချနေတဲ့ စစ်ရှုံး ရမခ အင်အားကို အခုလေယာဉ်နဲ့ အလယ်ပိုင်းတိုင်းကိုပို့ဆောင်နေတာကြောင့် အလယ်ပိုင်းတိုင်းအတွင်း စစ်ကောင်စီထိုးစစ်ပိုလာနိုင်ကြောင်း CDM တပ်မတော်သားတွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ဟာ ၁၀၂၇ စစ်ဆင်ရေးကာလတုန်းက စစ်ရှုံးကာ ဖွဲ့စည်းပုံပျက်ပြီးနောက် အစားထိုး ရမခအနေနဲ့ တန့်ယန်းမှာအထိုင်ချနေတာဖြစ်ပြီး အခုအလယ်ပိုင်းတိုင်းကို ထပ်မံပြောင်းရွှေ့တာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်နဲ့ စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက်ပိုင်းမှာ အခုလို တန့်ယန်းမှာအထိုင်ချနေတဲ့ စစ်ကောင်စီတွေ အပြောင်းအရွှေ့ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ “တန့်ယန်းမှာအခြေပြုပြီး လားရှိုးကို ပြန်တိုက်မယ်ဆိုပြီး စုဖွဲ့တာပေါ့နော်၊ အဲ့ကနေအခု မန်ကတ်၊ မိုင်းဆတ်ကနေ

မဲခေါင်၊ ဖေဖော်ဝါရီ ၁

လားရှိုးကနေ တန့်ယန်းမြို့နယ်ထဲမှာ သွားရောက်အထိုင်ချနေတဲ့ စစ်ရှုံး ရမခ အင်အားကို အခုလေယာဉ်နဲ့ အလယ်ပိုင်းတိုင်းကိုပို့ဆောင်နေတာကြောင့် အလယ်ပိုင်းတိုင်းအတွင်း စစ်ကောင်စီထိုးစစ်ပိုလာနိုင်ကြောင်း CDM တပ်မတော်သားတွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ဟာ ၁၀၂၇ စစ်ဆင်ရေးကာလတုန်းက စစ်ရှုံးကာ ဖွဲ့စည်းပုံပျက်ပြီးနောက် အစားထိုး ရမခအနေနဲ့ တန့်ယန်းမှာအထိုင်ချနေတာဖြစ်ပြီး အခုအလယ်ပိုင်းတိုင်းကို ထပ်မံပြောင်းရွှေ့တာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်နဲ့ စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက်ပိုင်းမှာ အခုလို တန့်ယန်းမှာအထိုင်ချနေတဲ့ စစ်ကောင်စီတွေ အပြောင်းအရွှေ့ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

“တန့်ယန်းမှာအခြေပြုပြီး လားရှိုးကို ပြန်တိုက်မယ်ဆိုပြီး စုဖွဲ့တာပေါ့နော်၊ အဲ့ကနေအခု မန်ကတ်၊ မိုင်းဆတ်ကနေ စုဖွဲ့အင်အားတွေကို လေယာဉ်နဲ့ ရှမ်းတောင်၊ ရှမ်းတောင်ကနေ မိတ္ထီလာ၊ တချို့ မပခ မြစ်ကြီးနားကို ပို့နေတယ်လို့ သတင်းရထားတယ်၊ လားရှိုးကို ပြန်တိုက်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့” လို့ လေတပ် CDM တပ်ကြပ်ကြီး ဇေယျက မဲခေါင်ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ စစ်ကောင်စီအနေနဲ့ လားရှိူးကို ပြန်တိုက်ဖို့ စုဖွဲ့ထားတဲ့ တန့်ယန်း၊ မန်ကတ်၊ မိုင်းဆတ်တကြောက စစ်ကောင်စီအရာရှိစစ်သည် အင်အား ၂၀၀၀ ကျော်ခန့် Mi 35, MiATR တွေနဲ့ စစ်အင်အားခွဲပို့တာတွေ ပြုလုပ်ခဲ့တာပါ။

လားရှိူးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းယူပြီးတဲ့အချိန်အထိ စစ်ခေါင်းဆောင်ဟာ ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်လည်တိုက်ယူရန် စစ်တိုင်းမှူး သုံးဦးအထိ ပြောင်းလဲကာ စုဖွဲ့မှုတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း စစ်အင်အားကို အလယ်ပိုင်းဒေသကို ခွဲပို့ထားစဉ် ရှမ်းမြောက်တကြောကို တရုတ်ဖိအားနဲ့ အချိန်တခုအထိထိန်းထားကာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိစပ်နေတဲ့ မြန်မာပြည် အလယ်ပိုင်းဒေသတလျှောက်ကို ထိုးစစ်ပိုလာနိုင်တယ်လို့ လူငယ်စစ်ရေးကျွမ်းကျင်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ကျွန်တော်တစ်ယောက်တည်း အမြင်အရ ရှမ်းမြောက်ကို တရုတ်နဲ့ဖိအားပေးပြီး စစ်ကောင်စီတပ်ရဲ့အဓိက ကပစ တပ်တွေရှိရာ KIA နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတကြောနဲ့ AA ထိုးစစ်ဆင်လာတဲ့ ပြည် လိုနေရာတွေ စစ်ကိုင်းမကွေးအစပ်တွေကို ပိုဖိလိမ့်မယ်၊ သေချာတာက ၂၀၂၅ က စစ်ပွဲအကြီးဆုံးနှစ် ဖြစ်လာလိမ့်မယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းပိုင်းမြောက်ပိုင်းမြို့အများစုကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မိုင်းရယ်၊ ဟိုယ၊ တန့်ယန်းမြို့တွေမှာ UWSA “ဝ” တပ်တွေ တပ်စွဲထားတာလည်း ရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်း လက်နက်ကိုင်တွေကြားက စစ်ရေးအခြေအနေကို သိနိုင်ရန် RCSS/SSA က ဒုဗိုလ်မှူးကြီး အုမ်းခေးနဲ့ SSPP/SSA က ဗိုလ်ကြီးသီဟရာဇာ တို့ကို မဲခေါင်က ဆက်သွယ်မေးမြန်းပေမဲ့ ဖြေဖို့အဆင်မပြေသေးကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်။

MK 016
#MeKongNews
#တန့်ယန်း
#စစ်အင်အား
#အလယ်ပိုင်းတိုင်း
#ထိုးစစ်ပိုလာနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now