နေ့စဥ်သတင်း

စစ်ကောင်စီ တြိဂံဒေသစစ်တိုင်းမှူး ၂ လအတွင်း ၂ ကြိမ်မြောက် “ဝ” တောင်ပိုင်းလာရောက်

မဲခေါင် 1 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁ စစ်ကောင်စီရဲ့ ရှမ်ပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံဒေသတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ဟာ မိုင်းဆတ်နဲ့မိုင်းတုံမှာရှိတဲ့ “ဝ”တောင်ပိုင်းစစ်ဒေသ ၁၇၁ ကို မနေ့ ဇန်နဝါရီ ၃၁ရက်က လာရောက်ခဲ့ကြောင်း နယ်မြေသတင်းအရင်းအမြစ်အရ သိရပါတယ်။ စစ်တိုင်းမှူး လာရောက်တာဟာ ဒေသခံပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်စန်းရဲ့ လားဟူနှစ်သစ်ကူးဖိတ်ခေါ်မှုကြောင့်လို့ သိရပြီး မြန်မာ-ထိုင်းနယ်စပ်က “ဝ” စစ်စခန်း ကိစ္စတွေလည်း ပါနိုင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “အရင်က အဲလို ဖိတ်လို့ လာတာမရှိဘူး။ ထိုင်းဘက်ကလည်း ထိုင်းနဲ့ “ဝ” စစ်ရေးတင်းမာနေလို့ ထိုင်းလေတပ်က တိုက်လေယာဥ်တွေ အဆင်သင့်ပြင်ထားတယ်သတင်းတွေ တက်လာနေတော့ အရင်တစ်ခါလာတုန်းကလို အကြောင်းပြလာတာဖြစ်နိုင်တယ်”လို့ သူကဆိုပါတယ်။ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ တြိဂံဒေသတိုင်းမှူးလာရောက်တာဟာ ပုံမှန်လာရောက်မှုသာဖြစ်ပြီး အဲဒီနယ်မှာ

မဲခေါင်၊ ဖေဖော်ဝါရီ ၁

စစ်ကောင်စီရဲ့ ရှမ်ပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံဒေသတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ဟာ မိုင်းဆတ်နဲ့မိုင်းတုံမှာရှိတဲ့ “ဝ”တောင်ပိုင်းစစ်ဒေသ ၁၇၁ ကို မနေ့ ဇန်နဝါရီ ၃၁ရက်က လာရောက်ခဲ့ကြောင်း နယ်မြေသတင်းအရင်းအမြစ်အရ သိရပါတယ်။

စစ်တိုင်းမှူး လာရောက်တာဟာ ဒေသခံပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်စန်းရဲ့ လားဟူနှစ်သစ်ကူးဖိတ်ခေါ်မှုကြောင့်လို့ သိရပြီး မြန်မာ-ထိုင်းနယ်စပ်က “ဝ” စစ်စခန်း ကိစ္စတွေလည်း ပါနိုင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“အရင်က အဲလို ဖိတ်လို့ လာတာမရှိဘူး။ ထိုင်းဘက်ကလည်း ထိုင်းနဲ့ “ဝ” စစ်ရေးတင်းမာနေလို့ ထိုင်းလေတပ်က တိုက်လေယာဥ်တွေ အဆင်သင့်ပြင်ထားတယ်သတင်းတွေ တက်လာနေတော့ အရင်တစ်ခါလာတုန်းကလို အကြောင်းပြလာတာဖြစ်နိုင်တယ်”လို့ သူကဆိုပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ တြိဂံဒေသတိုင်းမှူးလာရောက်တာဟာ ပုံမှန်လာရောက်မှုသာဖြစ်ပြီး အဲဒီနယ်မှာ ရှိတဲ့ တပ်တွေကို လာရောက်စစ်ဆေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းမီဒီယာတွေမှာတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထိုင်းထဲကို မူးယစ်ဆေးသွင်းနေတဲ့ကိစ္စအပါအဝင် ထိုင်းပိုင်နက်ထဲဝင်နေတဲ့နယ်စပ်စစ်စခန်းတွေကိစ္စနဲ့ UWSA “ဝ” တပ်တွေကို ကိုင်တွယ်မယ့် အစီအစဉ်ထဲမှာလေတပ်ကနေ လုပ်ငန်းစဉ်အသေးစိပ် (ဗျူဟာ) တင်ပြဖို့ ဇန်နဝါရီ ၂၅ ရက်နေ့က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာက နယ်စပ်အငြင်းပွားမှုမှာ ထိုင်းနဲ့ “ဝ”တပ်ဖွဲ့တို့အကြား ဖြစ်တဲ့ကိစ္စက သီးခြားစီဖြစ်ပြီး မြန်မာနဲ့ ထိုင်းကြားမှာ ဖွဲ့ထားတဲ့ နယ်ခြားကော်မတီ အဆင့်ဆင့်ရှိကာ နယ်စပ်ဖြတ်ကျော်ကိစ္စတွေကို လစဥ်ဆွေးနွေးတာတွေရှိလို့ ဒီကိစ္စကို နယ်စပ်ဒေသနယ်ခြားကော်မတီ ပုံမှန်အစည်း အဝေးတွေကပဲ လုပ်ဆောင်သွားမှာ ” လို့ မြန်မာသတင်းမီဒီယာတွေမှာ ပြောဆိုထားပါတယ်။

မဲခေါင်အနေနဲ့ စစ်တိုင်မှူးလာရောက်တဲ့အပေါ် “ဝ” တောင်ပိုင်း ဆက်ဆံရေးမှူး ဦးအိုက်ပလိပ်ကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

စစ်တိုင်းမှူးဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ရက်ကလည်း “ဝ” ဌာနချုပ် ဟွေအောကို လာရောက်ခဲ့ပြီး ရက်ပေါင်း ၅၀ အကြာမှာ နောက်တစ်ကြိမ်လာရောက်တာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ​မိုင်းတုံမြို့၊ ကွက်သစ်ရပ်က လားဟူပြည်သူ့စစ် ဦးအိုက်စန်းအိမ်မှာ ညအိပ်ခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် မှာ ကျိုင်းတုံကို ယာဥ်တန်းနဲ့ ပြန်သွားတယ်လို့ သိရပါတယ်။

MK – 012
#MeKongNews
#တြိဂံဒေသတိုင်း
#ဗိုလ်မှူးချုပ်စိုးလှိုင်
#၁၇၁စစ်ဒေသ
#လားဟူနှစ်သစ်ကူး
ပုံအညွှန်း – တာချီလိတ်မှာ ကျင်းပတဲ့ လားဟူရိုးရာနှစ်သစ်ကူးပွဲ တက်ရောက်တဲ့ ဗိုလ်မှူးချုပ်စိုးလှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now