နေ့စဥ်သတင်း

ကရင်နီပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကျူးလွန်တဲ့ အမှုတွေထဲမှာ လူ့အခွင့်အရေးချိုးဖေါက်မှုက အများဆုံးဖြစ်၊ ကိုယ်ဝန်ဆောင်မိခင်ပါမချန် သတ်ဖြတ်ခဲ့

မဲခေါင် 31 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၃၁ ကရင်နီပြည် နေရာအနှံ့အပြားမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီ ကျူးလွန်တဲ့ အမှုတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကအများဆုံးအဖြစ် ၁၀၈ မှုကျူးလွန်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ IEC က ဒီနေ(ဇန်နဝါရီလ ၃၁ ) ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၅ ခု၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၄၆ ခု၊ ဒရုန်း နဲ့ ဗုံးသီးချတိုက်ခိုက်မှု ၁၁ ခု၊ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးရမှု ၂၆ ခု၊ လူအခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၈ ခုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တာပါ။ “လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူမရှူဘူး၊ ချိုးဖောက်မှုတွေကို

မဲခေါင်၊ ဇန်နဝါရီ ၃၁

ကရင်နီပြည် နေရာအနှံ့အပြားမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီ ကျူးလွန်တဲ့ အမှုတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကအများဆုံးအဖြစ် ၁၀၈ မှုကျူးလွန်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ IEC က ဒီနေ(ဇန်နဝါရီလ ၃၁ ) ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၅ ခု၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၄၆ ခု၊ ဒရုန်း နဲ့ ဗုံးသီးချတိုက်ခိုက်မှု ၁၁ ခု၊ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးရမှု ၂၆ ခု၊ လူအခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၈ ခုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တာပါ။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူမရှူဘူး၊ ချိုးဖောက်မှုတွေကို တာဝန်ခံရမယ်၊ စစ်ကောင်စီကို မေ့ပျောက်မှာမဟုတ်ဘူး၊ အပြစ်ပေးအရေးယူမှုတွေကိုလည်း ပြည်နယ် အတိုင်းအတာအဆင့်ဖြစ်စေ၊ ပြည်ထောင်စုအဆင့်ဖြစ်စေ၊ နိုင်ငံတကာ အဆင့်ဖြစ်စေ ဆက်တိုက်သွားနေတယ်ဆိုတာကိုလည်း သိစေလိုပါတယ် “လို့ IEC အတွင်းရေးမှူး (၂) ဦးဗညားကပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းဗုံးသီးချတိုက်ခိုက်တာကြောင့် တစ်နှစ်အတွင်း အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၄၈ ဦး၊ အသက်မပြည့်သေးတဲ့ကလေးငယ် ကျား ၁၈ ဦး၊ မ ၂၁ ဦး၊ အမည်မသိ ၃ ဦး၊ စုစုပေါင်း ၁၀၆ ဦးသေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ ၄၅၀ ထိရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ဒေါဆီးအီနဲ့ လွိုင်နန်းဖက စာသင်ကျောင်းကို ဗုံးကြဲလို့ ကျောင်းသား လေး ဦးသေဆုံးပြီး ဆရာ၊ဆရာမ နဲ့ ကျောင်းသား ၂၈ ဦး ဒဏ်ရာရကာ စာသင်ဆောင်၊ ဆရာ၊ ဆရာမ နေအိမ်၊ ဘုရားကျောင်းနဲ့ ဒေသခံနေအိမ်တို့ပျက်စီးခဲ့ရတဲ့အပြင် စက်တင်ဘာလမှာ ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံးကြဲလို့ အသက်၁၈ နှစ်အောက်ကလေး ခြောက်ဦး အပါအဝင် ကိုးဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ရှားတော ဆိုမို၊ ဖေစိုးလေးကျေးရွာက ပြည်သူ ခုနှစ်ဦးကို လမ်းပြအနေနဲ့ခေါ်ဆောင်သွားခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးပါမချန် သတ်ဖြတ်တာတွေကိုလည်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြစ်မှုကျူးလွန်တာတွေကို ရပ်တန့်စေဖို့အတွက် စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချတာ ရပ်တန့်ဖို့၊ ပြည်သူပိုင် အိုးအိမ်နဲ့ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ရပ်တန့်စေဖို့၊ စစ်ကောင်စီအတွက် နည်းပညာနဲ့ လက်နက်ခဲယမ်းထောက်ပံ့တာ ရပ်တန့်ဖို့၊ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို နိုင်ငံတကာအစည်းအဝေးတွေမှာ ဖိတ်ကြားမှုမပြုဖို့၊ စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံတကာကို တောင်းဆိုတယ်လို့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ ကျားဖြန့်ငွေလိမ်လည်မှုတွေကို တားဆီးတိုက်ဖျက်ဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ၊ ပြန်လည်ထူထောင်ရေးအစီအမံတွေမှာ ပိုမိုအားကောင်းလာစေဖို့ ကူညီပေးဖို့ကိုလည်း နိုင်ငံတကာကို အကြံပြုထားပါတယ်။

CJ-004
#MeKongNews
#IEC
#၂၀၂၄ခုနှစ်
#စစ်ကောင်စီကျူးလွန်
#လူ့အခွင့်အရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now