နေ့စဥ်သတင်း

လေကြောင်းရန် ကာကွယ်ဖို့ ကျောက်မဲမြို့အတွင်း ဖုန်းနဲ့ အင်တာနက်အသုံးပြုခွင့်ကို TNLA ယာယီပိတ်ပင်

မဲခေါင် 28 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၈ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု ကာကွယ်တဲ့အနေနဲ့ TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အတွင်း ဖုန်း၊ အင်တာနက် အသုံးပြုမှုကို ကျောက်မဲမြို့အုပ်ချုပ်ရေးအဖွဲ့က ယာယီကန့်သတ်ပိတ်ပင်လိုက်ပါတယ်။ ကျောက်မဲခရိုင်အတွင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလုံခြုံရေးအတွက် အင်တာနက်ဆက်သွယ်ရေး Star Link နဲ့ CDMA ဖုန်း အသုံးပြုခွင့်ကို ယာယီကန့်သတ်ပိတ်ပင်တာဖြစ်ပြီး ထူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်တစ်စုံတစ်ခု မရှိမချင်း စည်းကမ်းချက်တွေကို လိုက်နာကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ (ဇန်နဝါရီ ၂၈)က ထုတ်ပြန်ပါတယ်။ “အခုလက်ရှိက အဆက်အသွယ်ပျက်တောက်တော့ ဆက်သွယ်လို့မရတဲ့အခြေအနေပေါ့၊ မြို့မှာကျန်ခဲ့တဲ့ မိသားစုကိုတောင် အခုဆက်သွယ်မရဖြစ်နေတယ်၊ ဖုန်းလိုင်း ဝိုင်ဖိုင်လိုင်းတွေက ပိတ်လိုက်ပြီ”လို့ ဒေသခံအမျိုးသားတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု ကာကွယ်တဲ့အနေနဲ့ TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အတွင်း ဖုန်း၊ အင်တာနက် အသုံးပြုမှုကို ကျောက်မဲမြို့အုပ်ချုပ်ရေးအဖွဲ့က ယာယီကန့်သတ်ပိတ်ပင်လိုက်ပါတယ်။

ကျောက်မဲခရိုင်အတွင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလုံခြုံရေးအတွက် အင်တာနက်ဆက်သွယ်ရေး Star Link နဲ့ CDMA ဖုန်း အသုံးပြုခွင့်ကို ယာယီကန့်သတ်ပိတ်ပင်တာဖြစ်ပြီး ထူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်တစ်စုံတစ်ခု မရှိမချင်း စည်းကမ်းချက်တွေကို လိုက်နာကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ (ဇန်နဝါရီ ၂၈)က ထုတ်ပြန်ပါတယ်။

“အခုလက်ရှိက အဆက်အသွယ်ပျက်တောက်တော့ ဆက်သွယ်လို့မရတဲ့အခြေအနေပေါ့၊ မြို့မှာကျန်ခဲ့တဲ့ မိသားစုကိုတောင် အခုဆက်သွယ်မရဖြစ်နေတယ်၊ ဖုန်းလိုင်း ဝိုင်ဖိုင်လိုင်းတွေက ပိတ်လိုက်ပြီ”လို့ ဒေသခံအမျိုးသားတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

ပြည်သူ့လုံခြုံရေးအတွက် ချမှတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်မှုမရှိရင် ထိထိရောက်ရောက်အရေးယူ သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ကျောက်မဲမြို့က လမ်းပေါ်မှာ လူတောင်မရှိတော့ဘူးလို့ ကြားရတယ်၊ ပြည်သူတွေပဲ နစ်နာတယ်၊ မြို့မှာကျန်ခဲ့တဲ့ မိဘတွေကို ဘယ်လိုဆက်သွယ်ရမလဲ” လို့ အဝေးရောက် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မနေ့က (ဇန်နဝါရီ ၂၇) နေ့လယ် ၂ နာရီကျော်က ကျောက်မဲမြို့၊ ခရိုင် အုပ်ချုပ်ရေးမှူးရုံးနဲ့ ညဈေးတန်းနေရာတွေကို စစ်ကောင်စီတပ်က ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့မှုမှာ အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၅ ရက်ကလည်း ကျောက်မဲမြို့ဆေးရုံကို ဗုံးကြဲခဲ့တာကြောင့် CDM သူနာပြုဆရာမ နှစ်ဦးနဲ့ ဆေးကုသနေသူ တစ်ဦး သေဆုံးခဲ့ပြီး လူနှစ်ဆယ်ကျော်ဒဏ်ရာရခဲ့သလို လက်ရှိမှာ စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့တွေကို နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်(MNDAA) တို့ ဇန်နဝါရီလ ၁၈ ရက်မှာ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း TNLA ထိန်းချုပ်ထားရာဒေသတွေကို စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

CJ-017
#MeKongNews
#ကျောက်မဲမြို့
#ဖုန်းအင်တာနက်
#အသုံးပြုခွင့်ပိတ်
#အုပ်ချုပ်ရေးအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now